Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇွန်လ ၇ ရက်နေ့တွင် မဝါအမည်ရ မုန်တိုင်း ရခိုင်ပြည် သံတွဲမြို့အနီးသို့ ရောက်ရှိမည်ဟု မိုးဇလပညာရှင် သတိပေးထုတ်ပြန်

ဇွန်လ ၇ ရက်နေ့တွင် မဝါအမည်ရ မုန်တိုင်း ရခိုင်ပြည် သံတွဲမြို့အနီးသို့ ရောက်ရှိမည်ဟု မိုးဇလပညာရှင် သတိပေးထုတ်ပြန်

ABN-မေ ၃၀ ရက်

ဇွန်လ ၇ ရက်နေ့ တွင် မဝါအမည်ရ မုန်တိုင်းသည် ရခိုင်ပြည် သံတွဲမြို့အနီးသို့ ရောက်ရှိမည်ဖြစ်သောကြောင့် ကမ်းနီး ကမ်းဝေး ငါးဖမ်းသင်္ဘော၊ ဘုတ်များအနေဖြင့် ဆင်ခြင်ကြရန်နှင့် မုန်တိုင်ကြိုတင်ပြင်ဆင်ကြရန် မိုးဇလပညာရှင် ဦးဝင်းနိုင်က ယနေ့ည ၈ နာရီ ၃၀ ကျော်က ထုတ်ပြန်သတိပေးလိုက်သည်။

မုန်တိုင်းသည် ဇွန်လ ၇ ရက်နေ့ မွန်းတည့်ချိန်တွင် သံတွဲမြို့၏ အနောက်ဖက် ၂၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုပြီး ၁ နာရီလျှင် ဗဟိုလေတိုက်နှုန်း ၁၀၁ မိုင်၊ ဗဟိုလေဖိအား ၉၇၇ ဟတ်တိုပါစကယ်အထိ ရှိလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇွန်လ ၇ ရက်နေ့မှ စပြီး ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁၂ ပေမှ ၁၄ ပေအထိရှိနိုင်ပြီး ၁ နာရီလျှင် လေပြင်း ၅၀ မှ ၆၀ အထိဖြစ်လာနိုင်သောကြောင့် ငါးဖမ်းသမားများအနေဖြင့် ဆင်ခြင်နိုင်ရန် အသိပေးထုတ်ပြန်ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်ကပြောထားသည်။

မုန်တိုင်းဖြစ်ချိန်တွင် ရခိုင်ပြည်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးများတွင် မုန်တိုင်းအဖြစ် မတိုက်ခတ်နိုင်သော်လည်း လေပြင်းတိုက်ခတ်ပြီး မိုးအလွန်ကြီးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ