Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်အင်အား ၅၀၀ ကျော်ဖြင့် စစ်ကောင်စီတပ်နေဗီကြီး ၁ စင်း စစ်တွေဆိပ်ကမ်းကို ဝင်ရောက်

စစ်အင်အား ၅၀၀ ကျော်ဖြင့် စစ်ကောင်စီတပ်နေဗီကြီး ၁ စင်း စစ်တွေဆိပ်ကမ်းကို ဝင်ရောက်

ABN-ရှိုင်းမိုး

ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ကျော်တွင် ပင်လယ်ပြင်ဖက်မှလာသည့် စစ်ကောင်စီ နေဗီကြီး ၁စီးသည် စစ်အင်အား ၅၀၀ ကျော်ဖြင့် စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းကို ရောက်ရှိကြောင်း သိရသည်။

ထိုနေဗီတွင်စစ်အင်းအား ၅၀၀ကျော်ခန့် အပါအဝင် လက်နက်ခဲယမ်းများလည်းပါဝင်ကြောင်းသိရသည်။

ထိုနေဗီ စစ်တွေဆိပ်ကမ်းကိုရောက်ရှိလာသောကြောင့် စစ်တွေမြို့ထဲမှ ရဲကားများ၊ စစ်ကားများ ဆိပ်ကမ်းကို ဆင်းသွားသည်ဟု သိရသည်။

“ စစ်အင်အား ၅၀၀‌ နီးပါးလောက်ပါတဲ့ နေဗီက ပင်လယ်ပြင်ဖက်က လာတာပါ၊ ၁၂နာရီကျော်လောက်မှာ စစ်တွေဆိပ်ကမ်းကိုရောက်ပါတယ်၊ နေဗီရောက်တာနဲ့ မြို့ထဲက စစ်ကားတွေ ရဲကားတွေ ဆင်းတာကိုတွေ့ပါတယ်၊ နေဗီတွေကတော့ ပင်လယ်ဖက်က ရောက်လာတာပါ၊ ဒါပေမယ့် ဒီလောက်စစ်အင်အား တခါမှ မပါဘူး” ဟု စစ်တွေမှ မျက်မြင်သက်သေတစ်ဦးက ABNကိုပြောသည်။

ပင်လယ်ပြင်ဖက်မှ နေဗီသည် စစ်တွေ၊ ကျောက်ဖြူ မြို့ ၂မြို့ကိုသာ ရောက်ရှိပြီး တခြားမြို့များကို တိုက်ရိုက်ရောက်ရှိခြင်းမရှိဟု သိရသည်။

“စစ်တွေဆိပ်ကမ်းကနေပြီး တခြားမြို့နယ်တွေကို ပို့ပေးတယ်၊ စစ်ကားနဲ့ ပို့ပေးတဲ့မြို့တွေလည်းရှိတယ်၊ နေဗီနှင့် ပို့ပေးတဲ့မြို့တွေလည်းရှိတယ်၊ စစ်လေယာဥ်နှင့် ပို့ပေးတဲ့ မြို့တွေလည်းရှိပါတယ်၊ အပစ်ခတ်ရပ်ပြီးကတည်းက ပို့ပေးနေတာတွေလည်း မနည်းတော့ပါဘူး၊ ဒီတခါက်စစ်ပွဲဖြစ်လာရင် အယင်ကထက် အခြေနေတွေပိုဆိုးလာနိုင်တယ်” ဟု စစ်တွေမြို့မှ အမည်မဖော်လိုသူ တစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီတပ်သည် ဘူးသီးတောင်နယ်ဖက်ရှိ ၎င်းတို့ တပ်များရှိရာသို့ ရိက္ခာများကို ပုံမှန် ပို့ပေးလျက်ရှိနေပြီး မင်းပြားဖက်သို့လည်း နေဗီဖြင့် ရိက္ခာနဲ့ လက်နက်များ နေ့တိုင်းနီးပါး ပို့ပေးလျက်ရှိသည်ကို တွေ့ရသည်။

ဘူးသီးတောင်နယ်မှ ‌ဒေသခံတစ်ဦးမှ “ ကျွန်တော် မြို့ဖက်ကို တခါတလေဆိုရင် တနေ့ကို ၅ကြိမ်လောက်ရောက်တဲ့အခါရှိပါတယ်၊ ရိက္ခာတွေများတယ်၊ စစ်အင်အားကအဲလောက်မပါဘူး၊ ရိက္ခာကတော့ တခါ တခါ ‌ရောက်ရင် တင်မကုန်ဘူး” ဟုဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ