Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇီးချောင်းသင်္ကြန်ပွဲတော်ကို ဒုတိယအကြိမ် ကျင်းပမည်

ဇီးချောင်းသင်္ကြန်ပွဲတော်ကို ဒုတိယအကြိမ် ကျင်းပမည်

ABN-ရာဟု

ကျောက်တော်မြို့နယ် ဇီးချောင်းသင်္ကြန်ပွဲတော်ကို ဒုတိယအကြိမ်မြောက် ယခင်နှစ်ကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ပြောဆိုချက်အရ သိရသည်။

ဇီးချောင်းဆည်သင်္ကြန်ပွဲတွင် နာမည်ကြီးအဆိုတော်များနှင့် ယခင်နှစ်ကလို ဖျော်ဖြေတင်ဆက်ရေး အစီအစဉ်များပါဝင်မည်ဟု ပွဲကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောဆိုသည်။

“ကျနော်တို့က ပွဲကိုဒီနှစ်လည်း ကျင်းပမယ်လို့ ဆုံးဖြတ်လိုက်တာ ၊ အဓိကပြည်သူတွေက ဒီပွဲကို ကျင်းပချင်ကြတယ်၊ ပွဲကိုမနှစ်ကထက်ကျနော်တို့ပိုပြီး စည်စည်ကားကားဖြစ်အောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်” ဟု ABN သို့ပြောသည်။

ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်ကြားရှိ ဇီးချောင်းဆည်အနီးတွင် ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် ဇီးချောင်းသင်္ကြန်ပွဲကိုလာရောက်ဆင်နွဲသူများ တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးစည်းကားခဲ့ကာ ပရိတ်သတ် သိန်းချီလာရောက်ခဲ့သော်လည်း ခိုက်ရန်ဖြစ်ပွားမှုမရှိခဲ့ဟုသိရသည်။

ယခုနှစ်တွင်လည်း ရက္ခိုင့်တပ်တော်ကသာ တာဝန်ယူကျင်ပလျှင် လာရောက်ဆင်နွဲသူများသဖြင့် ခိုက်ရန်ဖြစ်ပွားမည်ကို စိုးရိမ်စရာ မလိုဘဲ ပျော်ရွင်စွာသွားလာနိုင်သည်ဟု ကျောက်တော်မြို့နယ်မှ ကိုအောင်ဝင်းက ပြောဆိုသည်။

“မနှစ်က လူတွေသိန်းရှိလာတာတောင် ဘာပြဿနာမှမရှိဘူး၊ AA ကအကုန်စနစ်တကျလုပ်ထားတယ် ၊ဒီနှစ်လည်း ဇီးချောင်းသင်္ကြန်ကို ထပ်ကျင်းပမယ်ဆိုတော့ မနှစ်ကထက်ပိုစည်ကားလာမယ်လို့ ထင်တယ်” ဟု ကိုအောင်ဝင်းက ABN ကိုပြောသည်။

ဇီးချောင်းသင်္ကြန်ပွဲအတွင်း မြန်မာစစ်တပ်ထုတ်အရက်ဘီယာရောင်းချခွင့်ကို ယနှစ်ကလို ပိတ်ပင်ထားပြီး ဒေသထွက် ဆန်ခးအရက်နှင့် ဓနိအရက်များကိုသာ ရောင်းချခွင့်ပြုမည်ဟု ပွဲကျင်းပရေး ကော်မတီက ပြောဆိုသည်။

ထိုဇီးချောင်းဆည် သင်္ကြန်ပွဲတော်ကို ရက္ခိုင့်တပ်တော်က လုံခြုံရေးယူကာ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ