Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တကျော့ပြန်တိုက်ပွဲအတွင်း ရပ်နားထားရသည့် ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်လည် လည်ပတ်လာ

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အငူမော်-မောင်တော လမ်းနှင့် ရေလမ်းကြောင်းများကို ပိတ်ထားခဲ့သည့်အတွက် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်များမှာ ထုတ်ကုန် သွင်းကုန်များရပ်တန့်ထားခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက်အပြန်အလှန်နားလည်မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာယာယီအပစ်အခတ်ရပ်ဆိုင်းလိုက်သည့် အချိန်မှစကာ ပြန်လည်ပုံမှန် လည်ပတ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

““စစ်ပွဲကာလအတွင်း နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားတာတော့မရှိခဲ့ပါဘူး၊ အကုန်လုံးဖွင့်ထားပါတယ်၊ ဖွင့်ထားတယ်ဆိုပေမယ့်လည်း မောင်တောကိုကျတော့ သွားလာလို့မရခဲ့ပါဘူး၊ ပစ္စည်းမရှိရင်လည်း သွားလာလို့မရပါဘူး၊ အခုတော့ ပိုလို့ရ့ပါပြီ” ဟုပြောသည်။

ရခိုင်ပြည်တွင်း ၂၀၂၂ ခုနှစ် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန် တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ရန်ကုန်-စစ်တွေ ကားလမ်းတလျောက် စစ်ဆေးရေး ဂိတ်များချကာ ကုန်ကားများနှင့် ခရီးသည်တင်ယာဥ်များ သွားလာမှုများကို ရပ်တန့်စေခဲ့သည့်အပြင် စစ်တွေ-ပုဏ္ဏားကျွန်းကြား အဝေးပြေးလမ်းကိုလည်း ၁ လကျော်ကြာ ပိတ်ထားခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရသည်။

ထို့အပြင် လက်ရှိတွင် ကုန်သွယ်မှုများမှာ သွင်းကုန်တင်ပို့မှုထက် ပို့ကုန်တင်ပို့မှုမှာ ပိုများနေပြီး တင်ပို့ကုန်များမှာလည်း အလွန်နည်းပါးလျက်ရှိပြီး ရခိုင်ပြည်ထွက်ကုန်ဖြစ်သည့် ငါးခြောက်ကို အများဆုံးတင်ပို့နေရကြောင်း သိရသည်။

“ပို့ကုန်ကိုတော့ အဓိက တင်ပို့နေပါတယ်၊ သွင်းကုန် မရှိသလောက် နည်းပါတယ်၊ ရခိုင်ကထွက်တဲ့ အဓိကပို့ကုန်တွေကတော့ ငါးနီတူခြောက်၊ ငါးကျောညိုခြောက်နှင့် တခြား သုံးလေးမျိုးလောက်တော့ တင်ပို့နေတာတွေရှိတယ်၊ ပြည်မကလာတဲ့ ရေချိုငါးခြောက်တွေကိုလည်း တင်ပို့နေပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က ဆက်ပြောသည်။

ယခုနှစ်တွင် ရခိုင်တွင် ဆန်စပါး ဖြစ်ထွန်းမှု နည်းပါးခြင်းကြောင်း စပါးဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ ရောင်းချနိုင်မှု မပြုလုပ်နိုင်ကြောင်း အမည်မဖော်လိုသည့် နယ်စပ်ကုန်သည်တစ်ဦးက ABN ကိုပြောသည်။

တကျော့ပြန်တိုက်ပွဲအတွင်း ရပ်နားထားရသည့် ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်လည် လည်ပတ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ