Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ မူဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီး ၆၀ နီးပါး အဓမ္မပြုကျင့်ခံခဲ့ရသည့် အထဲတွင် အရွယ်မရောက်သေးသူများနှင့် မသန်စွမ်းသူများလည်း ပါဝင်နေ

စစ်တွေ မူဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီး ၆၀ နီးပါး အဓမ္မပြုကျင့်ခံခဲ့ရသည့် အထဲတွင် အရွယ်မရောက်သေးသူများနှင့် မသန်စွမ်းသူများလည်း ပါဝင်နေ

ABN-ရှိုင်းမိုး

ရခိုင်ပြည် စစ်တွေမြို့ ဖွဲ့ရာကုန်းဒုက္ခသည် စခန်းထဲမှ စစ်ဘေးရှောင် ( မူဆလင် ) အမျိုးသမီး ၆၀ နီးပါး အဓမ္မပြုကျင့်ခံခဲရကြောင်း ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

အဓမ္မပြုကျင့်သူမှ ဖွဲ့ရာကုန်း ဒုက္ခသည်စခန်းတာဝန်ခံဖြစ်သူ ဦးအိုစမန်ဂိုနီဖြစ်ပြီး ၎င်းကို လက်ရှိတွင် စစ်တွေထောင်ချုပ်တွင် ဖမ်းဆီးထားသည်မှာ ၂လကျော်ကြာနေပြီဖြစ်ကြောင်း သိရသည်။

ထိုအဓမ္မပြုကျင့်ခံခဲ့ရသူများထဲမှ အမျိုးသမီး ၈ဦးက ဝန်ခံထားပြီး တခြားအမျိုးသမီးများမှာ အိုစမန်ဂိုနီ၏ အစ်ကိုဖြစ်သူ ဦးမောင်မောင်သန်း ကိုကြောက်၍ ဝန်မခံရဲကြကြောင်း တက်ကြွလှုပ်ရှားသူများ ပြောကြားချက်အရ သိရသည်။

ထိုအဓမ္မပြုကျင့်ခံသူများထဲမှ ဝန်ခံသည့် အမျိုးသမီး ၈ဦးကို ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက် ၉နာရီခန့်က စစ်တွေမြို့ ခရိုင်ရဲတပ်ဖွဲ့မှ ခေါ်ယူကာ စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့သည်။

ဖွဲ့ရာကုန်းဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ ဦးအိုစမန်ဂိုနီသည် ဒုက္ခသည်စခန်းများကို ဝင်ရောက်ပြီး အဓမ္မပြုကျင့်ခဲ့ရာတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များလည်းပါဝင်ပြီး မသန်းစွမ်းအမျိုးသမီးများပါ ပါဝင်ကြောင်း ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ‌ဒေါ်ညိုအေးက ABNကို ပြောသည်။

“သူ အဓမ္မပြုကျင့်တာ အမျိုးသမီး ၆၀နီးပါးလောက်ရှိတယ်၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်းပါတယ် အင်္ဂါပျက်စီးသွားတဲ့ အမျိုးသမီးတွေလည်းပါတယ်၊ အဲဒီအထဲက ၈ဦးသာဝန်ခံတယ်၊ တခြားသူတွေက ဝန်မခံရဲကြ၊ သူတို့ဝန်မခံရဲတာ တာဝန်ခံ အိုစမန်ဂိုနီရဲ့ အကို ကြောင့် လည်းပါတယ်၊ သူက ပိုက်ဆံရှိတော့ အမျိုးသမီးတွေကို ခြိမ်ခြောက်တယ်၊ အဓမ္မ ပြုကျင့်ခံရသူရဲ့ အမျိုးသားတွေကိုလည်း အပြစ်မရှိ အပြစ်ရှာပြီး ရဲတွေကိုဖမ်းခိုင်းပြီး ၇ရက် တစ်ပတ်ခန့်အကြာ ချုပ်ထားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဓမ္မမှု ပြုကျင့်ခံခဲ့ရကြောင်း ဝန်ခံထားသည့် အမျိုးသမီး ၈ဦးက အိုစမန်ဂိုနီကို အမှုဖွင့်ရန် ပြင်ဆင်နေကြောင်း ဒေါ်ညိုအေးက ဆက်ပြောသည်။

မူဆလင် ဒုက္ခသည်များမှာ ၂၀၁၂ ဘာသာရေးပဋိပက္ခအပြီး နေအိမ်များ မီးလောင်၍ မွတ်စလင် လူတစ်သိန်းနီးပါးနေရပ်စွန့်ခွာရကာ စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း ၃၀ ခန့်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြရခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ