Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း သတင်းများ

 ဇန်နဝါရီ ၂၁ ရက်

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီ ရိက္ခာများ၊ စစ်အင်အားများ ပို့ရာတွင် ရဟတ်ယာဥ်နှင့်စစ်သုံးရေယာဥ်များကိုသာ အဓိက အသုံးပြုလာနေရသည်ကို တွေ့ရသည်။

ယခင်က စစ်ကောင်စီတပ် (မြန်မာစစ်တပ်) သည် ရိက္ခာများနှင့် တိုက်ခိုက်ရေးအင်အားများကို သယ်ယူပို့ဆောင်ရာတွင် စစ်တပ်သုံးကားများဖြင့်သာ လုပ်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား မြို့ပြ တိုက်ပွဲ အသွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ ရဟတ်ယာဥ်များနှင့် စစ်သင်္ဘောများကို အသုံးပြုလာနေကြရသည်ကို တွေ့ရသည်။

ဘူးသီးတောင်မြို့နယ်၊ ကျောင်းတွင်း အုပ်စု ဂန္ဓရူးကျေးရွာမှ ခမီတိုင်းရင်းသားကလေးတစ်ဦးဖြစ်သည့် အဖ ကိုလှမောင် နှင့် အမိ မစန္ဒာ တို့၏သား မောင်ထက်မြတ်အောင် မှာ မွေးရာပါ စအိုပေါက်မပါသည့်အတွက်ကြောင့် ခွဲစိတ်ကုသရန် ငွေးကြေး သိန်း၆၀ ကျော်လိုအပ်နေပြီး ဆေးကုသရန် ငွေကြေးမရှိသည့်အတွက် လက်ရှိတွင် ရန်ကုန်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် တည်းခိုနေရကြောင်း သိရသည်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ငပလီလေဆိပ်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ ၂၀ နေ့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် နစက အစိုးရအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်သို့ ရောက်ရှိခဲ့စဥ် ပြောခဲ့သည်။

 ဇန်နဝါရီ ၂၀ ရက်

မြေပုံမြို့နယ်တွင် ရဲဝန်ထမ်း ဇနီးများအား အခြေခံစစ်သင်တန်းကို ဇန်နဝါရီ ၉ ရက်နေ့မှစကာ ၂၀ ရက်နေ့အထိ အခြေခံ သေနတ်ပစ်ခတ်သင်တန်းနှင့် အခြေခံ စစ်ရေးပြသင်တန်းများအပြင် လက်နက်ငယ်ပစ်သင်တန်းတို့ကို သင်တန်းတို့ကိုပို့ချလျက်ရှိပြီး ထူးချေရွာအုပ်စု နှင့် ကိုင်းတောချေ ‌တောင်တန်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်အာရှလမ်းမတွင် ဇန်နဝါရီ ၁၉ ရက်နေ့က ကား ၅စီး ထက်မနည်း ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မှန်လုံကား၊ အိမ်စီးကားနှင့် ကုန်ကားတစ်စီးတို့မှာ ပျက်စီးကြေမွသွားခဲ့ပြီး အိမ်စီးကားတစ်စီးမှာ အဆိုးဆုံးပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သားများက အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ဦးကျော်အား PDF ကို ‌‌ထောက်ပံသည် ဟု စွပ်စွဲကာ ဖမ်းဆီးပြီး အချို့ကို စစ်ကြောရေးတွင် မုဒိန်းကျင့် မှုများကျူးလွန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို ရခိုင်အမျိုးသားပါတီ ANP က ဝင်ပြိုင်မည်ဟု ပါတီဦးဆောင်ကော်မတီဝင် ဦးဘရှိန်ပြောသည်မှာ ပါတီ၏ သဘောထားမဟုတ်ကြောင်း ANP ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောသည်။ ဦးဘရှိန်သည် ဇန်နဝါရီ ၁၉ ရက်နေ့က Voice of Myanmar နှင့် အင်တာဗျူးတွင် ANP ပါတီသည် ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းထားသော ပါတီဖြစ်သည့်အတွက် ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်းပြောြကားခဲ့သည်။

ကျောက်တော်မှ ပြီးခဲ့သည် အောင်တိုဘာ ၂ ရက်နေ့ က မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နှင့်စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တရားစွဲခံထားရသည့် ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း အမှုကို ထပ်ပြီးရုံးချိန်းခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလို ထပ်မံပျက်ကွက်သည့်အတွက်ကြောင့် အမှုကို စစ်ဆေးခြင်းမပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

 ဇန်နဝါရီ ၁၉ ရက်

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စီဒါ အာဒရန်သည် သတင်းစာရှင်းလင်းပွဲတွင် အာဒန်ရန်က သူမ၏ ဝန်ကြီးချုပ် သက်တမ်းမှာ ဖေဖော်ရီဝါရီလတွင် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည် မဟုတ်တော့ကြောင်းနှင့် ခေါင်းဆောင်သစ်အတွက် ကိုယ်စားဆောက်ရွက်ပေးနေဦးမည်ဖြစ်ကြောင်း ကြသပတေးနေ့က ကြေညာသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ ၊ ဖာရ်ထောရပ်ကွက်ရှိ အ.ထ.က ကျောင်း အဆင်းလမ်းမတွင် ညနေ ၃ နာရီ ၃၀ ခန့်မှာ စစ်ကောင်စီတပ်သားများနှင့် ချင်းအမျိုးသားတပ်ဦး(CAN) တို့အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ကလေးငယ် ၁ ဦး ဒဏ်ရာရရှိသွားခဲ့ကာ ပြည်သူ ၃၀ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောင်တိုဘာလက စေတီတောင်ရပ်ကွက်မှ ဖမ်းဆီးခံခဲ့ရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် အပါအဝင် အနည်းဆုံး ၅ယောက်နှင့် အများဆုံး ၁၀ ဦးခန့်ရုံးထုတ်စစ်ဆေးလျက်ရှိပြီး ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာလမှစကာ ယခု ၂၀၂၃ခုနှစ် ဇန်နဝါရီလအထိ ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၆ ဦး၊ ရဲဝန်ထမ်း ၃ ဦး၊ မြေစာရင်းဝန်ထမ်း ၄ ဦး၊ လဝက အရာရှိ ၁ ဦး ၊ ရှေ့နေ ၁ ဦး ၊ ကျန်းမာရေး ဝန်ထမ်း ၄ ဦး နှင့် အရပ်သားများအပါအဝင် စုစုပေါင်း ၈၃ ဦးထိ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် မိုးတာလေးရွာ၌ အလှူပွဲလုပ်နေစဥ် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးထက်မနည်း သေဆုံးသွားခဲ့သည် ဟု သိရသည်။

ဇန်နဝါရီ ၁၈ ရက် နေ့လည် ၁၂ နာရီချိန်ခန့်က ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA နှင့် RSO တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒုက္ခသည် စခန်း လူပေါင်း ၅၀၀၀ နီးပါးခန့်ခိုလှုံသည့် စခန်းကို မီးရှို့ခံလိုက်ရသည့်အတွက်ကြောင့် ၄င်းစခန်းမှ နေအိမ် ၅၀၀ မီးထဲ ပါသွားပြီး သက်ကြီးပိုင်းများနှင့်ကလေးငယ်အပါအဝင် ၁၀ ဦးသေဆုံးသွားကြောင့် သိရသည်။

မြန်မာစစ်တပ် စစ်ဦးစီချုပ်( အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ် စစ်ဦးစီးချုပ်တို့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေအစောပိုင်းတွင် ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

 ဇန်နဝါရီ ၁၈ ရက်

ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်မှ ဇန်နဝါရီ ၂၀ နေ့တွင် တော်လှန်းရေးဆေးလောကသားများ၏ အခန်းကဏ္ဍများ အရေးပါလာသည့်အတွက် ဒေါက်တာညိုထွန်းအောင်၏ ၁၄ နှစ်ကျော်ကြာ တော်လှန်‌ရေးနှင့်ဆေးလောကသားများအရေးပါပုံအကြောင်းကို ‌ဒေါက်တာကိုယ်တိုင် မျှဝေပြောကြား ဆေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို Medical Family Mandalay ( MFM နှင့် Yangon Medical Nework (YMN) ပူးပေါင်း ဦးဆောင်ကာ စီစဥ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးမြို့နယ် နားဒင်(ခမီ) ရွာတွင် ညနေ ၃ နာရီကျော်အချိန်မှာ မြောက်ဦး ခမရ ၃၇၈ တပ်ရင်းအနီးတောင်တန်းတွင် မိုင်းပေါက်ကွဲမှုကြောင့် အဖ ဦးဗဒူးအောင်နှင့် အမိဒေါ်မဦး တို့၏သား အသက်၂၄ နှစ် ကိုကျော်ဆန်းမှာ ခြေထောက်နှစ်ဖက်လုံးတွင်ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ၏ ကိယက်ဗ်မြို့ ဆင်ခြေဖုံးတွင် ရဟတ်ယာဥ်ပျက်ကျမှုကြောင့် ပြည်ထဲရေးဝန်ကြီးနှင့် ကလေး၂ ဦး အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦး သေဆုံးသွားခဲ့ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောသည်။

ကမ္ဘာ့အသက်အကြီးဆုံးဟု သတ်မှတ်ခံထားရသည့် ပြင်သစ်သီလရှင် Lucile သည် Toulonရှိ သီလရှင်ကျောင်းတွင် အိပ်ပျော်နေစဥ် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အသက် ၁၁၈ နှစ်တွင် သေဆုံးသွားကြောင်း ပြောရေးဆိုခွင့်ရှိသူ David Tavell မှ ပြောြကားခဲ့သည်။

တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှ ဇန်နဝါရီ ၁၅ ရက်နေ့ ရွာဟေ့လူရွာနှင့် နမ်မတွန်ရွာကြား ရှမ်းကိုးရွာကားလမ်းနံဘေးတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသား ၈ လောင်းအား စွန့်ပစ်ခံထားရသည်ကို တွေရှိခဲ့ကြောင့် သိရသည်။

စစ်တွေမြို့နယ် အောင်တိုင်ရွာအုပ်စု ပလ္လင်ပြင်ရွာသစ်တွင် ဇန်နဝါရီ ၁၇ ရက်နေ့က မိသားစု အမွေကိစ္စဖြင့် စကားများရန်ဖြစ်ရာမှာ ဓားဖြင့်လှီးသတ်ဖြတ်ခဲ့သည်တွက်ကြောင့် အသက် ၆၅ နှစ်အရွယ် ဦး ဘော်ဒီရာမန်၊ အသက် ၅၅ နှစ်အရွယ် ဖောတေဟခါမောက်၊ အသက် ၃၅ နှစ်အရွယ် ဘော်စီရာမောက် နှင့် ၄၇ နှစ်အရွယ် အာလီမာခါတို့မှာ တပြိုင်နက် သေဆုံးသွားပြီး ၄င်းအပြင့် နံနက် ၁၀ နာရီခန့်က စစ်တွေမြို့နယ် ချောင်းနွယ် မင်းဂံချောင်းတွင်လည်း အမည်မသိ ဘုန်းကြီးရုပ် အလောင်း ၁ ‌လောင်း တွေ့ရှိကြောင်း သိရသည်။

 ဇန်နဝါရီ ၁၇ရက်

ကရင်ပြည်နယ် ကော့ကရိန်မြို့နယ် ကော့ဗိန်းနယ်မြေရှိ ရဲစခန်းတစ်ုကို ဇန်နဝါရီ ၁၆ ရက် နေ့လည် ပိုင်းက KNLA နှင့် မဟာမိတ်တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကာ စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ၄င်းအပြင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဖက်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ခရီးသွားယာဥ်များ သွားလာခြင်းကို ဇန်နဝါရီ ၁၆ ရက်ကနေ ၂၃ ရက်အထိ တားမြစ်ထားကြောင့် သိရသည်။

လန်ဒန်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးဖြစ်သည့် အသက် ၄၈ နှစ်အရွယ် ဒေးဗစ်ကာရစ်သည် အာဏာအလွဲသုံးစားလုပ်၍ ၂၀၀၃ ခုမှ ၂၀၂၀ ခုနှစ်အတွင်း အမျိုးသမီးများကို မုဒိမ်းမှု ၂၄ ကြိမ်တိုင်ဆက်တိုင်း ပြုလုပ်ခဲ့ကြောင့် ပြီးခဲ့သည့် တနင်္လာနေ့တွင် တောင်းပန်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲများ အပစ်ရပ်ထား‌သည်မှာ ၂ လနီးပါး ကြာမြင့်လာသည့်တွက်ကြောင့် စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်သွားနိုင်ကြသော်လည်း ဘူးသီးတောင်မြို့နယ် စံဂုံးတောင် အုပ်စုမှ ကျေးရွာများ နွားရုံတောင်ရွာ၊ သျှစ်သျှားရွာ၊ တောင်ရွာတို့ဖြစ်ကြသည့် စစ်ဘေးရှောင်များမှာ စစ်ကောင်စီတပ်က ရွာအနီးနား၌ တပ်စွဲ့ထားသည့်တွက်ကြောင့် ကြောက်၍ နေရပ်မပြန်ရဲပဲဖြစ်နေကြောင့်သိရသည်။

ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန် မြို့နယ်မှ ချင်းအမျိုးသား ( CNF) ၏ ဗဟိုဌာနချုပ်ကို စစ်ကောင်စီမှ နှစ်ရက်ဆက်တိုင်း လေကြောင်တိုက်ခိုက်မှုကြောင့် NUG မှ အိမ်နီးချင်းနိုင်ငံများကို အကြမ်းဖက်စစ်ကောင်စီအုပ်စု၏ အကြမ်းဖက်မှုအတွက် ၄င်းကောင်းတို့၏ လေပိုင်နက်ကို ဒေသလုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်ဘေးကင်းလုံခြုံရေးများကို ရှေးရှုပြီး အသုံးပြုခွင့်မပေးဖို အမျိုးသား ညီညွတ်ရေး အစိုးရက ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

ထိုင်းတွင် Muang ခရိုင်၌ နံနက် ၉ နာရီ ၁၇ မိနစ်မှာ မဲခေါင်မြို့ပေါ်ရှိ သင်္ဘောကျင်းတစ်ခုတွင် ၆၅၀၀ တန်ချိန် သယ်ဆောင်နိုင်သည့် ရေနံတင်သင်္ဘောတစ်စီး( Smooth Sea ) မီးလောင်ပေါက်ကွဲကာ လုပ်သား ၈ ဦးပျောက်ဆုံးက နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

နှစ် ၃၀ ကြာ တိမ်းရှောင်နေခဲ့သည့် အီတလီနိုင်ငံမှ အလိုရှိဆုံးဖြစ်သော မာဖီးယားဂိုဏ်းခေါင်းဆောင် Matteo Messina Denaro ကို Palermo မြို့ပေါ်က ပုဂ္ဂလိက ဆေးခန်တစ်ခုတွင် အီတလီရဲတွေက ဝင်ရောက်ဖမ်းဆီးလိုက်ပြီး ထို့အပြင် အသက် ၆၀ ရှိသည့် Matteo Messina Denaro ၁၉၉၂ ခုနှစ် ကသေဆုံးမှု အပါအဝင် ဒါဇင်နဲ့ချီသည့် လူသတ်မှုများအတွက် Matteo Messina Denaro ကို မျက်ကွယ် တရားစီရင်ခဲ့ပြီး ထောင်ဒဏ်တသက် ပြစ်ဒဏ်ကျခံစေခဲ့ကြောင်း သိရသည်။

 ဇန်နဝါရီလ ၁၆ ရက်

ကရင်နီ လွိုင်လေးမြို့တွင် ဇန်နဝါရီ ၁၅ ရက် နေ့လည် ၃ နာရီ ခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိပဲ ဦးကျော်ဝင်းတို့ နေအိမ်ခြံ ကို စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကျရောက်ပေါက်ကွဲကာ မိသားစု ၃ ဦး ဒဏ်ရာရရှိသွားပြီး ထို့အပြင် လွိုင်ကော်မြို့တွင် စစ်ကောင်စီကကျင်းပသည့် ၇၁ နှစ်မြောက် ကရင်နီ (ကယား) ပြည်နယ်နေ့ အခမ်းအနားကို လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများ၊တိုက်လေယာဥ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခဲ့ ကြောင်းသိရသည်။

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဂုံးချိန်ရွာမှ ၇ ရက်ကြာ ပျောက်ဆုံးသွားသည့် စိတ်ဝေဒနာရှင် ခံစားနေရသော မိခင်နှင့်အတူ ကလေး ၂ ဦးအား ဇန်နဝါရီ ၁၃ရက်နေ့ ညနေခန့်တွင် ဂုံးချိန်ရွာသို့ ရွာကားဖြင့် လိုက်ပါလာခဲ့ပြီး ပြန်လည် ‌ရောက်ရှိလာကြောင်း သိရသည်။

တစ်ပတ်အတွင်း သတင်းများ

ထင်မြင်ယူဆချက်‌‌ပေးရန်