Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ််ကောင်စီ၏ ရဟတ်ယာဥ်မှ ပစ်ခတ်သည့်မော်တာကျည် ထိမှန်ပြီး ဘင်္ဂလားဒေ့ချ်မှ အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

AB News – ဖေဖော်ဝါရီ ၅၊ ၂၀၂၄

စစ််ကောင်စီ၏ စစ်ရဟတ်ယာဥ်မှ ပစ်ခတ်သည့်မော်တာကျည် ထိမှန်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံအရှေ့တောင်ပိုင်း၊ ရွာတော်ခရိုင်ရှိ နတ်ချောင်းချရီမြို့နယ်မှ အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း AB News မှ သိရှိရသည်။

သေဆုံးခဲ့သူများမှာ ရွာတော်ခရိုင်ရှိ နတ်ချောင်းချရီမြို့နယ်မှ အသက် ၄၅နှစ်အရွယ် ဟူစ်နီရာခါတွမ်န်၊ ဆောက်လုပ်ရေး အလုပ်သမား ၁ဦးနှင့် ၅ နှစ်အရွယ် ကလေး ၁ ဦးမှာ ဒဏ်ရာရရှိသွားကြောင်းသိရသည်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲဗျူဟာကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ရာ အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီ၏ စစ်ရဟတ်ယာဥ်ဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် နယ်စပ်တစ်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဘင်္ဂလားဒေ့ချ်မှ ကလေးငယ် ၁ဦး ဒဏ်ရာရသွားပြီး အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

“ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ်ခန့်အချိန်မှာ စစ်ကောင်စီအဖွဲ့ဟာ စစ်ရဟတ်ယာဥ်တွေနဲ့ ၁၀ မိနစ်ကြာ ပစ်ကူပေးခဲ့တယ်။ ညနေ ၃နာရီ ၁၅မိနစ်အချိန်မှာလည်း စစ်ကောင်စီရဲ့ ရဟတ်ယာဥ်ဟာ နယ်စပ်တစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်
ဘင်္ဂလားဒေ့ချ်က ကလေး ၁ဦး ဒဏ်ရာရသွားပြီးတော့ အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်” ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရဟတ်ယာဥ်မှ ပစ်ခတ်သည့်မော်တာကျည်ထိမှန်ပြီး  ရွာတော်ခရိုင်ရှိ နတ်ချောင်းချရီမြို့နယ်မှ အသက် ၄၅နှစ်အရွယ် ဟူစ်နီရာခါတွမ်န်၊ ဆောက်လုပ်ရေး အလုပ်သမား ၁ဦး သေဆုံးခဲ့ပြီး ၅ နှစ်အရွယ် ကလေး ၁ ဦးတို့ဒဏ်ရခဲ့သည်ဟု ဘင်္ဂလားဒေ့ချ်နိုင်ငံမီဒီယာများကလည်း ဖော်ပြထားသည်ကိုတွေ့ရသည်။

မောင်တောမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏  တောင်ပြိုဗျူဟာကုန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၄ရက်၊ နံနက် ၂နာရီခွဲအချိန်မှ စတင်​၍ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နယ်ခြားစောင့် ၆၆ ဦးခန့် ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးခဲ့ပြီး ယနေ့ နံနက် ၁၀နာရီကျော်အချိန်တွင်လည်း ၂၉ဦးခန့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၃ ဦးထက်မနည်း စစ်ကောင်စီပစ် လက်နက်ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ