Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆင်အင်းကြီးရွာမှ စကစ အဖွဲ့ ပြန်လည်ထွက်ခွာ၊ ရွာသူရွာသားများပြန်မရောက်ကြသေး

ABN-ကိုဟိန်းထွန်း

မေ ၂၆ ရက်

ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာထဲသို့ ဝင်ရောက်ခဲ့သည့်စကစက တပ်သား ၁၁ ဦးသည် ၎င်းရွာမှ ယနေ့ ညနေ ၄ နာရီ ၃၃ မိနစ်ကထွက်သွားခဲ့သော်လည်း ရွာသူ/ရွာသားများမှာ ပြန်မရောက်ကြ သေးကြောင်းသိရသည်။

စကစတပ်ဖွဲ့ဝင်များသည် လက်နက်ခဲယမ်းအပြည့်ဖြင့် ဆင်အင်းကြီးရွာထဲသို့ ယနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က စစ်ကား ၁ စီးနှင့် ဝင်လာခဲ့ပြီး ၎င်းရွာ၏ ဗဟိုလမ်းဖြစ်သည့် တာဝါတိုင်အနီးတွင် ၃နာရီကြာကြာနေခဲ့ရာ မည်သည့်အကြောင်း ကိစ္စဖြင့် ဝင်လာသည်ကိုကားမသိရရှိသေးပေ။

စစ်ကားဝင်လာခဲ့သည့်အချိန်တွင် ရွာသူရွာသားများ ၁၀၀ ခန့် ရုန်းရင်းဆန်ခတ်ထွက်ပြေးသွားခဲ့ပြီး နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုလှုံလျက်ရှိကြောင်း ဒေသခံ ၁ ဦးက ABN ကိုပြောသည်။

“သူတို့ကားဝင်လာတာနဲ့ ရွာသားတွေ အထုတ်အပိုးတွေဆွဲပြီးအမြန်ထွက်သွားတယ်၊ ၁၀၀ လောက်ရှိတယ်၊ အခြားရွာတွေကလည်း ဆိုင်ကယ်၊ ကားတွေငှားပြီး ပြေးကြတယ်၊ သူတို့က ဒီရွာမှာလူတွေအများကြီးသတ်ပစ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

ဒေသခံများပြောကြားချက်အရ ၎င်းတို့သည် မည်သည့် ကိစ္စ နှင့်ရွာသို့ဝင်လာကြောင်းမသိရှိရဘဲ ပြန်ပြီးထွက်ခွာသွားခဲ့သည်ကို ဝေဖန်နေကြောင်းသိရသည်။

ပဒေသာ ရွာသစ်၊ ရွာဟောင်း၊ ဆင်အင်းကြီး နှင့် အခြားရွာများမှ ပြည်သူများမှာ ရက္ခိုင့်တပ်တော်နှင့် စကစတို့ တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်ရွံ့သောကြောင့် နီးစပ်ရာဆွေမျိုးအိမ်များကို အထုတ်အပိုးများဖြင့် ပြေးနေကြသည်ကို ABN သတင်းထောက် မြက်မျက် ကိုယ်တွေ့ဖြစ်သည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ