Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ မင်းဂံအကွက် ၁၃ တွင် ၁၂အရွယ် ကလေးငယ် တစ်ဦး အရိုက်ခံထားရသည့် ဒဏ်ရာဖြင့်တွေ့ရှိ

ABN-ရှိုင်းမိုး

ရခိုင်ပြည် စစ်တွေမြို့ မင်းဂံအကွက် ၁၃ တွင် ယနေ့ ၆နာရီ ၁၅မိနစ်အချိန်ခန့်က ၁၂အရွယ် ကလေးငယ်တစ်ဦးကို အရိုက်ခံထားရသည့် ဒဏ်ရာဖြင့်တွေ့ရှိခဲ့ကြောင်း ‌ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တဆင့်သိရသည်။

အရိုက်ခံထားရသော ကလေးငယ်သည် စစ်တွေမြို့ မင်းဂံ အကွက် ၁၅နောက်တန်းမှ အသက် ၁၂အရွယ် မသန္တာဝင်းဖြစ်သည်။

ထိုကလေးငယ်သည် မတ်လ ၁၅ရက်နေ့ ညည့် ၁၀နာရီခန့်အချိန်တွင် အိမ်မှထွက်သွားပြီး ယနေ့ နံနက် ၆နာရီ‌ကျော်အချိန်က မျက်နှာတွင် လက်သီးဖြင့်ထိုးထားသည်ဟုယူဆရသည့် ညိုမဲစွဲ ဒဏ်ရာဖြင့်တွေ့သည်ဟုသိရသည်။

“ကလေးက မနေ့က ၁၀ နာရီကျော်က နေအိမ်ကထွက်သွားတယ်၊ အိမ်ကိုပြန်မရောက်ဘူး၊ ဒီနေ့ ၆နာရီလောက်မှာပြန်တွေ့တယ်၊ ကလေးမျက်နှာမှာ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ညိုမဲနေတာကိုတွေ့တယ်၊ အခုတော့ သူရဲ့ အမေနှင့်အဆက်သွယ်ရထားပါပြီးဟု “ ရွှေရောင်မေတ္တာမှသိရသည်။

ထိုကဆလးငယ်ကို မင်းဂံအကွက် ၁၃ ရထားသံလမ်းအောက်တွင် အဝတ်ဗလာ ဒဏ်ရာများဖြင့် လဲနေသည်ကိုတွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းက ပြောသည်။

လက်ရှိတွင် ထိုကလေးငယ်အား စစ်တွေဆေးရုံတွင် ဆေးကူသမှုခံယူရန် ပို့ထားကြောင်း သိရသည်။

မတ်လ ၁၅ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံအကွက် ၇တွင် လူလတ်ပိုင်အရွယ်တစ်ဦး အရိုက်ခံထားရသော ဒဏ်ရာဖြင့်တွေ့ရှိသည်။

စစ်တွေ မင်းဂံအကွက် ၁၃ တွင် ၁၂အရွယ် ကလေးငယ် တစ်ဦး အရိုက်ခံထားရသည့် ဒဏ်ရာဖြင့်တွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ