Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ မင်းဂံရပ်ကွက်တွင် ဒဏ်ရာများဖြင့် သတိမေ့လျှက်တွေ့ရှိသည့် ကလေးငယ်မှာ သက်ငယ်မုဒိန်းမှုဖြစ်နိုင်ဟုယူဆ၊ သံသယတရားခံ ၃ဦးကို ဖမ်းဆီးထား

ABN-ရှိုင်းမိုး

စစ်တွေမြို့ မင်းဂံရပ်ကွက် ရထားလမ်းအနီးတွင် ယနေ့ နံနက် ၆နာရီကျော်အချိန်ခန့်က ၃တန်း ကျောင်းသူတစ်ဦးကို သတိမေ့လျှက် အဝတ်ဗလာဖြင့် တွေ့ရှိခဲ့ပြီး ကလေးငယ်မှာ သက်ငယ်မုဒိန်းမှုဟုယူဆကြပြီး၊ သံသယရှိသူ တရားခံ ၃ဦးကို ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီးထားကြောင်း သိရသည်။

ထိုကလေးငယ်သည် မတ္လ ၁၅ရက်နေ့ ညည့် ၁၀နာရီကျော်အချိန်က အိမ်မှထွက်သွားပြီး၊ ယနေ့ နံနက် ၆နာရီကျော်အချိန်တွင် ခေါင်းပေါ်မှသွေးများထွက်ပြီး၊ မျက်နှာတွင်လည်း လက်သီးဖြင့်ထိုးထားသောကြောင်း ညိုမဲနေသောဒဏ်ရာများဖြင့် သတိမေ့လျက် အဝတ်ဗလာဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အဝတ်ဗလာဖြင့်တွေ့ပြီး၊ ကလေးငယ်၏ အင်္ဂါစတွင်လည်း ရောင်ရမ်းနေသောကြောင့် ကလေးငယ်သည် မုဒိန်းကျင့်ခံထားရသည့် ပုံပေါ်ကြောင်း မင်းဂံရပ်ကွက်မှ ယာယီမှူးထွန်းလှဖြူက ABN ကို ပြောသည်။

“ကလေးက အမျိုးအိမ်မှာသွားအိပ်ပါတယ်၊ အိမ်မှာအိပ်လေ့သိပ်မရှိပါဘူး၊ မနေ့ကလည်း သူ့ကိုအမျိုးအိမ်မှာ သွားအိပ်တယ်ထင်လို့လိုက်မရှာကြဘူး၊ မနက်ကျတော့ သူ့ကို ရထားလမ်းအနီးမှာ တွေ့ပါတယ်၊ အဝတ်လည်းမရှိတော့ဘူး၊ အဝတ်တွေအားလုံးက ဘေးနားတွေမှာ၊ ခေါင်းမှာလည်းသွေးတွေထွက်နေတယ်၊ ဘေးနားမှာ သွေးတွေလည်းတွေ့တယ်၊ မျက်နှာကိုလည်း လက်သီးနှင့် ထိုးထားတာထင်တယ်၊ ညိုမဲနေတယ်၊ သူရဲ့ အင်္ဂါစလည်း ရောင်ရမ်းနေတယ်၊ ကြည့်ရတာ မုဒိန်းကျင့်ခံထားရတဲ့ပုံပါပဲ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်တွေမြို့ အမှတ် ( ၁ ) ရဲစခန်းမှ သံသယရှိသူ ၃ဦးကို ဖမ်းဆီးထားသည်ဟုသိရသည်။

ဖမ်းဆီးခံထားရသူ ၃ဦးမှာ အသက် ၁၅နှစ် အရွယ် ၁ဦး အသက် ၂၀ကျော်အရွယ် ၁ဦး နှင့် အသက် ၃၀ကျော်အရွယ် ၁ တို့ဖြစ်ကြောင်းသိရသည်။

ထို ၃ဦးမွာ စစ်တွေမြို့မင်းဂံ အကွက် ၁၅ကဖြစ်ကြောင်း သိရသည်။

ကလေးငယ်မှာ လက်ရှိအချိန်ထိ သတိမရသေးကြောင်းနှင့် ဒဏ်ရာပြင်းထန်သောကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အခြေအနေတွင် ရှိသည်ဟု ရပ်ကွက် ယာယီအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

အခုလက်ရှိမှာတော့ သံသယတရား ၃ဦးကို အမှတ် ၁ရဲစခန်းကဖမ်းဆီးသွားပါတယ်၊ တျခားပါ မပါဆိုတာကို ကလေးငယ်သတိရမှသိရမယ်၊ ကလေးငယ်မှာ အခုထိ မသေချာသေးဘူး၊ သူ့အသက်ကိုတောင်စိုးရိမ်ရတယ်၊ ဟု ဆက်ပြောသည်။

ကလေးငယ် မိသားစုသည်ဆင်းရဲသောကြောင့် ဆေးကုသရန် ရပ်ကွက်မှ အလှူကောက်ခံနေရကြောင်း ပြောသည်။

လက်ရှိတွင် ကလေးငယ်၏ ဆေးစစ်ချက်အဖြေမသိကို မသိရသေးပေ။

မှုခင်းဆိုင်ရာ အသေးစိတ်မချက်အလက်များကို မေးမြန်း အတည်ပြုနိုင်ရန် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းကို ABN က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံ ​ဖြေကြားခြင်းမရှိပေ။

စစ်တွေ မင်းဂံရပ်ကွက်တွင် ဒဏ်ရာများဖြင့် သတိမေ့လျှက်တွေ့ရှိသည့် ကလေးငယ်မှာ သက်ငယ်မုဒိန်းမှုဖြစ်နိုင်ဟုယူဆ၊ သံသယတရားခံ ၃ဦးကို ဖမ်းဆီးထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ