Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇီးချောင်းသင်္ကြန်တွင် လုံခြုံရေးကို အပြည့်အဝတာဝန်ယူကြောင်း ပွဲကျင်းပရေးကော်မတီအာမခံ

ဇီးချောင်းသင်္ကြန်တွင် လုံခြုံရေးကို အပြည့်အဝတာဝန်ယူကြောင်း ပွဲကျင်းပရေးကော်မတီအာမခံ

ABN-ရှိုင်းမိုး

ရက္ခိုင့်တပ်တော်မှ ဦးဆောင်ကျင်းပသော “ဇီးချောင်း” သင်္ကြန်ပွဲတော်ကို လုံခြုံစိတ်ချစွာ ပွဲကျင်းပနိုင်ရန် စီစဥ်ထားကြောင်း ပွဲကျင်းပရေးကော်မတီကပြောသည်။

အဆိုပါဇီးချောင်းသင်္ကြန်ပွဲတော်တွင် ရက္ခိုင့်တပ်တော် ULA/AAမှ လုံခြုံရေးတင်းကျပ်စွာယူထားပြီး စစ်ကောင်စီတပ်နဲ့လည်း ကြိုတင်ညှိနှိုင်းမှုပြုလုပ်ထားသည့်အတွက် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ပါဝင်နိုင်ကြောင်း ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးထွန်းသာစိန်က ပြောသည်။

“စစ်ရေး ပြဿနာကိုတော့ ကျွန်တော်အာမခံနိုင်ပါတယ်၊ ပွဲခင်းထဲမှာလည်း လုံခြုံရေးအပြည့်ယူထားတယ်၊ ကျွန်တော်တို့က သူတို့နှင့်ပြောထားပြီသား ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေလည်း ရန်ကုန်- စစ်တွေကားလမ်းမထက်ကို ယူနီဖောင်းအပြည့်နဲ့ မသွားဘူးပြောထားတယ်၊ သူတို့ဖက်ကလည်းအတားအဆီးမရှိရဘူးဆိုပြီး သဘောတူထားတာရှိပါတယ်” ဟုပြောသည်။

ဇီးချောင်းသင်္ကြန်ပွဲတော်ကို ယနေ့ 11နာရီအချိန်မှစ၍ စည်ကားစွာကျင်းပမည်ဟုသိရသည်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးရွာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်မျိုး လုံးဝမဖြစ်နိုင်ကြောင်း၎င်းကပြောသည်။

“စစ်ကိုင်းတိုင်းမှာ ဖြစ်သွားတာက NUG ရုံးဖွင့်ပွဲမာဖြစ်သွားတာ၊ ပြီးတော့သူတို့မှာ ငြိမ်းချမ်းရေးဆွေးနွေးထားတာလဲမရှိဘူး၊ သဘောတူထားတာလဲမရှိဘူး၊ ဒါကြောင့် သူတို့ဖက်မှာ ဖြစ်သလိုမျိုးလုံးဝမဖြစ်နိုင်ပါဘူး” ဟုဆိုသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး နှစ်ဖက် နားလည်မှုဖြင့် အပသ်အခတ်ရပ်စဲထားသည်မှာ ယနေ့တိုင်ထိဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကကျင်းပခဲ့သည့် ဇီးချောင်းသင်္ကြန်ပွဲတော်ကို လူပေါင်း ၁ သောင်းကျော်လာရောက်ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း ယခင်နှစ်ကထက် ဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေအောင် စီစဥ်ထားကြောင်း ပွဲကျင်းပရေး ကော်မတီက သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ