Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇွန်လ ၃ရက်နေ့ ကပ္ပလီပင်လယ်ပြင်မြောက်ဘက်တွင် မုန်တိုင်းသစ် တစ်ခု ဖြစ်ပေါ်လာနိုင်ဟု မိုးဇလ ပညာရှင်ပြော

ABN-ထက်မြတ်ခင်

ဇွန်လ ၁ရက်

ဇွန်လ ၃ ရက် မွန်းလွှဲပိုင်းတွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ မော်တင်စွန်း/ဟိုင်းကြီးကျွန်းတောင်ဘက် မိုင် ၄၀ ခန့်အကွာမှာ Investigative Area or Area of Interest(INVEST) တစ်ခု စဖြစ်လာနိုင်ပြီး INVEST-92B အမည်ပေးနိုင်သည်ဟု မိုဇလပညာရှင် ဦးဝင်းနိုင်ကပြောကြားထားသည်။

INVEST စဖြစ်သည့် ရက်များမှာ နောက် ၃ ရက်ကျော်အထိ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဆက်ရှိနေပြီး ဇွန်လ ၇ ရက် မနက်အစောပိုင်းမှာ အနောက်မြောက်ဘက် (ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ရွေ့လျားလာနိုင်ကာ ၊ ဗဟိုဖိအား ၉၉၅ ဟက်တိုပါစကယ်လ် နဲ့ လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ ကျော်ဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်ကို စတင်ရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

“ဇွန်လ ၈ ရက် နေ့လည် ၁၂ နာရီမှာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး သံတွဲမြို့အနောက်ဘက် ၁၀၅ မိုင် ကိုရောက်လာနိုင်မယ် ဗဟိုဖိအား ၉၉၂ ဟက်တိုပါစကယ်(992hPa) အထိကျလာနိုင်ပြီး၊ လေတိုက်နှုန်း တစ်နာရီ ၈၀ မိုင်အထိတက်လာတာကြောင့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ကာ အမည်တစ်ခုရလာမယ်၊ ထို့ချိန်နဲ့တပြိုင်တည်းမှာ အာရေဗျပင်လယ်ဘက်မှာလဲ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကာ မည်သည့်မုန်တိုင်းက အရင်ဆုံး ဆိုင်ကလုန်းအဆင့်(လေတိုက်နှုန်း တစ်နာရီ ၇၄ မိုင်နှုန်းအထက် စ ဖြစ်မလဲ နာမည်ဘယ်ဘက်က အရင် စ ရမလဲ)ဆိုတာ မသေချာသေး” ဟုဖော်ပြထားသည်။

ထို့နောက် မြောက်-အနောက်မြောက်ဘက် နဲ့ ဇွန်လ ၉ ရက်မွန်းလွှဲပိုင်းမှာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဇွန်လ ၉ ရက် ည ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတစ်နေရာ(ခန့်မှန်း စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားတစ်နေရာ) က ဖြတ်ကျော်ကာကုန်းတွင်းသို့ ဝင်သွားနိုင်မည်ဟု ပြောထားသည်။

ယခုလတွင်ဖြစ်ပေါ်လာနိုင်မည် မုန်တိုင်းအခြေအနေမှာ ပြီးခဲ့သည့် မေလ ၁၄-၁၅ ရက်မှာ စစ်တွေမြို့အနီးမှ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်သွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြီး မိုခါလောက် အားမပြင်းနိုင်သော်လည်း မုန်တိုင်းကုန်းတွင်းဝင်ရောက်လာမည့်လမ်းကြောင်းအနီးမှ ပြည်သူများအနေနဲ့ ဇွန်လ လဆန်းပိုင်း ၃ ရက် ၄ ရက် မတိုင်မီ ကြိုတင်ပြင်စရာရှိသည်များကို စတင်ပြင်ဆင်သင့်သည့်အချိန်ကျရောက်ပြီဖြစ်ကြောင်းဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ