Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးရှောင် သက်ကြီးများ ငွေကြေးအခက်အခဲကြောင့် သင်္ကြန်ကာလ ဥဗုသ်သီတင်းဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့ မသွားနိုင်ဖြစ်နေ

စစ်ဘေးရှောင် သက်ကြီးများ ငွေကြေးအခက်အခဲကြောင့် သင်္ကြန်ကာလ ဥဗုသ်သီတင်းဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့ မသွားနိုင်ဖြစ်နေ

ABN-ရာဟု

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စခန်းနေ စစ်ရှောင်များမှာ ငွေကြေးမတတ်နိုင်ကြသဖြင့် ရိုးရာသင်္ကြန်ကာလအတွင်း ဥပုသ်သီတင်းဆောက်တည်နိုင်ရန် ဘုရားကျောင်းကန်များကို မသွားနိုင်​ဖြစ်နေကြရကြောင်း စစ်ဘေးရှောင်များ၏ ပြောကြားချက်အရသိရသည်။

သင်္ကြန်နားနီးလာသော်လည်း ငွေကြေးတစ်စုံတစ်ရာမရှိသဖြင့် ဘုရားသွားကျောင်တက်ပြီး ဥပုသ်သီလဆောက်တည်ရန် အတွက်ပင် မတတ်နိုင်ဘဲဖြစ်နေကြရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းက စစ်ရှောင် ဦးမောင်လှစိန် အသက် ၇၉နှစ် က ပြောသည်။

“အဖိုးတို့မှာ အလုပ်အကိုင် မရှိဘူး၊ ဘုရားသွားကျောင်းတက် ဥပုသ်ယူဖို့တောင် မသွားနိုင်ဘူး၊ လိုအပ်တဲ့ အဝတ်အစားတွေကို ငွေမရှိလို့ မဝယ်နိုင်ဘူး၊ အကုန်ရွာမှာ ကျန်ခဲ့တာ၊ သင်္ကြန်ကျလည်း ဘာအလှူအတန်းမှ မလုပ်နိုင်ဘူး၊ စခန်းမှာဘဲ နေကြရတော့မယ်” ဟု ပြောသည်။

သင်္ကြန်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ပွဲတစ်ခုဖြစ်ပြီး အလှူအတန်းများ မပြုလုပ်နိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း တိမ်ညိုစစ်ရှောင်စခန်းမှ အသက် ၅၈ နှစ်ရှိ စစ်ဘေးရှောင် ဒေါ်ယဥ်သာကပြော သည်။

“သင်္ကြန်ဆိုတာ အဘွားတို့ ဗုဒ္ဓဘာသာတွေအတွက် အရေးပါတဲ့ကာလပါ၊ အလှူအတန်းတွေကို တတ်နိုင်သလောက်လုပ်ကြတာ၊ ခုကအဘွားတို့မှာ ပိုက်ဆံမရှိတော့ အလှူလည်းမလုပ်နိုင်သလို သားသမီးတွေကိုလည်း ပိုက်ဆံမပေးနိုင်တော့ ပိုပြီး စိတ်မကောင်းဖြစ်တယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ထောက်ပံ့ငွေ ရရှိမှုလည်း ပုံမှန်မရှိ၊ အလုပ်အကိုင်မှာလည်း ကြုံရာကျပမ်းအလုပ်ကို လုပ်ကိုင်ပြီး စစ်ရှောင်စခန်းများတွင် နေထိုင်နေကြရခြင်းဖြစ်သောကြောင့် သင်္ကြန်ကာလအတွင်း ဥပုသ်သီတင်းပင်တည်ဆောက်နိုင်ဖို့ ခက်ခဲနေကြသည့်အတွက် အဖွဲ့အစည်းများအနေဖြင့် ငွေကြေးများ လာရောက်လှူဒါန်းပေးကြစေလိုကြောင်း ဂဏန်းတောင်စစ်ရှောင်စခန်းတာဝန်ခံ ဦးကျော်လှက ABN သို့ ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်စခန်းများရှိ လူငယ်များမှာလည်း ငွေကြေးအခက်အခဲကြောင့် သင်္ကြန်ပွဲများကို ဆင်နွဲရန် မတတ်နိုင်ကြကြောင်း သိရသည်။

ရခိုင်ပြည်ရှိ မြို့နယ်အများစုတွင် စစ်ကောင်စီကဦးစီးပြီး ဗဟိုမဏ္ဍာပ်များဆောက်ကာ သင်္ကြန်ပွဲကျင်းပရန် ပြင်ဆင်နေကြသည်ကိုတွေ့ရသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ