Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးရှောင် ရုပ်သားရွာသားများ စားနပ်ရိက္ခာ နှင့်အကူအညီများအရေးတကြီးလိုအပ်နေ

စစ်ဘေးရှောင် ရုပ်သားရွာသားများ စားနပ်ရိက္ခာ နှင့်အကူအညီများအရေးတကြီးလိုအပ်နေ

ABN-ရာဟု

ရခိုင်ပြည် ကျောက်တော်မြို့နယ်သဲပုံကျေးရွာတွင် လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ရုပ်သားရွာသားများမှာ စားနပ်ရိက္ခာနှင့် အကူအညီများ အရေးတကြီးလိုအပ်နေသည်ဟု စခန်းတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

ရုပ်သားရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၄၃စုလူဦးရေ ၁၉၂ဦး တို့မှာ တကျော့ပြန်စစ်ပွဲကြောင့် ၂၀၂၂ခုနှစ် ဇွန်လက စတင်ကာ သဲပုံရွာတွင် လာရောက်ခိုလှုံနေထိုင်ခြင်းဖြစ်သည်။

စစ်ဘေးရှောင်များမှာ UNHCRနှင့် WFPမှ လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို တစ်ကြိမ်တစ်ခါမှ မရဖူးဘဲ သဲပုံရွာသားများ၏ အကူအညီများနှင့် အနီးအနားရှိ တောင်များကို မိုင်အန္တရာယ်ရှိသော်လည်း အရဲ့စွန့်သွားကာ ထင်းခုတ်၍ ခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်နေကြရသည်ဟု သိရသည်။

“ကျနော်တို့က အိမ်ထောင်စု ၃၄စု ၊ လူက၁၉၂ဦး ရှိတယ်၊ UNHCRနဲ့ WFPက တစ်ခါမှ အကူအညီမရဖူးဘူး၊ သဲပုံရွာသားတွေ ထောက်ပံ့ပေးတာနဲ့ ကျနော်တို့ အနီးအနားကတောင်တွေမှာ ထင်ခုတ်ပြီး ရောင်းစား ရှာစားနေရတာ၊ မိုင်းကို ကြောက်ပေမဲ့လည်း မတတ်နိုင်ဘူး ၊ စားစရာမှမရှိတာ” ဟု စခန်းတာဝန်ခံ ဦးဦးဘခိုင်က ABN သို့ပြောသည်။

သူများစခန်းတွေလို အကူအညီများ မရရှိသည့်အတွက် စားဝတ်နေရေးအပြင် အစစအရာရာမှာ အခက်အခဲများရှိနေကြပြီး လက်ရှိတွင် သဲပုံကျေးရွာ ဘုန်းတော်ကြီးပိုင်မြေတွင် သဲပုံရွာသားများ၏ ဝိုင်ဝန်းပံ့ပိုးမှုတို့ဖြင့် အဆောင်များဆောက်လုပ်ကာ နေထိုင်နေကြရသည်။

ပြည်ပရောက် ရခိုင်အလုပ်သမားများနှင့် ပြည်တွင်းအဖွဲ့အစည်း တချို့က ရံဖန်ရံခါ လာရောက်လှူဒါန်းမှုရှိသော်လည်း ပုံမှန်လစဥ်ထောက်ပံ့မှုမျိုးမဟုတ်သည့်အတွက် လုံလောက်မရှိကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လာရောက်လှူဒါန်းပေစေလိုကြောင်း စစ်ဘေးရှောင် ဦးမောင်အေးသန်းက ပြောသည်။

“တခြားစခန်းတွေက စားနပ်ရိက္ခာအတွက် လတိုင်း ထောက်ပံ့ကြေးတွေရတယ် ၊ကျနော်တို့မှာက အလှူရှင်တွေတစ်ခါတစ်လေ လာတာကလွဲလို့ ဘာမှမရရှိတော့ အရမ်းအခက်အခဲဖြစ်ရတယ်၊ တခြားစခန်းတွေလို ကျနော်တို့ကိုလည်း နိုင်ငံတကာကအဖွဲ့တွေနှင့် အလှူရှင်တွေ လာရောက်လှူစေချင်တယ်” ဟုဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ရုပ်သားရွာအနီးတွင် တပ်စွဲထားသလို့ ကျောက်တော်အခြေစိုက် စကခ ၉ မှလည်း အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ရှိနေသည့်အတွက် ရုပ်သားကျေးရွာသားများမှာ နေရပ်မပြန်ဝံ့ဘဲ ယခုတိုင် ဘေးလွတ်ရာနေရာမှာ ဆက်လက်ခိုလှုံနေကြရခြင်းဖြစ်ကြောင်း ပြောသည်။

ဓာတ်ပုံ-သဲပုံရွာတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ရုပ်သားရွာသားများ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ