Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စနဲတွင် မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ် ၁ ဆောင် မီးလောင်ပြာကျ

ABN-ရှိုင်းမိုး

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်အချိန်တွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၁ဆောင် မီးလောင်ပြာကျသွားခဲ့သည်ဟု သိရသည်။

အိမ်ပိုင်ရှင်မှာ အသက် ၅၀ကျော်အရွယ် ဦးသာခွေနှင့် ဒေါ်မဗိုတို့ဖြစ်ကြောင်း သိရသည်။

စနဲမီးသတ်တပ်ဖွဲ့မှ ၁နာရီ ၂၀မိနစ်တွင် ရောက်လာပြီး မီးငြိမ်းလိုက်သော်လည်း မီးသတ်ရောက်ချိန်နောက်ကျသောကြောင့် တစ်အိမ်လုံးလောင်းကျွမ်းသွားခဲ့သည်ဟု မီးသတ်အရာရှိတစ်ဦးကပြောသည်။

“သူတို့က ၁နာရီ ၁၈မိနစ်လောက်မှာဖုန်းဆက်လာပါတယ်၊ နေရာက နီးနီးလေးပါ ၂မိနစ်ခန့်သာ သွားရပါတယ်၊ ဒါပေမယ့် ဖုန်းဆက်တာက နောက်ကျပါတယ်၊ ကျွန်တော်ရောက်တာနဲ့ အိမ်က တစ်ဆောင်လုံးလောင်ကျွမ်းနေပါပြီ” ဟု စနဲမီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

နေအိမ် မီးဖို‌ချောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိသော်လည်း (ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး) လူနေအိမ်တစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ