Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း သတင်းစုစည်းမှု

ဒီဇင်ဘာ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ကောလင်းမြို့နယ်မှ ရွာ ၆ ရွာ၊ ဒီပဲယင်းမြို့နယ်မှ ရွာ၂ ရွာကို မီးရှို့ ဖျက်ဆီးလိုက်သည်။ ထို့ကြောင့် ဒီပဲယင်းမြို့နယ်မှ လူဦးရေ ၄၀၀ လောက်ခန့်နှင့် ကောလင်းမြိုမှ ၂၃၀၀ကျော် တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်နေရသည်။

မီးရှို့ခံခဲ့ရသည့် ရွာများမှာ ကောလင်းမြို့နယ်မှ ဇီးဖြူကုန်း၊ လျှော်ဖြူကုန်းကျေးရွာများဖြစ်ပြီး ဇီးကုန်းဖြူရွာမှ ၄၅အိမ် ၊ လျှော်ဖြူကုန်း ရွာမှ ၂၄ အိမ်တို့ဖြစ်ပြီး ဒီပဲယင်းမြို့နယ်မှ ၆ ရွာမှာ မူးကတွင်း၊ လက်ယာကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှကျေးရွားများကို ရွာလုံးကျွတ် မီးရှို့ကာ မဲအိုးရွာမှ စပါးတင်း ၁၀၀၊ လက်ယာကုန်းရွာမှ လယ်ထွန်စက်၊ ထော်လာဂျီများကို မီးရှို့ဖျက်ဆီးခဲ့သည်။

@ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ နန်းချောင်းကျေးရွာတွင် စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့သောကြောင့် ခရစ်ယာန် ဘုရားကြောင်း ၁ ကျောင်းအပါအဝင် လူနေအိမ် ၁၉ အိမ် မီးလောင်ပြာကျခဲ့ရပြီး ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရသည်။

@ ဒီဇင်ဘာ ၁၄

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ ကျင်းပရန် ကျောက်ဖြူမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁၃ ဦးအား ထွေအုပ်ရုံးသို့ ခေါ်ယူပြီး စစ်ကောင်စီတပ်က ဖိအားပေး စေခိုင်းခဲ့သည်။

စစ်ကောင်စီတပ်မှ စစ်တွေမြို၊ မင်းပြားမြို၊ မြောက်ဦးမြို၊ ဘူးသီးတော၊မောင်တော တိုအပြင် ကျောက်တော်မြိုနယ်တိုဖက်သို တပ်စခန်းများသို စားနပ်ရိက္ခာ၊လက်နက်၊ စစ်သားအင်းများ တပ်နေပိုင်နေဗီ၊ ဇက်၊စစ်တပ်ပိုင် ကားများဖြင့် စစ်အင်းအားတိုချဲ့မူးများသည် နေတိုင်းလုံးနီးပါး ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ရခိုင်တွင် အပစ်အခတ် ရပ်စဲထားပြီးကတည်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များဖက်သို့ စစ်တပ်ပိုင် နေဗီ၊ ကား၊ ဇက်ရေယာဥ်များကို အသုံးပြု၍ စစ်အင်အား၊ တိုက်ခိုက်ရေးအင်အား၊ ရိက္ခာများ တိုးချဲ့မှုများ နေ့တိုင်းပြုလုပ်လျက်ရှိနေသည်။

မင်းပြားမြို့နယ် ဒု-ပညာရေးမှူး ဦးတင်မျိုးဇော်ကို ရက္ခိုင့်တပ်တော်အား ထောက်ပံ့ရန် ကျောင်းဆရာ/မများထံမှ လစဥ်ငွေ ၅ ထောင်ကျပ်စီကောက်ခံခဲ့ကြောင်း စွပ်စွဲပြီး မတရားအသင်းအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် တရားစွဲထားပြီး ဒီဇင်ဘာ ၁၆ ရက်နေ့က တရားရုံးတင်ကာ လိုပြသက်သေအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

@ ဒီဇင်ဘာ ၁၅ရက်

ရခိုင်ပြည်တွင် လယ်သမားများမှာ လယ်ယာစိုက်ပျိုးရေးအတွက် စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု နှင့် မြေသြဇာ စျေးနှုန်း အဆမတန် မြင့်တက်မှုတို့ကြောင့် စိုက်ပျိုးရေးစရိတ်များ မနှစ်ကထက်တိုးမြင့်လာပြီး စပါးပင်များမှာ မနှစ်ကလောက်မိုးရေ လုံလောက်စွာ မရရှိခြင်း နှင့် စီထရွန်မုန်တိုင်း ၀ငျရောကျမှုတို့ကွောငျ့ စပါးပင်များပျက်စီကာ စပါးအထွက်နှုန်းလျှော့ကျသဖြင့် စပါးစျေးပိုရနေသော်လည်း ယခင်နှစ်များလောက် အမြတ်မရရှိဘဲ အရှုံးနှင့်သာ ရင်ဆိုင်နေရကြောင်း တောင်သူများ၏ ပြောပြချက်အရသိရှိရသည်။

ရသေ့တောင်မြို့နယ် ဆေးအိုးကျကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည်က အသက် ၇၅နှစ် အရွယ် ဒေါ်ကြာဇံဦး၏ နားမှ ရွှေနားကပ်ကို ဓားမဖြင့်ဖြတ်ယူပြီး အဖွားအိုကိုလည်း ဓားမဖြင့် ခုတ်သတ်သွားခဲ့သည်ဟု သိရှိရသည်။ တရားခံအား ဖမ်းဆီးမရ မိသေးကြောင်း သိရသည်။

@ ဒီဇင်ဘာ ၁၆

ဒီဇင်ဘာ ၁၅ ရက် ည ၇နာရီကြောျ အချိန်လောက်တွင် ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ရွာမှ ဦးအောင်ဌေး အသက် ၄၇ နှစ်သည် သူ၏ ပထွေးဖြစ်သူ ဦးထွန်းအောင်ကျော် အသက် ၆၇ နှစ်အား ဓါးဖြင့်ထိုးသတ်ခဲ့ကာ ပထွေးဖြစ်သူမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ က အငူမော်-မောင်တောရေလမ်းအပါအဝင် အခြားသော ကုန်းလမ်း ရေလမ်းများကို ပိတ်ထားခဲ့သည့်အတွက် ရခိုင်-ဘင်္ဂလားဒေရှ့် နယ်စပ်ဂိတ်မှာပိတ်ထားရပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲပြီးနောက်တွင် လမ်းကြောင်းများ ပြန်လည်ဖွင့်ကာ ရခိုင်- ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေး ပြန်လည် ပုံမှန် လည်ပတ်လျက်ရှိသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်တွင် ရခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျ တံတား အောက်၌ အဝင် အထွက် ဘုတ် စပ်လှေ များကို စစ်ကောင်စီတပ်က စစ်ဆေးပြီး အဆိုပါ ဘုတ်ပိုင်ရှင်များ စက်လှေသမားများထံမှ အတင်းအဓမ္မ ငွေတောင်းယူကြောင်းသိရသည်။

@ ဒီဇင်ဘာ ၁၇

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲပြီးနောက် စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်တွင် ကား နေဗီ တို့ဖြင့် လူအင်အား လက်နက်အင်အား နှင့် ရိက္ခာများကို အဆက်မပြတ်ဖြည့်တင်းလျက်ရှိရာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်လည်း စစ်တွေ ရွှေမင်းဂံ ရေတပ်မှ ရိက္ခာ လက်နက် လူအင်အား အပြည့်ပါသည့် နေဗီ ၁ စီး ကျောက်တော်ဘက်သို့ တက်သွားကြောင်းသိရသည်။

ချင်းပြည်နယ် ပလက်ဝ- မတူပီနယ်စပ်ရှိ အကြမ်းဖက် စစ်ကောင်စီမှ ဂိတ်ထိုးထားသည့် ဘွေလီဂိတ်စခန်းအား ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့-ပလက်ဝအဖွဲ့ သည် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဖက်မှ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားကြောင်း CDF-Paletwa က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် ကုလအထွေထွေ ညီလာခံတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်အပ်ရန် တရုတ်နှင့် ရုရှားအပြင် အခြားသောနိုင်ငံများက ကန့်ကွက်မှုမရှိသည့်အတွက် တာဝန်ပေး ခန့်အပ်ရန် သဘောတူ အတည်ပြုခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်မှ ဗျူဟာမှူးတစ်ဦး ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦးနှင့် ရဲတပ်သား ၄ ဦးတို့ပူးပေါင်းကာ မြေပုံ အရှေ့ဘက် သင်္ဘောဆိပ်မှနေ၍ စစ်ဆေးမှုများပြုလုပ်နေသဖြင့် ပြည်သူများစိုးရိမ်နေကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၈

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို စစ်ကောင်စီတပ်က ယနေ့အချိန်ထိ မဖွင့်ပေးသေး။ ထိုလမ်းကို ၂၀၁၈ ခုနှစ်မှ စပြီး စစ်ကောင်စီတပ်က ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ကြားထဲတွင် ၂ ကြိမ် ၂ လတာ ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်ရှိ မူဆလင် ဒုက္ခသည်စခန်း ၅ ခုတွင် WFP၏ ငွေကြေးထောက်ပံမှုကို ဆန်အစားထိုးထောက်ပံ့ရန် စခန်းတာဝန်ခံများက တောင်းဆိုလိုက်သည်။ ထိုစခန်းများတွင်နေထိုင်သည့် ဒုက္ခသည်များအား တစ်ဦးလျှင် ၂၂၀၀၀ ကျပ်စီ လစဉ်ထောက်ပံ့ပေးနေသော်လည်း ထိုထောက်ပံ့စရိတ်မှာ လက်ရှိအချိန်တွင် ပေါက်တောမြိုနယ်၌ ဆန်စျေးမှာ စျေးမြင့်တက်နေသည့်အတွက်ကြောင့် ဆန်ဝယ်စားရန် ထောက်ပံငွေမှာ မလောက်ငှသည့်အတွက် ငွေကြေးထောက်ပံ့မည့်အစား တစ်ဦးကို တစ်ရက်လျင် ဆန်၂ ဗူးကျစီ ထောက်ပံ့ပေးစေလိုကြောင်း တောင်းဆိုထားသည်။

တစ်ပတ်အတွင်း သတင်းစုစည်းမှု

ထင်မြင်ယူဆချက်‌‌ပေးရန်