Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ စစ်သားသစ်စုဆောင်းနိုင်ရေး ရက္ခိုင်တောင်ပိုင်း သံတွဲတွင် လူစာရင်းကောက်နေ

စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ စစ်သားသစ်စုဆောင်းနိုင်ရေး ရက္ခိုင်တောင်ပိုင်း သံတွဲတွင် လူစာရင်းကောက်နေ

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ သံတွဲမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဆောင်ရန် ယနေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ နံနက်ပိုင်းအချိန်တွင် လူစာရင်းကောက်ခံနေကြောင်း AB News သံတွဲမြို့ခံများ ပြောကြားချက်အရ သိရှိရသည်။

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့သည် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်း ပြဌာန်းပြီးနောက် ရက္ခိုင်ပြည်ရှိ တောင်ကုတ်မြို့တွင် လူစာရင်းကောက်ခံခဲ့ပြီး ယနေ့တွင်လည်း သံတွဲမြို့တွင် စစ်မှုထမ်းရန် လူစာရင်းကောက်ခံနေသည်ကို တွေ့ရသည်။

စစ်ကောင်စီအဖွဲ့သည် နေအိမ် ၁အိမ်ချင်းစီကို ဝင်ရောက်စစ်ဆေးပြီး ၎င်းအိမ်တွင်ရှိသော အမျိုးသားအရေအတွက်နှင့် အမျိုးသမီးအရေအတွက်ကို စာရင်းပြု ကောက်ခံနေကြောင်း သိရှိရသည်။

အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီဝန်ထမ်း ၁စုသည် သံတွဲမြို့ရှိ ရပ်ကွက်များတွင် တစ်အိမ်ဝင် တစ်အိမ်ထွက်ကာ လူစာရင်းကောက်ခံနေသော်လည်း အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုကြောင်း သံတွဲလူငယ်များက ပြောသည်။

“ဒီဥပဒေကို ပြဌာန်းလိုက်တဲ့ အချိန်စပြီး ပြည်သူတွေဟာ တရားဝင် ပေါ်တာဆွဲခံနေရတာ။ အခုဆိုရင် အိမ်မှာ မနေရဲတော့ဘူး။ အပြစ်သား ၁ဦးလို ဘယ်အချိန် ဝင်ဖမ်းမှာဆိုတာကို တွေးပူပြီး ကြောက်နေရတယ်။ အိမ်မှာနေရင်တောင် သူတို့လာဖမ်းမှာ စိုးရိမ်နေရတယ်။ ဖြစ်နိုင်ရင် စစ်ကောင်စီတပ်ရဲ့ မဖမ်းဆီးနိုင်တဲ့ နေရာကို ရောက်ချင်တယ်” ဟု ဆိုသည်။

“စစ်မှုမထမ်းမနေရတဲ့ အခြေအနေကို ရောက်လာရင်တော့ ရက္ခိုင့်တပ်တော်ထံမှာ တာဝန်ထမ်းဆောင်ချင်တယ်။ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်မှာ တာဝန်ထမ်းဖို့ စိတ်ကူးမရှိဘူး” ဟုလည်း နောက်ထပ်လူငယ်တစ်ဦးကဆက်ပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွဲခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း သေဆုံးသူ နေ့စဥ် ရာချီရှိနေပြီး ဒဏ်ရာရရှိသူ၊ ဖမ်းဆီးခံရသူ၊ လက်နက်ချအညံ့ခံသူ၊ ထွက်ပြေးသူ အရေအတွက်မှာ ပိုမိုများလာနေကာ စစ်မှုထမ်းများမှာ တစ်နေ့ထက် တစ်နေ့ လျော့နည်းလျှက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်နေ့ ည ၁၂နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ရပ်ကွက်တွင် နေထိုင်သည့် ရက္ခိုင်အမျိုးသမီး ၅ ဦးကို စစ်ကောင်စီအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ၎င်းအမျိုးသမီး ၅ဦးအနက် ၁ဦးကို ငွေတောင်းကာ ပြန်လွှတ်လိုက်သည်။

ဓာတ်ပုံ-စစ်မှုထမ်းဥပဒေအကြောင်း ဝါဒဖြန့်စည်းရုံးနေကြသည့် စစ်ကောင်စီအဖွဲ့အားတွေ့ရစဥ်

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ