Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ မြို့ အဝင်အထွက်ဂိတ်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထား

ရခိုင်ပြည် စစ်တွေမြို့ မြို့အဝင်အထွက်ဂိတ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်နေ့ နေ့လည် ၁၂နာရီကတည်းက စတင်ပိတ်ဆို့ထားတာဖြစ်ပြီ ယနေ့နိုဝင်ဘာ ၁၁ရက်နေ့အထိ ထပ်မံပိတ်ဆိုထားကြောင်း သိရ သည်။

နိုဝင်ဘာ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းတလျောက်တွင်ရှိသော ဆားပြင်ကြီး ၊ ပဒေသာ၊ အိုင်ဒင်၊ ဇိုက်ပင်ရင်းအစရှိသောကျေးရွာများ အပေါ်သို့ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပျံဝဲ ပစ်ခတ်ခဲ့သလို မြေပြင်မှလည်း ပုဏ္ဏားကျွန်းမြို့ ၅၅၀တပ်၊ စစ်တွေပါဒလိတ်တပ်နှင့် ကွမ်းတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်းစီတပ်များက လက်နက်ကြီးများဖြင့်တရစပ် ပစ်ခတ်ခဲ့ကာ စစ်တွေမြို့ ဝင်ဂိတ်ကိုလည်းပိတ်ဆိုးထားခြင်းဖြစ်သည်။

မြို့ဝင်ဂိတ်ကို ၁ဝ ရက်နေ့ ညနေ ၅နာရီခန့်က တစ်နာရီခန့်လောက်ဖွင့်ပေးခဲ့ပြီး ယနေ့၁၁ရက်နေ့တွင် မနက်ကတည်းက ထပ်မံ ပိတ်ဆိုးထားသည် ဟုသိရှိရသည်။

“မြို့အဝင် အထွက်ဂိတ်ကို ပိတ်ထားတော့ ခရီးသည်များ စစ်တွေတွင်နေရပ်မပြန်နိုင်ဘဲ ခရီးသွားပြည်သူတွေအကုန် စစ်တွေမှာ ပိတ်မိနေတယ်”ဟု အမည်မဖော်လိုသူ ခရီးသည်တစ်ဦးက ABNကိုပြောဆိုသည်။

စစ်ကောင်စီက မြေပြင်နှင့်ဝေဟင်မှ အဆက်မပြတ် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လူ ဆင်အင်းကြီးရွာမှ ၁၀ ဦးထက်မနည်းသေဆုံးကာ ယခုလိုမျိုး မြို့အဝင်အထွက်ဂိတ်များကိုပါ ထပ်မံပိတ်ဆိုထားသဖြင့် ပြည်သူများခရီးသွားလာရခက်ခဲ့နေကြသည်။

ယနေ့ မနက် ၈ နာရီ ကျော်ခန့်မျှ စတင်ပြီး စစ်ကောင်စီ တပ်မှ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်လျက် ရှိနေကြာင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ