Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆရာမနှင်းယုနွယ်အမှုတွင် Western News သတင်းဌာနမှတင်သည့် တရားခံတစ်ဦးထက်ပိုသည်ဟု ရေးခြင်းမှာ သတင်းမှားဖြစ်ကြောင်း AA ပြန်ကြားရေးတုန့်ပြန်

ဆရာမနှင်းယုနွယ်အမှုတွင် Western News သတင်းဌာနမှတင်သည့် တရားခံတစ်ဦးထက်ပိုသည်ဟု ရေးခြင်းမှာ သတင်းမှားဖြစ်ကြောင်း AA ပြန်ကြားရေးတုန့်ပြန်

AB News-ဟိန်းထွန်း

အောက်တိုဘာ ၁၄ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာမှ ဆရာမနှင်းယုနွယ်သတ်ဖြတ်ခံရမှု၌ Western News သတင်းဌာနမှတင်သည့် သတင်းတွင် တရားခံတစ်ဦးထက်ပိုကြောင်း ဦးခိုင်သုခက ပြောသည်ဟု သုံးနှုန်းခဲ့ရာ ရက္ခိုင့်တပ်တော်ပြန်ကြားရေးတာဝန်ခံမှ ယခုလိုမပြောခဲ့ကြောင်း ပြန်လည် တုန့်ပြန်လိုက်သည်။

Western News သတင်းဌာန၏ သတင်းတွင် “ဆရာမ နှင်းယုနွယ်ကိစ္စက ကျနော်တို့ စစ်ဆေးမှုတွေ လုပ်နေတယ်။ အခုကတော့ ဘယ်သူသတ်သလဲဆိုတဲ့ တရားခံကတော့ ကျနော်တို့ ဖော်ထုတ်ထားနိုင်ပြီဗျာ။ တခြားစစ်ဆေးစရာ အချက်အလက်တွေ ကျန်နေသေးတာကြောင့်မို့လို့ ဘယ်သူလဲဆိုတာက ထုတ်ဖော်ပြောလို့မရသေးဘူး။ တရားခံကတော့ တစ်ဦးထက်ပိုပါတယ်။ ဘယ်သူတွေ ပါသလဲဆိုတာက နောက်မှ ကျနော်တို့ အသေးစိတ်ထုတ်ပြန်ပေးပါမယ်” ဟု တစ်ဦးထက်ပိုသည်ဟု Quote တွင်ရေးသားထားသည်ကို ထိုသို့မပြောခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက AB News သို့ပြောသည်။

တရားခံ တစ်ဦးထက်ပိုကြောင်းကို ဦးခိုင်သုခသည် မည်သည့်အခါမှ မည်သည့်သတင်းဌာသို့ ပြောကြားမှုမရှိသည့်အပြင် ထိုသို့ Western News၏ ဖော်ပြချက်သည် အမှားသာဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

“ယနေ့မနက် Western News သတင်းဌာနက ဆရာမနှင်းယုနွယ်အသတ်ခံရမှုနဲ့ပတ်သတ်လို့ သတင်းရေးသားဖော်ပြထားတာမှာ တရားခံဟာတစ်ဦးထက်ပိုတယ်လို့ ရေးသားဖော်ပြထားတာတွေ့ပါတယ်၊ အဲ့ဒါက ဦးခိုင်သုခက ပြောတယ်လို့ ကျနော်ကို Quote လုပ်ထားတာတွေ့ရပါတယ်၊ ကျနော့်ဖက်ကပြန်ပြောချင်တာကတော့ခါ ဆရာမနှင်းယုနွယ်အသတ်ခံရမှုမှာ တရားခံဟာတစ်ဦးပို​တယ်လို့ ကျနော် ဘယ်သောအခါမှ ဘယ်သတင်းဌာနကိုမှ ကျနော့်အနေနဲ့ပြောကြားမှုမရှိပါ၊ ယခုရေးသားဖော်ပြချက်ကို ကျနော်ပြောတာ လုံးဝမဟုတ်ဆိုတာကို ကျနော့်အနေနဲ့အတိအလင်း ပြောကြား လိုပါတယ်” ဟု ဆိုသည်။

သက်ဆိုင်ရာသတင်းသမားများအနေဖြင့် တိတိကျကျမှန်မှန်ကန်ကန် ရေးသားဖော်ပြကြဖို့ ကို မေတ္တာရပ်ခံပန်ကြားလိုကြောင်း ဦးခိုင်သုခက ၎င်း၏ တယ်လီဂရမ်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ