Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ အကျဥ်းထောင်တွင် ရခိုင်အမျိုးသမီးအကျဥ်သားများ လူမျိုးရေး ခွဲခြားဆက်ဆံခံနေရ

(ထောင်တာဝန်ခံများမှ ရက္ခိုင်တပ်တော် AA အားလည်း “စောက်ဂရုမစိုက်” ဟု ဆဲဆိုပုတ်ခတ်မှုရှိ)

AB News – နိုဝင်ဘာ ၅ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ စစ်တွေအကျဥ်းထောင်ရှိ အမျိုးသမီးအကျဥ်းထောင်တွင် ရခိုင်အမျိုးသမီးများ လူမျိုးရေးအရ ခွဲခြားဆက်ဆံ ဆဲဆိုခံနေရသည့်အပြင် ထောင်အတွင်းတာဝန်ရှိသူများက ရက္ခိုင့်တပ်တော်အား “စောက်ဂရုမစိုက်ဘူး” ဟုဆိုပြီး ပုတ်ခတ်စော်ကားပြောဆိုမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

၎င်းထောင် အဆောင်တာဝန်ခံများမှာ ဒေါ်သူဇာထွန်း ကိုယ်ပိုင်အမှတ် ၄၂၁၈ နှင့် ဒုအဆောင်မှူး ဒေါ်ဝင်းရတနာစိုး ကိုယ်ပိုင်အမှတ် ၄၁၃၉၅ တို့ ဖြစ်ကြောင်း သိရသည်။

အကျည်းကျနေသော အမျိုးသမီးများသည် နံနက် ၄ နာရီ ၂၀ မှ ၇ နာရီထိ တန်းထိုင်ရခြင်း၊ ၇ နာရီ ၂၀ မှ ၁ နာရီထိ ရေးနွေးယူရာတွင် တစ်နာရီလောက် ဆောင့်ကြောင့်ထိုင်ပြီး စောင့်ရကာ ညနေ ၅ နာရီမှ ၇ နာရီ ၃၀ မိနစ်ထိ တန်းထိုင်ရကြောင်း သိရသည်။

တောင်စိုင်ရေမရ ဒေါ်သူဇာထွန်းနှင့် ဒေါ်ဝင်းရတနာစိုးတို့သည် အမျိုးသမီးများအား လူ့အခွင့်အရေးချိုးဖောက်နေခြင်း၊ အကျည်းသားများကို ဆဲဆိုကြိမ်းမောင်းခြင်း၊ ပညာမတတ်သူများဟုနှိမ့်ချ ပြောဆိုခြင်းနှင့် ရက္ခိုင့်တပ်တော်အား “စောက်ဂရုမစိုက်” ဟုဆိုပြီး လူမျိုးရေးခွဲခြား ဆက်ဆံနေကြောင်း AB News ကစုံစမ်းသိရှိရသည်။

” စောက်ပုံမလာတဲ့ကောင်မတွေ နင်တို့ဆီမှာ လာနေချင်လို့လာတာမဟုတ်ဘူး။ နင်တို့လူမျိုးတွေမှာ အရာရှိ မရှိဘူး၊ ပညာမတတ်တဲ့ဟာတွေမို့လို့ ငါတို့ဗမာပြည်ကလာပြီး အုပ်ချုပ်နေရတာ၊ စောက်ဂရုမစိုက်လို့ ငါတို့ရခိုင်ပြည်ကိုလာတာ၊ ငါတို့က အုပ်ချုပ်သူလူတန်းစားတွေ၊ နင့်တို့ဆီမှာ AA ဖြစ်ဖြစ်၊ BB ဖြစ်ဖြစ်ငါတို့စောက်ဂရုမစိုက်ဘူး၊ ပညာမတတ်တဲ့ဟာတွေ၊ နွားတွေဆိုပြီး နေ့တိုင်းမရိုးနိုင်အောင်ဆဲပါတယ်” ဟု ဆိုသည်။

ထို့အပြင် အမျိုးသမီးအကျည်းသားများသည် မနက်မှ မိုးချုပ်သည်ထိ ကြမ်းတိုက်၊ ရေပုံးဆွဲ လုပ်ကိုင်နေရပြီး လူမျိုးရေးအရခွဲခြားဆက်ဆံခံရခြင်းအပြင် အမျိုးသမီး လစဥ်သုံး ပစ္စည်းများမရရှိ၍ ထဘီအစုပ်များကို လစဥ်သုံးအဖြစ်အသုံးပြုနေရသည့်အတွက် အမျိုးသမီးတစ်ချို့ အဖြူဆင်းမှုဖြစ်ပေါ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင် ဝေဒနာများ ခံစားနေရကြောင်း ၎င်မှဆက်ပြောသည်။

“မနက်က မိုးချုပ်တဲ့ထိ ကြမ်းတိုက်ရတယ်၊ ရေပုံးဆွဲရတယ်၊ အနားမယူရဘူး၊တန်းစီတဲ့အချိန်ဆိုရင်လည်း ဆောင့်ကြောင့်ထိုင်ပြီး ​ထိုင်စောင့်ရတယ်၊ ဆဲဆိုတယ် ၊အဆိုးဆုံးက လူမျိုးရေးအရ မခံနိုင်အောင်ဆဲဆိုနေပါတယ်၊ ကျမတို့ လစဥ်သုံးအမျိုးသမီးပစ္စည်းတွေလည်း မရဘူး၊ အကုန်လုံးရုံးခန်းထဲမှာ သော့ခတ်ထားပါတယ်၊ သွားတောင်းရင်လည်း ဆဲဆိုနေတဲ့အတွက် ကျမတို့ကမတောင်းရဲတော့ပါဘူး၊ ထမီစုပ်တွေကို ဆုပ်ဖြဲပြီး လစဥ်သုံးပစ္စည်းအဖြစ်သုံးနေရပါတယ်၊ ထဘီစုပ်သုံးလို့ အဖြူဆင်းပြီး နေမကောင်းဖြစ်တဲ့အမျိုးသမီးတွေရှိပါတယ်၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုရာခံစားနေရတဲ့သူတွေရှိပါတယ်” ဟု ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်နည်တရားသူကြီးချုပ်သည် ထောင်သားများနှင့်တွေ့ဆုံရန် လာရောက်ခဲ့သော်လည်း ၎င်းရောက်စဥ်အတွင်း ထောင်တာဝန်ရှိသူများက အမျိုးသမီးများ၏ လိုအပ်ချက်များကို တင်ပြခြင်း မရှိခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အမျိုးသမီးများက ICRC ကို လာတွေ့စေချင်ကြောင်းနှင့် ထောင်ထဲတွင် ကောင်းမွန်စွာ နေလျက်နှင့် နေ့တိုင်းအဆဲခံနေရမှုများစွာရှိနေသည်ကို အထက်လူကြီးများသိအောင် တင်ပြပေးစေချင်ကြောင်း အမည်ဖော်လိုသည့် ထောင်တွင်း အမျိုးသမီးက ပြောသည်။

“ကျမတို့ ICRC ကိုလည်းလာစေချင်ပါတယ်၊ ဒါပေမယ့်ကျမတို့ ဘာမှ ပြောရဲကြမှာမဟုတ်ဘူး၊ သူတို့ပြန်သွားရင် ကျမတို့ကို အဆောင်တာဝန်ခံတွေ​ကကောင်းကောင်းကြိတ်မှာပါ ၊ အခုအခြေအနေထက်ဆိုးသွားမှာ၊ တရားသူကြီးချုပ်လာတဲ့နေ့ကလည်း ဟိုရတယ်၊ ဒီရတယ် ဖြေကြတယ်ဘာမှ ပွင့်ပွင့်လင်းလင်းမပြောကြဘူး၊ ကျမတို့က ကိုယ့်အပြစ်ကိုခံနေတာပါ၊ ထောင်ထဲမှာ ကောင်းကောင်းနေပေမယ့် နေ့တိုင်းအချိန်မပြတ်အဆဲခံနေရတယ်၊ အခုလိုအဆဲခံနေရတာတွေကို အထက်လူကြီးတွေသိအောင် သတင်းကနေဖော်ပြပေးဖို့ တောင်းဆိုပါတယ် ” ဟုပြောသည်။

သံတွဲအကျဥ်းထောင်တွင်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများစွာ ရှိနေကြောင်း ယခင်က AB News က ဖော်ပြခဲ့ပြီးဖြစ်သည်။

ထို့အပြင် အကျဥ်းထောင်အတွင်း ထောင်ဝန်ထမ်းများသည် လာဒ်ပေးလာဒ်ယူများရှိသည့်အပြင် WY ဆေးပြားများအား အကျဥ်သားများအား ရောင်းချကာ စီးပွားရေးလုပ်လျက်ရှိကြောင်း စုံစမ်းထောက်လှမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ