Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေကျပြီး ကျန်ခဲ့သည့် ရွံ့နွံများကြောင့် စစ်ဘေးရှောင်များ နေထိုင်ရေးအခက်တွေ့

ABN-နွယ်စိုး

သြဂုတ် ၉ ရက်

ရေ ၉ ပေ ခန့်နစ်မြုပ်ခဲ့သည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ ယနေ့သြဂုတ်လ ၉ ရက် မနက်ပိုင်းတွင် ၁ ပေ ကျော်လောက် ကျဆင်းသွားသည့်အတွက်ကြောင့် ရေဘေးရှောင်များ စခန်းအတွင်းသို့ ပြန်လာနေကြကြောင်း စစ်ဘေးရှောင် ဦးထွန်းသိန်းလှက ABNသို့ ပြောသည်။

ရေကျဆင်းသွားသော်လည်း မြေနိမ့်ပိုင်းနေရာများတွင် ရေဆက်လက် မြုပ်နေဆဲဖြစ်သည်ဟု ၄င်းကပြောသည်။

“ရေကတော့ ၉ ပေလောက်တက်ခဲ့ပါတယ်။ မနေ့ကနှင့် ဒီနေ့ မိုးမရွာလို့ ကျသွားတာ။ မိုးပြန်ရွာရင် ပြန်တက်မလား မသိသေးဘူး” ဟု ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေကျဆင်းသွားသော်လည်း ရွှံ့မြေများတင်ကျန်ရစ်ခဲ့သည့်အတွက် သွားလာ နေထိုင်ရေးအခက်အခဲများနှင့် သောက်သုံးရေများရှားပါးနေ၍ ဘုန်းကြီးကျောင်း၌ နေထိုင်ရကြောင်း စစ်ဘေးရှောင် နောက်တစ်ဦးက ABNသို့ပြောသည်။

“ရေကျသွားလို့ အိမ်ပြန်လာတော့လည်း ရွှံ့တွေတင်ကျန်နေခဲ့တဲ့အတွက် သွားလာရတာအဆင်မပြေဘူး။ နေရေးထိုင်ရေးဆိုလည်း အဆင်မပြေသေဘူး ရွှံ့တွေရှိနေသေးတဲ့အတွက်ပါ။ ရေနစ်သွားတဲ့ အခန်းတွေမှာလည်း ရွှံ့တွေတင်ကျန်နေခဲ့တဲ့အတွက် ရေနဲ့ပြန်ဆေးချနေရတယ်” ဟု စစ်ဘေးရှောင်စခန်းမှ မောင်ဇော်မင်းသန်းက ပြောသည်။

အဆိုပါညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေ ၁ ပေခန့်ကျဆင်းသွားသော်လည်း စခန်းအတွင်းရှိ လူနေဆောင်များမှာ ရွှံ့များတင်ကျန်ရစ်ခဲ့ခြင်းနှင့်ညစ်ပတ်သည့် အမှိုက်သရိုက်များ တင်ကျန်နေခဲ့သည့်အတွက် ရေဖြင့် ဆေးချရနေသည်ဟုသိရသည်။

အလားတူ မိုးကြီးပြီး ဒီရေမြင့်တက်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊မင်းပြားတို့တွင်း စပါးစိုက်ခင်းများ၊ နွားများ၊ ရေကန်များ၊ ပျိုးခင်းများ၊ပေါက်ခါစ စပါးပင်များ ဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ