Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆန်ရိက္ခာထောက်ပံ့ရန်သွားခဲ့သည့် ဦးသဘာဝနဒီကားကို ကျောက်တန်း စစ်ဆေးရေးဂိတ်ကပြန်လည် သွားခွင့်ပြု

ABN-ဟိန်းထွန်း

ဇူလိုင် ၆ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် စမ္ပတီချောင်းဖျာင်းဒေသ နှင့် တောဖျားချောင်းဒေသအတွင်းသို့ ဆန်ရိက္ခာထောက်ပံ့ရန်သွားခဲ့သည့် ဦးသဘာဝနဒီကားကို ကျောက်တန်းဂိတ်မှ ဖြတ်ကျော်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဦးသဘာဝနဒီ ကယ်ဆယ်ရေးကားသည် ယမန်နေ့ ၁၀ နာရီခွဲတွင် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် နယ်/လုံလက်မှတ်မပါခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီး ညနေ ၃ နာရီခန့်က သွားခွင့်ပေးခဲ့သည်ဟုသိရသည်။

ထွေအုပ်လက်မှတ်ဖြင့် ကယ်ဆယ်ရေးပေးရန်သွားခဲ့သည့် ထိုကားမှာ ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခွင့်ပြုလိုက်သော်လည်းပဲ အချိန်ကြန့်ကြာခဲ့ရာ ထောက်ပံ့ဆန်များ အချိန်မှီမရောက်ခဲ့ကြောင်း ဦးသဘာဝနဒီက ABN သို့မိန့်သည်။

“ကားကတော့မနေ့ညက ကားသမားကယူလာပါတယ်၊ သူတို့သွားခွင့်ပြုတယ်လို့ပြောတယ်၊အဲဒီနေ့ကမပေးရတဲ့အတွက်ကြောင့် ဆန်တွေအချိန်မှီရောက်မသွားဘူး၊အချိန်တွေကြန့်ကြာသွားပါတယ်” ဟုဆိုသည်။

ကူညီကယ်ဆယ်ရေးလိုအပ်နေသော နတ်တောင်ကျေးရွာ၊ ကြာညိုကန်ကျေးရွာ၊ သဲဖြူချောင်းကျေးရွာ၊ ကမ်းထောင်းကြီးကျေးရွာနှင့် ဆင်သီပိန္နဲတော ကျေးရွာတို့ကိုပေးမှာ ဖြစ်ပြီး တစ်ရွာလျှင် ၂၄ ပြည်ဆန်အိတ် ၂၅ အိပ်စီဖြင့် ၄ ရွာသို့ပေးအပ်မည်ဖြစ်ပြီး ဆင်သီပိန္နဲတောတွင် ဆန်အိတ် ၁၀၀နှင့် စုစုပေါင်​ဆန်အိတ်ရေ ၂၀၀ ကိုပေသွားမည်ကြောင်း ဦးသဘာဝနဒီထံက သိရသည်။

လက်ရှိတွင် ထောက်ပံ့ဆန်များကို သဲဖြူချောင်းတွင် ဖြန့်ဝေပေးနေလျက်ရှိပြီး ကျန်ရွာများကို လက်ဝဲစာတိုက်ဆိပ်ကမ်းမှနေ၍ ခွဲလှူခဲ့ရကြောင်း ဆက်၍မိန့်သည်။

“အခုက ကယ်ဆယ်ရေးပေမယ့်ရွာတွေကိုရောက်နေပါပြီ၊ ဆန်တွေကိုရွာသားတွေကိုထောက်ပံ့နေပါတယ်၊ တစ်ခြားရွာတွေကိုကိုယ်တိုင်မသွားတော့ပါဘူး၊ လက်ဝဲစာတိုက်ဆိပ်ကမ်းကပဲ ခွဲပေးလိုက်ပါတယ်” ဟု မိန့်သည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ ကူညီကယ်ဆယ်ရေးသွားရောက်လိုသည့် မည်သည့်အဖွဲ့အစည်းမဆို သက်ဆိုင်ရာမြို့နယ် ထွေအုပ်လက်မှတ်ဖြင့်သွားရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက မီဒီယာများသို့ ပြောထားကြောင်းတွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ