Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည် မောင်တောမြောက်ပိုင်းတွင် နယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AAပြော

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည် မောင်တောမြောက်ပိုင်းတွင် နယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AAပြော

ABN-ရှိုင်းမိုး

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်‌တော မြောက်ပိုင်းဒေသများမှ နယ်မြေအချို့ကို AAစိုးမိုးသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၇ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခကပြောကြားခဲ့သည်။

တကျော့ပြန်တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မောင်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်နှင့် ပလက်ဝဒေသများတွင် အဓိက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်တွေ့ရသည်။

“ကျွန်တော်စိုးမိုးထားတဲ့ နေရာတွေမှာတော့ ပထမအကြိမ်ထက် အခုတကြိမ်အပစ်ခတ်ရပ်စဲတဲ့နောက်ပိုင်းမှာတော့ခါ ကျွန်နော်တို့ ULA/AAရဲ့ အုပ်ချုပ်ရေးယန္တရားနယ်မြေဟာ ပိုပြီးကျယ်ပြန့်လာပါတယ်၊ အုပ်ချုပ်ရေးစနစ်ဟာလည်း အယင်ထက်ပိုပြီး ခိုင်မာစနစ်ကျလာပါတယ်” ဟု ဦးခိုင်သုခမှပြောကြားခဲ့သည်။

လက်ရှိ မောင်‌တောမြောက်ပိုင်းများတွင် AA တပ်စခန်းချထားသောနေမြေများမှာလည်း ဘယ်သူနှင့်မှ သဘောတူညီချက်လုပ်ပြီးယူခဲ့တာမဟုတ်ကြောင်းနှင့် ထိုနေမြေများကို ရက္ခိုင့်တပ်‌တော်အနေနဲ့ သူတို့ကိုယ်တိုင် တိုက်ခိုက်ပြီး ယူထားသည့်နေမြေများဖြစ်သည့်အတွက် သိမ်းပိုက်ထားသော နယ်မြေများတွင်လည်း လုပ်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“မောင်တောနယ်စပ်တလျှောက်မှာ AA အခြေချတပ်စွဲထားတဲ့ နယ်မြေတွေဟာ ဘယ်သူ့ သဘောတူညီချက်နှင့်မှ ရထားတဲ့နယ်မြေတွေမဟုတ်ပါ၊ ကျွန်နော်တို့ ၁လက်မချင်းစီကို အရင်းအနှီးပေးပြီးရထားတဲ့ နယ်မြေတွေဖြစ်ပါတယ်၊ အဲဒါကြောင့် အဲဒီနေရာတွေမှာ ဘာလုပ်မယ်လဲဆို‌တာ ဘယ်သူနဲ့မှ ဆွေးနွေးနေစရာမလိုဘူး၊ ကျွန်နော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ကျွန်နော်တို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

မောင်တောမြိုနယ် ‌မြောက်ပိုင်းတွင် သြဂုတ်လ ၃၀ရက်နေ့က မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်ခြားမှတ်တိုင် ၄၀နှင့် စက်တင်ဘာလ ၁၀ရက်နေ့ကလည်း မောင်တောမြောက်ပိုင်း ကြိမ်ချောင်း ၂၄ ဗျူဟာ ကင်းစခန်းဖြစ်တဲ့ ခမရ ၃၅၂ တပ်စခန်းနှင့် မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းများကို စတင်ဘာလ ၁၅ရက်နေ့က ရက္ခိုင့်တပ်တော် ကသိမ်းပိုက်နိုင်ခဲ့ပြီး နယ်ခြားမှတ်တိုင် ၄၀ ကနေ ၅၃အထိ သိမ်းပိုက်နိုင်ခဲ့သည်ကိုတွေ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တကျော့ပြန်တိုက်ပွဲများအပြီးတွင် စစ်လက်နက်နှင့် စာနပ်ရိက္ခာသယ် ယူပို့ဆောင်ရေးများအတွက် စစ်တပ်ပိုင် ဇက်နှင့်နေဗီများကို အသုံးပြုနေရသည်ကိုလည်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်