Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆေးဝါးတင်သွင်းခွင့်ပိတ်ပင်ထားသည့် ရခိုင်တွင် စစ်ကောင်စီ ဆေးစရိတ်ငွေတောင်း

ABN-ရှိုင်းမိုး

ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ ဗျူဟာမှူးကိုယ်တိုင် ပုဏ္ဏားကျွန်းမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်များကိုခေါ်ပြီး နယ်လှည့်ဆေးကုသပေးရန်ဟုဆိုကာ ငွေတောင်းခံခဲ့ကြောင်းသိရသည်။

ယမန်နေ့က စစ်ကောင်စီ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူးသည် ပုဏ္ဏားကျွန်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၃၀ ခန့်ကို ခေါ်ယူပြီး စစ်တပ်ဆရာဝန်များဖြင့် နယ်လှည့်ဆေးကုသပေးနိုင်ရန်ဟုဆိုကာ ငွေတောင်းခဲ့ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များကို ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည်က ပုဏ္ဏားကျွန်းမြို့ အေထြေထြ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး ထိုသို့ ငွေတောင်းခံခဲ့ခြင်းဖြစ်သည်။

ထိုသို့ ငွေတောင်းခံရာတွင် စုစုပေါင်း ငွေကျပ်သိန်း ၂၀ ကျော်ရရှိသွားသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဗျူဟာမှူးကိုယ်တိုင် အစည်းဝေးခေါ်ပါတယ်။ ပြီးတော့ ပုဏ္ဏားကျွန်းနယ်မှာ ဆေးဖို့မပေးနိုင်တဲ့ ဆင်းရဲသားတွေကို ဆေးကုဖို့အတွက် ငွေတောင်းခံတာပါလို့ပြောပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ငွေ စုစုပေါင်း သိန်း ၂၀ ကျော်ပေးလိုက်ပါတယ် ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ဦးဂါတိုက်နယ်ဆေးရုံနှင့် ကူတောင်တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသည့်အတွက် ထိုဒေသများမှ ပြည်သူများမှ အရေးပေါ်လူနာများအတွက် အခက်တွေ့နေရကြောင်း သိရသည်။

“သူတို့က ဆေးကုတာကိုအကြောင်းပြပြီး စည်းရုံးရေးလုပ်နေတာပါ။ တကယ်စေတနာရှိရင် ရွိတဲ့ ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်ရှိအောင် လုပ်ပေ။ ဆေးရုံထောက်ကူပစ္စည်းတွေ ချထားပေးလို့ရနေတာပဲ” ပုဏ္ဏားကျွန်းမြို့နယ်မှ ရွာသား တစ်ဦးကပြောသည်။

ထို့အပြင် ရခိုင်ပြည်တွင်းသို့ ဆေးဝါးတင်သွင်းခွင့်ကိုလည်း ပိတ်ပင်ကန့်သတ်ထားပြီး၊ နယ်လုံကျော်သူရ လက်မှတ်ပါမှ သယ်ယူခွင့်ပေးထားသည်။

ဇန္နဝါရီလ ၁၂ နေ့ကလည်း ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ ဓာတ်ဆီဆိုင်ပိုင်ရှင်များ၊ ရေနံဆီဆိုင်ပိုင်ရှင်များနှင့် အုတ်လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူပြီး ဘိလပ်မြေအိတ် ၆၀ နှင့် အုတ် ၁၀၀၀ တို့ကို တောင်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-မင်းပြားနယ်တွင် စစ်ကောင်စီတပ် က ဆေးကုပေးနေစဉ်

ဆေးဝါးတင်သွင်းခွင့်ပိတ်ပင်ထားသည့် ရခိုင်တွင် စစ်ကောင်စီ ဆေးစရိတ်ငွေတောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ