Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီမှ ၉ ရက်နေ့အထိ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းရှိ မြေပုံမြို့အနီးမှ ဖြတ်ကျော်ဝင်ရောင်နိုင်သည့် Tropical Cyclone မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်နေ

ABN-နွယ်စိုး

ဇွန် ၈ရက်

ဇွန်လ ၈ ရက်နေ့ ညနေ ၆နာရီမှ ၉ရက်နေ့ နေ့လည့်ပိုင်းအထိ ဖြစ်ပေါ်နိုင်ခြေရှိသည့် ဆိုင်ကလုန်းမုန်တိုင်းငယ်တစ်လုံး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းရှိ မြေပုံမြို့အနီးမှ ဝင်ရောက်ဖြတ်ကျော်နိုင်ဖွယ်ရှိကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။

အဆိုပါမုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဖြစ်ပြီး လေပြင်း တစ်နာရီမှာ မိုင်၄၀ ခန့်ကနေ ၅၀ ခန့်အထိ တိုက်ခတ်နိုင်ဖွယ်ရှိပြီး ရခိုင်ပြည် ၊ အနောက်မြောက်ပိုင်းနှင့် အရှေ့မြောက်ရပ်များသို့ ရွေ့လျားနေ၍ ဇွန်လ ၉ ရက်နေ့ နေ့လည် ၁ နာရီမတိုင်မီ အားပျော့ပျက်ပြယ် သွားမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဇွန်လ ၈ ရက် ညနေ ၆ နာရီ ဝန်းကျင် ဝင်ရောက်နိုင်ဖွယ်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းငယ်၏ လေတိုက်နှုန်းမှာ တစ်နာရီကို ၅၈ မိုင်နှင့် လေဖိအား ၉၉၅ ဟယ်တိုပါစကယ်အထိ ကျဆင်းနိုင်ကြောင်း ခန့်မှန််းထားသည်။

မုန်တိုင်းဝင်ရောက်နိုင်ဖွယ်ရှိသည့် မြို့များမှာ ပေါက်တောမြို့၊ မြေပုံမြို့၊ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ကျောက်ဖြူမြို့ တို့ဖြစ်ကြောင်း သိရသည်။

၄င်းအပြင် ထိုမုန်တိုင်းသည် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအထိမရောက်ရှိနိုင်ကြောင်းနှင့် မုန်တိုင်း ဒီရေလှိုင်း ရိုက်ခတ်နိုင်မည့် အခြေအနေ မရှိသည့်အတွက် အထူးစိုးရိမ်စရာ မလိုကြောင်း ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ