Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်းသတင်းအနှစ်ချုပ်

တစ်ပတ်အတွင်းသတင်းအနှစ်ချုပ်

ABN- ကိုဟိန်းထွန်း၊ နွယ်စိုး

မတ်လ ၅ ရက်နေ့အတွက်သတင်းများစုစည်းမှု

မြောက်ဦးမြို့က လက်ကောက်စျေး စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့  နေရပ်ပြန် စစ်ဘေးရှောင် ၃၁ ဦးကို စစ်ကောင်စီက တစ်အိမ်ထောင်စီအတွက် အဝတ်၁ ထည်၊ သောက်ရေဖလား ၁ လုံး၊ စောင် ၁ ထည်၊ ခြင်ထောင် ၁ လုံး၊ အင်္ကျီ ၂ ထည်၊ ထဘီ ၁ ထည်၊ မျက်နှာသုတ်ပဝါ ၁ ခု၊ တာပေါ်လင် မိုးကာ ၂ ထည် ပေးအပ်ခဲ့ပါတယ်။

မတ်လ ၅ ရက် နေ့လယ် ၁ နာရီအချိန်မှာ  သဲပုံစေတီတော်ပွဲကို စစ်တွေမြို့အပါအဝင် သံတွဲ၊ ငပလီကမ်းခြေနဲ့မောင်တောမြို့နယ်တို့မှာ ကျင်းပခဲ့ပါတယ်။

မတ်လ ၅ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီက သဝဏ်လွှာပို့ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားတွင် မတ်လ ၅ ရက်နေ့ က ဘာလုခါလီ  မူဆလင် ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦးများလောင်းကျွမ်းသွားခဲ့ပြီး မိသားစု ၃၀၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပြီး လူပေါင်း ၁၀၀၀၀ ကျော် နေစရာမရှိလောက်အောင် ဖြစ်ခဲ့ပါတယ်။

မတ်လ ၄ ရက်နေ့အတွက်သတင်းစုစည်းမှု

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ မတ်လ ၃ ‌ရက်နေ့ နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ခင်မွန်းကျေးရွာက  အသက် ၅၀ အရွယ် မစန်းကြည်နဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတို့  ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။

ကျောက်‌တော်မြို့နယ်ရှိ  စစ်ဘေးရှောင်စခန်း ၁၁ ခုက စစ်ဘေးရှောင် ၁၀၀ ကျော်ကို စစ်ကောင်စီက  နေရပ်ပြန်ခိုင်းခဲ့တဲ့ အတွက်ကြောင့် နေရပ်ပြန်ဖို့  စာရင်းပေးထားခဲ့တယ်လို့ သိရတယ်။ သို့သော်လည်း စစ်ကောင်စီက ထောက်ပံ့ပေးမည့် ငွေနှင့် တခြားပစ္စည်းများ မရသေး၍ မပြန်နိုင်ကြသေးကြောင်းသိရသည်။

ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်း မီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၇ မှာ မတ်လ ၄ ရက် အစောပိုင်း ၅ နာရီကျော်က ရန်ကုန်-တောင်ကြီးပြေးဆွဲနေတဲ့ ခရီးသည်တင်(Express)ကားတစ်စီး မှောက်ခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၃၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက အကြောင်းမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများကို ရောက်နေကြတဲ့ မြန်မာနိုင်ငံမိဘနှစ်ပါးမှ မွေးဖွားတဲ့  သားသမီးများကို မတ်လ ၁ ရက်နေ့က စလို့NUGမှ မွေးစာရင်းလက်မှတ်ထုတ်ပေးမယ်လို့  ကြေညာလိုက်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်း‌တောင်စစ်ဘေးရှောင်စခန်းက စစ်ဘေး‌ရှောင်များ သောက်သုံးရေရရှိရန်  ပေ ၁၅၀၀ အကွာမှ ရေစုပ်စက်နဲ့ တင်ယူပြီး သုံးနေရတဲ့အတွက်ကြောင့်    ဆီစရိတ်စျေးကြီးလွန်းပြီး စက်သုံးဆီများ လိုအပ်နေတယ်လို့ သိရတယ်။

 စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ၁၁ နာရီ မိနစ် ၄၀ ကျော်က  ဦးအေးကျော်ပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တန်းက  ဆီးသိုလှောင်ရုံထားတဲ့ ဆီးဗူး ၁ဗူးမှ လျှပ်စစ်မီး ဝါယာရှော့ဖြစ်ပြီး  မီးလောင်ခဲ့ရာ စစ်တွေမြို့ လမ်းမတော်မြောက် ကျေးပင်တန်းရပ်ကွက်က အသက် ၄၆နှစ် အရွယ် ဦးမောင်ခင်လှ ဒဏ်ရာရရှိ သွားခဲ့ပါတယ်။

မတ်လ  ၃ ရက်နေ့အတွက်သတင်းစုစည်းမှု

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းက စစ်ဘေး‌ရှောင်များကို  တပ်မ ၅၀၅ က မတ်လ ၃ ရက် နံနက်ပိုင်းမှာ ငွေကျပ် ၆ သိန်းကျပ်နဲ့ ဆန်တစ်လစာပေးခဲ့ပြီး အတင်းအဓမ္မနေရပ်ပြန်ခိုင်းခဲ့ပါတယ်။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက အမျိုးသမီတွေရဲ့  အထက်တန်းကျောင်း   ၁၀ ကျောင်းကို အဆိပ်ပါတဲ့ ဓာတ်ငွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသူ ၁၀၀ ကျော်ကို  ဆေးရုံတင်ထားခဲ့ရတယ်လို့ သိရတယ်။

ဗီယက်နမ်နိုင်ငံမှာ ယခင် သမ္မတ Nguyen Xuan Phuc ကို ဇန်နဝါရီလတုန်းက  ရာထူးကနေ ပယ်ချလိုက်ပြီးတော့   အာဏာရပါတီတစ်ခုဖြစ်တဲ့  ကွန်မြူနစ်ပါတီက  ပေါ်လဗြူရိုအဖွဲ့ဝင်  အသက် ၂၅ အရွယ်ရှိတဲ့ Vo Van Thuong ကို ဗုဒ္ဓဟူးနေ့ မှာ အဆိုတင်သွားပြီးခဲ့တဲ့နောက် မတ်လ ၃ ရက်နေ့ ကျင်းပတဲ့  လွှတ်‌တော်အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်များက သမ္မတအဖြစ် ရွေးကောက် တင်မြှာက်ခဲ့ပါတယ်။

ရခိုင်ပြည်မှာ အသေးစား ၊ အလတ်စား စက်ရုံလုပ်ငန်းများကို လျှပ်စစ်မီးပေးရန်ရပ်ဆိုင်းထားမည်

 ဖြစ်ကြောင်းနဲ့ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုချိန် ကာလအတွင်း ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ လျှပ်စစ်မီးပေးသွားမယ်လို့  EPC က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည် ရသေ့တောင်မြို့  အရှေ့မြောက်ရပ်ကွက်မှာ မတ်လ ၃ ရက်နေ့   ၂ နာရီကျော်က ဦးကျော်၀င်းမောင်၏ နေအိမ်တွင် ခြင်ဆေးခွေ ထွန်းရာ အနီးအနားရှိ ၀ါးထရံကို  မီးကူးစက်သွားခဲ့ပြီး နေအိမ် ၄ လုံး ပြာကျသွားခဲ့တယ်။

မ‌လေးရှားနိုင်ငံမှာ တနင်္လာနေ့က အဆက်မပြတ်မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မလေးရှားနိုင်ငံရှိ ပြည်နယ်သုံးခုမှာ ရေကြီးမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် လူ ၃ဦး သေဆုံးပြီး ၃၀၀၀၀ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့တယ်လို့ CNA သတင်းဌာနက ဖော်ပြထားခဲ့တယ်။

ကျောက်တော်မြို့နယ် ကန်စောက်တောင်အလွန် တံတားဦးအနီးရှိ ၀ါးတောင်စစ်ဘေးရှောင်စခန်းက အသား၀ါ ရောဂါဆေးကုသခံယူနေရတဲ့ အသက် ၆၂ အရွယ် အဘွားအို တစ်ဦးမှာ   ၂ လကျော် ကြာမြင့်နေ့တဲ့အတွက်  ကုန်ကျစရိတ် ငွေကြေးအကူအညီလိုအပ်နေပါတယ်။

ရခိုင်ပြည်ကျောက်တော်မြို့ရှိ မဟာမြမုနိဘုရာပွဲတော်ကို  ပြုလုပ်ကျင်းပနေချိန် အဲ့ဒီဘုရားပွဲ၏ လုံခြုံရေးကို စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့က တာ၀န်ယူထားတယ်လို့ သိရပါတယ်။

မတ်လ ၂ ရက်နေ့အတွက်သတင်းစုစည်းမှု

မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်က ဦးကိုကိုညွှန့် ၊ ကျောက်ရစ်ကေရပ်ကွက်က ဦးကျော်၀င်းလှိုင်နဲ့ တိန်ညိုကျေးရွာက ဦးပြည့်စုံ၀င်း တို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး စရဖတပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီးတော့  မြောက်ဦးမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပုဒ်မ ၁၇(၁)တို့ နဲ့  တရားစွဲဆိုခံထားရတဲ့  ဒေသခံ ၃ ဦး အမှုကို မတ်လ ၁ ရက်နေ့က ရုံးထုန်စစ်ဆေးခဲ့ပြီး မတ်လ ၁၃  ရက်နေ့သို့  ထပ်မံရုံးချိန်း ရွေ့ဆိုင်းလိုက်တယ်လို့ မိသားစု၀င်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရသေ့တောင်မြို့နယ် စေတီပြင်ရွာက  ဦးအောင်စံဌေးမှာ မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် မယူတောင်သို့ ၀ါးခုတ်သွားရာ  မိုင်းနင်းမိပြီး  ဘယ်ခြေတစ်ဖက်ပြတ်သွားကာ မျက်နာအပါအ၀င် ညာခြေထောက်တစ်ဖက်မှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်မှာ ၊ စစ်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်မှာ ဖယ်ခုံမြို့နယ် ခေါင်အုံကျေးရွာ ဘုန်းကြီးကျောင်းသို့ ကျရောက် ပေါက်ကွဲပြီး စာဖတ်နေတဲ့ အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားနဲ့  အသက် ၁၅ နဲ့အရွယ် ညီအစ်ကို  နှစ်ဦးအား ကျည်ထိမှန်ကာ သေဆုံးသွားခဲ့ပါတယ်။

 ၂၀၂၂ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ကျောက်တော်မြို့ပြည်တော်သာ ရပ်ကွက်မှ လူထုဇော်ဝင်း အပါအဝင် ‌ဒေသခံ ၃ ဦးကို  နိုင်ငံတော် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီတပ်မှ  တရားစွဲဆိုခံထားရတဲ့ ဒေသခံ ၃ ဦး အမှုကို ဖေ‌ဖော်ဝါရီ ၂၈ ရက်နေ့ က ရုံးထုတ်ခဲ့ပြီး လာမယ့် မတ်လ ၁၄ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးမယ်လို့  သိရတယ်။

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီ အရှေ့တောင်ပိုင်းရှိ  ဖေဖော်၀ါရီ ၂၂ ရက်နေ့က မြန်မာဒုက္ခသည် အမျိုးသမီး တစ်ဦး သူမ၏ ခင်ပွန်းနဲ့ အတူ ဆေးကုသ သွားရာ ဘူတာရုံအနီး သူမ၏ ခင်ပွန်းကို စောင့်နေ့စဥ်  ယာဥ်မောင်းသူက ပြန်ပေးဆွဲခဲ့ပြီး နယူးဒေလီ တောင်ပိုင်းက အမျိုးသား ၄ ဦး၏ အုပ်စုဖွဲ့ မဒိန်းကျင့်မှုကို ခံခဲ့ရပါတယ်။

ရခိုင်ပြည်ရှိ မြောက်ဦးကိုးသောင်းပုထိုးပွဲတော်ကို ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်က ဆန်စက်ပိုင်ရှင် ဦးလှမောင်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)  စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နဲ့ တရားစွဲဆိုခံထားရတဲ့ သူ၏ အမှုကို မတ်လ ၁  ရက်နေ့ ၇ ကြိမ်မြောက် ရုံးချိန်ခဲ့ရာတွင် တရားလိုနှင့် တရားသူကြီးမရောက်တဲ့အတွက်ရုံးချိန်ကို ထပ်မံ ရွှေ့ဆိုင်းခဲ့ပါတယ်။

မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာက ဒေါ်‌ဝေကျန်နု နေအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ပစ္စည်းများ ဆုံးရှုံးခဲ့ပေမယ့်လည်း လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

မတ်လ ၁ ရက်နေ့အတွက်သတင်းစုစည်းမှု

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က   ဖေဖော်ဝါရီ ၂၆ ရက်နေ့ ရခိုင်ပြည် စစ်တွေမြို့ကို ရောက်ရှိခဲ့ရာ စစ်တပ်မိသားစုများနဲ့ ကနဦး တွေ့ဆုံခဲ့ပြီးတော့  ၂၇ ရက်နေ့က  ဦးတ္တမပန်းခြံရှိ မြို့တော်ခန်းမမှာ စီးပွားရေးသမားများနဲ့ တွေ့ဆုံခဲ့ကြောင်း  သိရပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက်နေ့  မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်များကို နေရပ်ပြန်ဖို့  ငွေကျပ် ၅ သိန်းပေးတဲ့​အတွက် ဖားပြိုရွာ ၊ အမ်သားရွာ ၊သေကန်ရွာ များမှ စစ်ဘေးရှောင် ၂၀၀ ကျော် နေရပ်ပြန်သွားခဲ့ပြီး တချို့စစ်ဘေးရှောင်များက စစ်ကောင်စီမှ ပေးတဲ့ ငွေကို မရရှိရှိတဲ့အတွက် နေရပ်မပြန်ဘဲ ရှိနေခဲ့ပါတယ်။

 စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေး ကို  နောက်တစ်ဆင့်အပစ်အခတ်ရက်စဲရေး ဆွေးနွေးဖို့ ပြင်ဆင်နေပေမယ့်   ငြိမ်းချမ်းရေးကတိကဝတ်များကို  ချိုးဖောက်ထားသောကြောင့် ဆွေးနွေးဖို့ မဖြစ်နိုင်လို့  ရက္ခိုင့်တပ်တော်၏ ၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ  ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့ပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲစဖြစ်ချိန်ကတည်းက AAနှင့် ဆက်စပ်ပြီး  ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သား ၅၉၄ ယောက်ရှိ ခဲ့ပြီး ထိုအထဲမှ  ၃၉၁  ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး လက်ရှိအချိန်ထိ  စစ်ကောင်စီရဲ့ထောင်ထဲမှာ ၂၀၃ ဦး ရှိတယ်လို့ ၇ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ   ဦးခိုင်သုခ က ပြောခဲ့ပါတယ်။

နိပွန်ဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာ ဆာဆာကာ၀ါ ရခိုင်ပြည်ကို ရောက်ရှိခဲ့တဲ့အချိန် ရခိုင်ပြည်ရှိ တိုက်ပွဲများမရှိပဲ  ငြိမ်းချမ်းနေတဲ့  အခြေအနေကို ဆက်လက်ထိန်သိမ်းထားစေချင်တယ်လို့  ULA၏ မြောက်ဦးနိုင်ငံရေးမှူး ဦးလှစောနဲ့ ‌ခေတ္တတွေ့ဆုံတဲ့အချိန်  ပြောခဲ့တယ် လို့   ၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောတယ်။

ရသေ့တောင်မြို့နယ် စေတီပြင် စစ်ဘေးရှောင်စခန်းတွင် ရေကန်ခန်းခြောက်သွားတဲ့ အတွက်ကြောင့်  သောက်သုံးရေပြတ်လတ်ပြီး ၎င်းစခန်းနဲ့ နီးစပ်ဆုံး​ဖြစ်တဲ့  ရွာဦးရေကန်မှ ရေကို မော်တာရေစုပ်စက်ဖြင့် စုပ်တင်ပြီး သောက်သုံးနေရတယ်လို့ သိရတယ်။

ရခိုင်ပြည်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီက စားနပ်ရိက္ခာအနည်းငယ်ထောက်ပံ့ခဲ့ပြီး ၎င်းတို့၏ နယ်ရပ် ပြန်ဖို့ ဖိအားပေးခြင်းဟာ  စစ်ဘေးရှောင်များအတွက် ပိုပြီး ဒုက္ခပေးရာရောက်တယ်လို့  ၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ULA   AA၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်က ဆန်တွေကို ပြည်ပနဲ့ ဗမာပြည်ဖက်သို့ အဆမတန်တင်ပို့မှုများကို ULA/ AA အနေနဲ့ ရခိုင်ပြည်သူများ အငတ်ဘေး အခက်အခဲမကြုံစေရဖို့ စနစ်တကျ ထိန်းချုပ်ပြီး လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက ပြောခဲ့ပါတယ်။

အီတလီတွင် တရားမ၀င်ရွှေ့ပြောင်းခရီးသည် ၂၀၀ ကျော် ကို  သယ်ဆောင်လာတဲ့  စစ်လှေတစ်စီးဟာ  တနင်္ဂနွေနေ့မှာ  အီတလီနိုင်ငံ ကာလာဘရီယာဒေသရှိ ကရိုတိုနေးမြို့အနီးသို့ ကမ်းကပ်ရန်ကြိုးပမ်းရာ ကျောက်ဆောင်တစ်ခုနဲ့ တိုက်မိခဲ့၍ ပျက်စီးနစ်မြုပ်သွားတဲ့အတွက် ကလေး ၁၂ ဦးအပါအ၀င် လူ ၅၉ထက်မနည်း သေဆုံးခဲ့ရတယ်လို့  အာဏာပိုင်များကပြောခဲ့ပါတယ်။

ရခိုင်တွင် ULAAAအုပ်ချုပ်မှုအားနည်းတဲ့  ဒေသများဖြစ်တဲ့ စစ်တွေ ၊ တောင်ကုတ်၊ အမ်း၊ တို့မှာ  လူသတ်မှု ၊ ခိုးမှု၊ ဓားမြမှု စတဲ့ မှုခင်းများ ဖြစ်ပွားနေတယ်လို့  ၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ  ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သတ်ပြီး  ABN၏ စုံးစမ်းချက်အရ  ရခိုင်တွင် ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့မှစပြီး ဖေဖော်ဝါရီလ ၂၇ ရက်ထိ မှုခင်းစုစုပေါင်း ၁၇ ခု ရှိခဲ့တယ်လို့  သိရတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၈နာရီ ဝန်းကျင် မြေပုံမြို့နယ် င/ပသုန်ရွာ က ဒေါ်မမြင့်ချေမှာ မိတ်ဆွေတစ်ယောက်၏ သမက်တက်ပွဲ (မင်္ဂလာဆောင်ပွဲ) မှ ပြန်လာစဥ်  င/ပသုန်ရွာပြင်ဘက်၌ အဓမ္မပြုကျင့်ပြီး  သတ်ဖြတ်ခံ့ခဲ့ရတဲ့အမှုမှာ   ယခုထိတိုင်  တရားခံမပေါ်သေးတဲ့အတွက်ကြောင့်  သက်ဆိုင်ရာတရားရုံးကို မေးမြန်းစုံးစမ်းသွားမယ်လို့  ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက  ၇ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က တူရကီတောင်ပိုင်းမှာ  ၅.၆ ငလျင်ထပ်မံလှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးတစ်ဦးနဲ့ ဒဏ်ရာရရှိသူ ၁၁၀ ဦးရှိခဲ့ပါတယ်၊  အဲဒီနောက်  တူရကီနဲ့ဆီးရီးယားနှစ်နိုင်ငံမှာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၆ ရက်နေ့က ပြင်းအား ၇.၈ နဲ့၇.၉ ရှိ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ‌‌သေဆုံးသူ စုစုပေါင်း ၅သောင်းကျော်အထိရှိခဲ့ပြီး အဆောက်အဦးပေါင်း ၁ သိန်း ၇ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့‌ရတယ်။

 ဖေဖော်ဝါရီ ၂၇ ရက်နေ့  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၂၂ခုနှစ် အကောင်းဆုံး ကစားသမားဆုကို    အာဂျင်တီးနားအသင်းက အသင်းခေါင်းဆောာင် လီယွန်နယ်မက်ဆီကို ဆုချီမြှင့်ခဲ့ပြီး  အကောင်းဆုံး အမျိုးသမီး ဂိုသမားဆုကို  မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဂိုးသမား မေရီအပ်စ်က မှ ရရှိခဲ့ပါတယ်။

ရခိုင်တွင် စစ်ကောင်စီက  ULA AAနဲ့ ဆက်စပ်တယ်လို့   မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် မတရားဖမ်းဆီးခံထားရပြီး တရားစွဲဆိုခံထားရတဲ့ အရပ်သားများမှာ အပစ်အခတ်ရပ်စဲရေးစလုပ်တဲ့ အချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ ပြည်သူများကို ၂ လ အတွင်း ပြန်လည်လွှတ်ပေးရမယ်လို့  ကတိကတ်ရှိခဲ့သော်လည်း မြန်မာစစ်တပ်ဘက်မှ ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးတဲ့အတွက်  ULAAAနဲ့ စစ်ကောင်စီတို့ ပြန်လည်လွတ်မြောက်ရန် ညှိနှိုင်းဆွေးမှုများလုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော်၏ ၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်မှာ အသက် ၅၀ ကျော်အရွယ် ဦးသာခွေ နဲ့ ဒေါ်မဗိုတို့အိမ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ နေ့လည် ၁ နာရီ ကျော်လောက်အချိန်တွင်  မီးလောင်မှုဖြစ်ပွားခဲ့၍  လူနေအိမ် တစ်ဆောင် ပြာကျ သွားခဲ့ပါတယ်။

ရခိုင်မှာ ယခုနှစ်အတွင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ မီးလောင်မှူဖြစ်ပွားခဲ့တဲ့အတွက် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး  အဲဒီနဲ့ပတ်သက်လို့ ရခိုင်ပြည်သူများအနေနဲ့ မီးဘေး အန္တရာယ်ကို အထူးသတိပြုဖို့ လိုအပ်တယ်လို့  ULA/AA၏ ၇ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ  ဦးခိုင်သုခက ပြောခဲ့တယ်။

 ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ  တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် မောင်တော မြောက်ပိုင်းဒေသများမှ နယ်မြေအချို့ကို AA စိုးမိုးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖေ‌ဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခက ပြောခဲ့တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကယား(ကရင်နီ) ပြည်နယ် ၊ ဒီမော့ဆိုမြို့နယ်မှာ တိုက်ပွဲတစ်စုံတစ်ရာမဖြစ်ခဲ့ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းများရှိတဲ့ ကျေးရွာများသို့ လက်နက်ကြီးများနဲ့  ပစ်ခတ်လိုက်တဲ့အတွက်  စစ်ဘေးရှောင် ၁ ဦးနဲ့ ရွာသား ၁ ဦးသေဆုံးခဲ့ပြီဲး   ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့မှာ  ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၈နာရီကျော်က  မောင်မောင်တင်အိမ်ကို ကမ်းထောင်ကြီးမြို့ ကျေးတောရွာက  အသက် ၁၆ နှစ်အရွယ်  ၈တန်းကျောင်းသား မောင်ခိုင်မင်းထွေးက မောင်မောင်တင် ကို ကတ်ကြေးဖြင့်ထိုးသတ်ခဲ့ပြီး သူပိုင်ဆိုင်တဲ့  ရွှေထည်ပစ္စည်း ၁၈ ကျပ်သားကျ်ောကို  ယူဆောင်သွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို  ဖေ‌ဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၂ နာရီမှာ ဖမ်းဆီးရမိခဲ့တယ်။

 ဗြိတိန်အောက်လွတ်တော်မှာ ၁၉၉၂ နဲ့ ၂၀၀၀ ခုနှစ်များအတွင်း  လွတ်တော်မှာ မကြာခဏ ဟာသများကို ပြောလေ့ရှိခဲ့တဲ့  ပထမဆုံးအမျိုးသမီး ဥက္ကဌ  Betty Boothrod  အင်္ဂလန်တောင်ပိုင်း Cambridge ၏ ဆေးရုံတစ်ခုမှာ  အသက် ၉၃ နှစ်တွင်  ကွယ်လွန်သွားတယ်လို့   တနင်္ဂနွေနေ့က  အောက်လွှတ်တော်၏ အာဏာပိုင်များက  ပြောခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်လို့  စွပ်စွဲတဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့ ဖမ်းဆီးအချုပ်ခံထားရတဲ့ ကျောက်တော်မြို့ က၀ိရတနာစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် ဦးကျော်ဟိန်းမှာ ဖေဖော်၀ါရီ ၂၉ ရက်နေ့ နံနက် ၁၀နာရီ ကျော်တွင် ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပေမယ့်လည်း စစ်ကောင်စီဖက်မှ တရားလို ထပ်မံပျက်ကွက်တဲ့အတွက်ကြောင့် စစ်ဆေးမှုမပြုလုပ်ခဲ့ဘဲ ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှာ ယနေ့နံနက် ၁၂ နာရီ ကျော်အချိန်တွင် ဓာတ်ဆီဖြည့်ရန် ရောက်ရှိလာတဲ့ တေဘာကားတစ်စီးကို စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော်က အတင်းအဓမ္မခေါ်ယူသွားခဲ့ပြီး   ထွက်သွားတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောတယ်။

အာဏာသိမ်းစစ်ကောင်စီက ပညာရေး၀န်ကြီးဌာန အနေနဲ့  မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီယဥ်ကျေးမှုနဲ့ ပတ်သက်လို့ ထည့်သွင်းနိုင်မှုများကို Focal အဖြစ် တာ၀န်ယူပြီး  ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနဲ့ ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းဥပဒေများ ရေးဆွဲထုတ်ပြန်အရေးယူရန်  ဖေဖော်၀ါရီ ၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီမင်းအောင်နိုင်လှိုင်မှ  တိုင်းနဲ့  ပြည်နယ်များရှိ ပညာရေးဌာနများကို ညွန်ကြားစာများ ဖြန့်ဝေပေးပို့ခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်  စေတီပြင်အရှေ့ရွာမှ ယနေ့ မနက် ၉နာရီကျော်အချိန်တွင် စိုက်ခင်းမှာ ဝါးလိုအပ်နေတဲ့အတွက်  မယူတောင်သို့  ဝါးခုတ်ဖို့သွားရာ    မိုင်းနင်းခဲ့ပြီး  ဘယ်ဖက်ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်၊  အဲဒီအပြင်  ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၂ နာရီကျော်အချိန်က ကျော်တော်မြို့နယ် လမ်းမ‌တော်ရွာမှ အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုးလွင် (ခ)‌မောင်ချေ မှာ သူ၏ရွာအနီးရှိ စစ်ကောင်စီ ၃၇၄ တပ်ရင်းတပ်စွဲထားတဲ့ တောင်သို့ ထင်းခုတ်သွားရာ မိုင်းနင်းမိခဲ့ပြီး ညာဖက်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်း ကျောက်တော်အခြေစိုက်ဖြစ်တဲ့ စကခ(၉)နဲ့ ခမရ (၅၃၉) စစ်ဆေးရေးဂိတ်များက  AAနှင့် ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ အရပ်သား ၈ ဦးအား  ဖေ‌ဖော်ဝါရိ ၂၈ ရက် နံနက် ၁၀ နာရီခွဲအချိန်မှာ ကျောက်တော်မြို့နယ်တရားရုံးမှာ  ၁၀ ကြိမ်မြောက် ရုံးထုတ်ခဲ့ပေမယ့်လည်း စစ်ကောင်စီဖက်မှ တရားလိုပျက်ကွက်ခဲ့တဲ့အတွက် စစ်ဆေးမေးမြန်မှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိခဲ့ပါ။

ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်တွင်ရှိတဲ့  အများပြည်သူများသုံး CB ဘဏ်တစ်ခုကို   မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာ  အသက် ၁၄ နှစ်အရွယ် မောင်သန့်ဇင်အောင် နဲ့  အသက် ၁၅ နှစ်အရွယ် မောင်သူထူးအောင် တို့က သေနတ်၊ ဓားအတုများဖြင့်  CBဘဏ်သို့ ဝင်ရောက်ခဲ့ပြီး ရုံးတွင်းတာဝန်ရှိ ဘဏ်စာရေးထံမှ သိန်း ၆၅၀ ကျပ်ကို လုယက်ခဲ့ပါတယ်။

ဂရိနိုင်ငံမြောက်ပိုင်းမှာ ခရီးသည် ၃၅၀ ကျော် တင်ဆောင်လာတဲ့ ရထားတစ်စီးနဲ့ ကုန်တင်ရထားတစ်စီး တို့ အင်္ဂနေ့ ညနေပိုင်း သန်းခေါင်း‌ရောက်ခါနီး အချိန်မှာ ခေါင်းချင်းတိုက်မိခဲ့ပြီး   လူ ၃၂ ဦး သေဆုံး၍  ၈၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  မီးသတ်သမား ၁၅၀ ‌ကျော်က  မီးသတ်ကား ၁၇ စီး၊ လူနာတင်ကား အစီး ၂၀ နဲ့ ကယ်ဆယ်ရေးတာဝန်များကို လုပ်ဆောင်ခဲ့ပါတယ်။

ရန်ကုန်၊ရွှေပြည်သာမြို့နယ်ရှိ ဝါးတစ်ရာစက်မှုဇုန်အတွင်း တရုတ်ပိုင် အထည်ချုပ်စက်ရုံ ၂ ရုံဖြစ်တဲ့ GTlG Primark Brandစက်ရုံနဲ့ Primeng Gou စက်ရုံတို့ကို  ပိတ်သိမ်းလိုက်တဲ့အတွက် စက်ရုံက အလုပ်သမား ထောင်ချီ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။

၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ရက္ခိုင်တပ်တော် AAက ပုဏ္ဏားကျွန်းမြို့တွင်  စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက်  ၂၂ မိုင် ၆ဖာလုံရှိတဲ့  ပုဏ္ဏာကျွန်း-ရသေ့တောင်လမ်းကို စစ်ကောင်စီက ပိတ်ထားခဲ့ပြီး ယခုချိန်မှာ ပြန်ဖွင့်ပေမယ့်လည်း ဆိုင်ကယ်၊သုံးဘီးများကိုသာ သွားလာခွင့်ပြုပြီး  ကားများကို ခွင့်မပြုလို့ ဒေသခံတစ်ဦးမှ  ABNကို ပြောပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်