Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် လျှောက်လမ်းတံတားငယ်များပြုပြင်ရန်လိုအပ်နေ

AB News – နိုဝင်ဘာ ၁ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ လူသွားလျှောက်လမ်းတံတားငယ်များ ပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။

ထိုစခန်းရှိလျှောက်လမ်းငယ်တစ်ချို့မှာ ပျက်စီးနေသည့်အတွက် သက်ကြီးရွယ်အိုများ ပျဥ်ပြားကြားတွင်ညှပ်၍ ဒဏ်ရာ ရခြင်းများရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ရေထမ်းလာသည့် လူငယ်တစ်ဦး ထိုလျှောက်လမ်းငယ်တွင် ခြေထောက်ဝင်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရှိခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းအတွင်း ကျိုးပျက်နေသည့် လူသွား လျှောက်လမ်းငယ်ကို ပြန်လည်ပြုပြင်ရန်လိုအပ်နေပြီး ကိုယ်ထူကိုယ်ထ အနည်းငယ်လုပ်ကိုင်ထားကြောင်း ညောင်ချောင်းစခန်းတာဝန်ခံက AB News သို့ပြောသည်။

“လျှောက်လမ်းအဟောင်းပေါ်မှာ သွားလာနေတဲ့အတွက် အပေါက်ကျွံတာတွေရှိပါတယ်၊ တစ်ချို့လျှောက်လမ်းအနည်းငယ်ဆို ကိုယ်ထူကိုယ်ထလုပ်ရတာတွေ ရှိပါတယ်၊ ပြုပြင်ဖို့တော့ လိုအပ်တယ် “ဟု ဆိုသည်။

စခန်းတွင်းရှိ လျှောက်လမ်းများ​ဟောင်းနွမ်းပျက်စီးနေသည့်အတွက် ညဥ့်အချိန်သော်လည်းကောင်း၊ နေ့အချိန်သော်လည်းကောင်း သက်ကြီးရွယ်အို၊ ကလေးသူငယ်များ အန္တရာယ်ရှိလာနိုင်ကြောင်း သိရသည်။

ညောင်ချောင်းဒုက္ခသည်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၆၉၈ စုရှိပြီး၊ လူဦးရေအရေအတွက် ကျား ၁၂၉၁ ဦး၊ မ ၁၆၆၇ ဦးပေါင်း ၂၉၅၈ ဦးရှိကြောင်း AB News ကစုံစမ်းသိရှိရသည်။

ထိုပျက်စီးနေသည့် လျှောက်လမ်းငယ်များကို အမြန်ဆုံး ပြန်လည်ပြုပြင်ရန်အတွက် စစ်ဘေးရှောင်များက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ