Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်းသတင်းအနှစ်ချုပ်

တစ်ပတ်အတွင်းသတင်းအနှစ်ချုပ်

ABN-မေအိအိအောင်

မတ်လ ၁၉ ရက်နေ့သတင်းများစုစည်းမှု

အီကွေဒေါ်နိုင်ငံတောင်ပိုင်းနဲ့ ပီရူးမြောက်ပိုင်းမှာ ပြင်းအား ၆ ဒဿမ ၈ အင်အားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ပီရူးမှာ လူ ၁၄ ဦးသေဆုံးခဲ့ကာ အီကွေဒေါမှာ လူပေါင်း ၁၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ရခိုပြည်၊ ဂွမြို့ကို အဓိကရေပေးဝေနေတဲ့ ကွင်းလျားရှည်ဆည် ရေလှောင်တမံ ရေခမ်းခြောက်လာတဲ့အတွက် ဆည်ကို ပြန်လည်တူဖော်ရန် မတ်လ ၁၈ ရက်နေ့က စတင်နေပါတယ်။

မတ်လ ၁၈ ရက်နေ့ မန္တလေးတိုင်း ၊ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့စဉ် ရွာထဲက အသက် ၂၂ အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၅၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့ သတင်းများစုစည်းမှု

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာမှာ ဘုရားသိမ်ဆောက်လုပ်ဖို့ စုထားတဲ့ သံ ၇ တန် နဲ့ စတားခွေ ၆ ခွေ ကို စစ်ကောင်စီ တပ်သားတွေ ခိုးယူသွားပြီး ရောင်းစားထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့က ကိုးသောင်းဘုရားပွဲကို မတ်လ ၁၈ ရက်နေ့ကစပြီး ပထမဆုံးအကြိမ်ကျင်းပနေပါတယ်။ ဘုရားပွဲကို မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၂၀ အထိ သုံးရက်တာကျင်းပသွားမှာဖြစ်ပါတယ်။ နေ့လယ်ပိုင်းမှာ ရခိုင်ရိုးရာ ကျင်ပွဲ နဲ့ ညပိုင်းမှာ ဇာတ်သဘင်ပွဲ ပါဝင်ပါတယ်။

ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့မှာရှိတဲ့ အာရှဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေ သစ်တောကြိုးဝိုင်းကနေ သစ်ခိုးထုတ်၊ ခုတ်လှဲမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေစုပေါင်းဖွဲ့စည်းထားတဲ့ သစ်တောထိန်းသိမ်းရေးအဖွဲ့တွေ တစ်ပတ်ကို နည်းဆုံး ၅ ကြိမ်ခန့် ကင်းလှည့် စောင့်ကြည့်နေရတယ် လို့သိရပါတယ်။

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေး လူသားလုံခြုံရေးဝန်ကြီး ဌာန MSDAS က လိင်ဖျော်ဖြေရေး အလုပ်သမားတွေ အကာအကွယ်ပေးမယ့် ဥပဒေမှုကြမ်းကို တရားဝင်ဖြစ်အောင် ရေးဆွေးနေတယ်လို့ Thammasat တက္ကသိုလ် ဥပဒေဌာနမှ Narong jaihan ကမတ်လ ၁၉ ရက်နေ့က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ အပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၁၃၂ ဦးကို မတ်လ ၁၈ရက်နေ့မှာ ထိုင်းနိုင်ငံ ရနောင်းမြို့ကနေပြီး ကော့သောင်းဘက်ကို စက်လှေတွေနဲ့ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၇ ရက်နေ့သတင်းများစုစည်းမှု

ယူကရိန်းက ကလေးငယ်တွေအပါအဝင် လူအများအပြားကို တရားမဝင် ဥပဒေမဲ့ရွေ့ပြောင်းခဲ့တဲ့ အပေါ် ရုရှားသမ္မတ ပူတင် ဗလာဒီမီယာအား သက်သေအထောက်အထားတွေခိုင်လုံတဲ့အတွက် ICC က ရုရှားသမ္မတကို မတ်လ ၁၇ ရက်နေ့က ဖမ်းဝရန်းထုတ်ခဲ့ပါတယ်။

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံ အကွက် ၁၅ က မုဒိန်းပြုကျင့်ခံခဲ့ရတယ်လို့ ယူဆရတဲ့ အသက် ၁၁ နှစ်အရွယ် ၃တန်းကျောင်းသူ မသန္တာဝင်းမှာ မတ်လ ၁၇ ရက်နေ့က ဆေးကုသခံယူနေစဉ်သေဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့ ဆေးရုံမှာ ကျောက်ကပ်ရောဂါကြောင့် နှစ်လကျော်ကြာ ဆေးကုသခံနေရတဲ့ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က အမျိုးသားဟာ မတ်လ ၁၇ ရက်နေ့က သေဆုံးသွားပါတယ်။

ကရင်နီ(ကယား) ပြည်နယ်၊ ဒီမော့ဆို စစ်ဘေးရှောင်စခန်းမှာ ရေအခက်အခဲရှိတဲ့အတွက် စခန်းတွင်းက ကလေးငယ်တွေ ယားနားတွေ ၊အရေပြားရောဂါတွေ ခံစားနေရတယ်လို့ သိရပါတယ်။

မတ်လ ၁၆ ရက်နေ့ သတင်းများစုစည်းမှု

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ ပြေလည်ငြိမ်းချမ်းစေရေးအတွက် တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံတယ်လို့ ပြည်ထောင်စုနိုင်ငံရေးညှိနိူင်းဆွေးနွေးရေးကော်မတီ (FPNCC) က ထုတ်ပြန်ထားပါတယ်။

တာပေါ်လင်စ အမိုးအကာများနဲ့ ဆောက်လုပ်ထားတဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဂဏန်းတောင်စစ်ရှောင်စခန်းမှ စစ်ရှောင်တွေက မိုးရာသီ နီးလာပြီဖြစ်တဲ့အတွက် မိုးရာသီအတွင်း မိုး၊‌ လေ လုံစေဖို့ စခန်းကအဆောင်တွေကို အုန်း (ဓနိ) အမိုးအကာတွေနဲ့ ဆောက်လုပ် ပေးစေလိုကြောင်း အကူအညီတောင်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောဇ်ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ မတ်လ ၁၅ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံအကွက် ၁၃ ရထားလမ်းအနီး သက်ငယ်မဒိန်းမှု ကျုးလွန်ခံခဲ့ရတယ်လို့ ယူဆရတဲ့ အသက် ၁၂ အရွယ်ကျောင်းသူ အမူနဲ့ပတ်သက်တဲ့ တရားခံ ၂ ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက ဖမ်းဆီးထားပါတယ်။

မတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း သစ်တောအတွင်း မြန်မာလို့ယူဆရတဲ့ အမျိုးသား ရုပ်အလောင်း ၃ လောင်းကို တွေ့ရှိကြောင်း ထိုင်းဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။

ပြည်သူလူထုကပေးအပ်ထားတဲ့တာဝန်ကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအုပ်စုရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ အားပေးအားမြှောက်လုပ်တဲ့အဖွဲ့ဝင်တွေကို NUG အစိုးရက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မတ်လ ၁၅ ရက်နေ့က ပြောပါတယ်။

မတ်လ ၁၅ ရက်နေ့ သတင်းစုစည်းမူ

စစ်တွေမြို့နယ်၊ သက္ကေပြင်မူဆလင် ကျေးရွာမှ ကိုမောင်မောင်အေးနဲ့ အဖွဲ့ဝင် ၄ ဦးတို့ဟာ စစ်ကောင်စီက စစ်သားတွေနဲ့ပေါင်းပြီး ရွာထဲက ရွာသားတွေကို အမျိုးမျိုး ဒုက္ခပေးနေတဲ့အတွက် သူတို့ကို အရေးယူပေးစေချင်တယ်လို့ ရွာသားများက မတ်လ ၁၅ ရက်နေ့က ပြောပါတယ်။

လူပေါင်းထောင်ချီ အိုးအိမ်မဲ့ဖြစ်သွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူဆလင် ဒုက္ခသည်စခန်း တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တာဟာ မတော်တဆဖြစ်ခဲ့တာမဟုတ်ဘဲ တမင်တကာ မီးရှို့ဖျက်ဆီးဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က မတ်လ ၁၃ ရက်နေ့က ပြောပါတယ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က ပုဒ်မ နှစ်ခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ဆန်စက်ပိုင်ရှင်အမှု ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းတာနဲ့ပတ်သက်ပြီး တရားခံကို အပြစ်ရှိလျှင် အပြစ်ပေးပြီး အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေးဖို့ မိသားစုတွေကတောင်းဆိုထားပါတယ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားတဲ့အရပ်သားပြည်သူ ၆၀ ကျော်ထဲကနေ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံထားရတဲ့ ပြည်သူ ၁၄ ဦးကို မတ်လ ၁၅ ရက်နေ့က ၁၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။ သို့သော် တရားလို မရောက်လာတဲ့အတွက် ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ မူဆလင်ဒုက္ခသည်တွေကို တွေ့ဆုံဖို့ စစ်ကောင်စီဝန်ကြီးအဖွဲ့တွေ မတ်လ ၁၄ ရက်နေ့ က ရခိုင်ပြည်၊ မောင်တောမြို့နယ် ကညင်တန်ရပ်ကွက် အောင်မြေဗောဓိကျေးရွာ ထွေအုပ်ရုံးထိရောက်ခဲ့ပါတယ်။ အဲ့ကနေပြီး ဘင်္ဂလားဒေ့ရှ်ကို Speed boat နဲ့ထွက်သွားခဲ့ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နှင့် စစ်ကောင်စီက တရားလိုလုပ်ကာ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ ဒေသခံနှစ်ဦးရဲ့ အမှုကို တရားလို မရောက်တဲ့အတွက် မတ်လ ၂၁ နေ့သို့ ရုံးချိန်းရွေ့ဆိုင်းလိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ ဝ ပြည် ပန်ဆန်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မြောက်ပိုင်းအင်အားကြီး မဟာမိတ်အဖွဲ့ FPNCC တွေ့ဆုံပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AAရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ သတင်းများစုစည်းမှု

စစ်တွေမြို့ကို ‌ရေပေးဝေသည့် ကန်တော်ကြီးရေကန်မှာ ခမ်းခြောက်သွားသည့်အတွက် စစ်ကောင်စီက ရေကန်တူးဖော်နေပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ကျောက်တော်က လူထုဇော်ဝင်း အပါအဝင် ၃ ဦးကို လာမည့် မတ်လ ၂၈ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်လို့ တရားသူကြီးက ပြောခဲ့ပါတယ်။

စစ်တွေ တက္ကသိုလ်တွင် မတ်လ ၁၃ ရက်နေ့ ဒဿနိကဗေဒ ပထမနှစ် စာမေးပွဲအတွင်း မေခွန်းန်းလွှာလဲလှယ်ခဲ့တဲ့ ကျောင်းသူ နှစ်ဦးထဲက တစ်ဦးကို အခန်း စောင့်ဆရာမတစ်ဦးက ပါးရိုက်ခဲ့ပါတယ်။ ထိုအမှုမှာ ဆရာမက ပြန်လည်တောင်းပန်ခဲ့သည့်အတွက် နှစ်ဖက် ကျေအေးသွားပြီဖြစ်ကြောင်း ကျောင်သားသမဂ္ဂက ထုတ်ပြန်ပါထားပါတယ်။

မတ်လ ၁၃ ရက်နေ့သတင်းများစုစည်းမှု

ထိုင်းနိုင်ငံအတွင်းက မလေးရှားသွားတဲ့ မြန်မာလုပ်သား ၂၁ ဦးကို မူးယစ်ဆေးများနဲ့အတူ ထိုင်းနိုင်ငံမှာ ဖမ်းးဆီးရမိတယ်လို့ ဒေသတွင်း သတင်းမှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကဝိရတနာ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင်ပြည်သူတစ်ဦးကို ၁၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပေမယ့်လည်း တရားလိုထပ်မံပျက်ကွက်ခဲ့ပါတယ်။

ရခိုင်ပြည်၊ကျောက်တော်မြို့နယ် သရက်အုပ် ကယ်ဆယ်ရေးစခန်းမှာ အရေပြားရောဂါခံစားနေရတဲ့ ဒုတိယတန်းကျောင်းသူတစ်ဦး ဆေးကုသဖို့ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

သျှမ်းပြည်၊ပလောင်မြို့နယ် နမ်းနိမ့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့တဲ့ ဒေသခံ ၂၈ ဦး နဲ့ သံဃာတော် ၃ ပါး ရုပ်အလောင်းကိုတွေ့ရှိတယ်လို့ KNDF က မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်