Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စနဲမြို့မြောက်ဖက်တွင် ရက္ခိုင့်တပ်တော် နှင့်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစဖက်မှ ၄ ဦးဒဏ်ရာရရှိသွားကြောင်း ညီနောင် ၃ ဖွဲ့ထုတ်ပြန်

စနဲမြို့မြောက်ဖက်တွင် ရက္ခိုင့်တပ်တော် နှင့်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစဖက်မှ ၄ ဦးဒဏ်ရာရရှိသွားကြောင်း ညီနောင် ၃ ဖွဲ့ထုတ်ပြန်

AB News – ဒီဇင်ဘာ ၂၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် စနဲမြို့မြောက်ဘတ် မီတာ ၁၃၀၀ အကွာအဝေးတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စကစဖက်မှ ၄ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ညီနောင် ၃ ဖွဲ့ယမန်နေ့ ဒီဇင်ဘာ ၂၃ရက်နေ့ ညသန်ခေါင် ၁၂ နာရီတိတိ က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ (၂၃) ရက်နေ့၌ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မြောက်ဘက် မီတာ (၁၃၀၀) ခန့် အကွာအဝေး (တစ်နည်း) စနဲမြို့နှင့် အဝတောင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရက္ခိုင့်တပ်တော် (AA) ရှိရာနေရာသို့ ဒီဇင်ဘာလ (၂၃) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်တွင်ဝင်ရောက်လာသောကြောင့် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူ့ဘက်မှ (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီအဖွဲ့က ရက္ခိုင့်တပ်တော် လှုပ်ရှားရာနယ်မြေထဲသို့ ဝင်ရောက်လာသောကြောင့်၂ ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် နှင့်စစ်ကောင်စီအဖွဲ့တို့သည် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းလည်း ညီနောင် ၃ ဖွဲ့ကဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်း ၃ နာရီ ၂၀ မိနစ်တွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏မြို့မစခန်းနှင့် ငွေတောင်ပေါက်စခန်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စကစအဖွဲ့ဝင် အချို့သေဆုံးကာ ထွက်ပြေးသွားသည့်သူများလည်း ရှိကြောင်းသိရသည်။

စကစအဖွဲ့က ယမန်နေ့ နေ့လည် ၂ နာရီကျော်တွင် တောဂန်ရွာသို့ဝင်ရောက်ပြီး နေအိမ်များကို တမင်တကာ မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် ဆိပ်ကမ်းအနီး၌ရှိသည့် ဒေသခံဆန်ကုန်သည်များ၏ စပါးတောင်း (၃) ‌ထောင်ကျော်၊ ဆန်အိတ်ပေါင်း (၈၀၀) အိတ်ခန့်နှင့် ဆန်ကွဲအိတ် (၁၀) ကျော်တို့အားလည်း အတင်းအဓမ္မလုယူခြင်းနှင့် ဘုတ် သမား (၂) ဦးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည််ဟု မြောက်ပိုင်း ၃ ဖွဲ့ကဆိုသည်။

ထို့အပြင် ၅၄၀တပ်ရင်းအပါအဝင် မြို့မစခန်းများမှ စကစ တပ်သားများလည်း ရက္ခိုင်ံတပ်တော်ထံအလင်းဝင်ရန် ရှိနေ​သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် လက်နက်ချက်အညံမခံသော စကစတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းလျက်ရှိသည့်အတွက် ၎င်းတို့ဖက်မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်မှုကြောင့် မြောက်ဦးမြို့ခံ ၅ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင်အချို့သည် မြောက်ဦးမှထွက်ပြေးနေရပြီး ဘေကင်းလုံခြုံရာနေရာများသို့ တိမ်းရှောင်နေကြရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ပြည်သူများ၏ ဆန်စပါးများကို အတင်းအဓမ္မလုယူခြင်း၊ ​ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ​လူသားဒိုင်းကာအဖြစ်ခေါ်ယူပြီး ဖမ်းဆီးသတ်ဖြတ်လာနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ