Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ဗန္ဓုလ ခွဆုံတွင် စကစ ထောက်ပို့ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးလာသူ ၁၁ တန်းကျောင်သား ပွဲချင်းပြီးသေဆုံးခဲ့သည်ကို နှုတ်ပိတ်ထား

စစ်တွေ ဗန္ဓုလ ခွဆုံတွင် စကစ ထောက်ပို့ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးလာသူ ၁၁ တန်းကျောင်သား ပွဲချင်းပြီးသေဆုံးခဲ့သည်ကို နှုတ်ပိတ်ထား

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ဗန္ဓုလခွဆုံတွင် ဧပြီလ ၆ ရက်နေ့ က စကစ ထောက်ပို့ကားနှင့် ဆိုင်ကယ်တို့တိုက်မိခဲ့ကြသောကြောင့် ဆိုင်ကယ် ၃ ပိုင်းကျိုးသွားကာ ၁၁ တန်းကျောင်းသား လူငယ်ပါသေဆုံးခဲ့သည်ကို စကစက နှုတ်ပိတ်ထားခဲ့ကြောင်းသိရသည်။

ကားတိုက်ခံခဲ့ရသူသည် ကျောင်းသား တစ်ဦးဖြစ်ပြီး အမည်မှာ မောင်ဘုဘုဖြစ်သည်။ ၎င်းမှာ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွပ်ရှိ ၎င်း၏အဒေါ်အိမ်တွင် နေထိုင်ပြီး ၁၁ တန်းဖြေဆိုထားကြောင်းသိရသည်။

၎င်းမှာ စစ်တွေမှ ရေချမ်းပြင်သို့ မွန်းလွဲ ၁၂နာရီတွင် ဆိုင်ကယ်ဖြင့်သွားခဲ့ရာ ဗန္ဓုလခွဆုံဖက်မှ စကစ ထောက်ပို့ကားက အရှိန်းပြင်းစွာမောင်နှင်လာခဲ့ရာ၌ ရှေ့ဆိုင်တိုက်မိခဲ့ပြီး ဆိုင်ကယ်စီးလာသူ ကျောင်းသားမှာ ခေါင်းကွဲသွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ၁ ဦးက ABN သို့ သတင်းပေးပို့ခဲ့သည်။

“ဧပြီလ ၆ ရက်နေ့မှာပါ၊ စစ်တွေကနေ ရေချမ်းပြင်သို့ ဆိုင်ကယ်နဲ့တစ်ယောက်သွားတယ်၊ စကစ ထောက်ပို့ကားက လကျယ်ခွဆုံ (ဗန္ဓုလခွဆုံ) ကနေ တအားမောင်းထွက်လာတယ်၊ တစ်ခါတည်းတိုက်ပလိုက်တယ်၊ လူကခေါင်းကွဲလို့ပွဲချင်းပြီးသေဆုံးသွားတယ်၊ ဆိုင်ကယ်ကတော့ ၃ပိုင်းကျိုးသွားတယ်” ဟု ဆိုသည်။

ဖြစ်ဖြစ်ချင်း မော်တော်ပီကေ ၃ ပွင့်နှင့် ၁ဦး ၂ ပွင့်နှင့် ၁ဦး သည်စကစ ၏ထောက်ပို့ရုံးသို့ဝင်သွားခဲ့ကြောင်းသိရသည်။

သေဆုံးသွားခဲ့သည့်သူ၏ဆွေမျိုးတော်စပ်သူ အမျိုးသမီး ၂ ဦးသည် အပင်အောက်တွင် ငိုနေချိန်တွင် စကစမှ တပ်သားများ သူတို့ကို ၎င်းတို့စခန်းသို့ခေါ်ယူသွားခဲ့ကြောင်း ဆက်၍ပြောသည်။

“အမျိုးသမီး ၂ ယောက်ရောက်လာတယ်၊ မောင်ချေ မောင်ချေလို့ အပင်အောက်မှာ အော်ပြီးငိုကြတယ်၊ ၊ အဘိုအိုးတစ်ယောက်ရောက်လာတယ်၊ ငါ့သားဘယ်မှာလဲလို့ဆိုပြီး ပြေးသွားတယ်၊ စကစတပ်သားတွေက ခေါ်ယူပြီး ၎င်းတို့စခန်းသို့ခေါ်သွားတယ်” ဟု ဆိုသည်။

၎င်း ၃ ခွဆုံးလမ်းတွင် လူသူပြတ်လပ်၍ စစ်တပ်နယ်မြေဖြစ်သည့်အတွက် ဤကိစ္စကိုလူအနည်းငယ်သာသိနိုင်ကြောင်း ဒေသခံများထံကသိရသည်။

ကျိုးပဲ့သွားသည့်ဆိုင်ကယ်ကို မော်တော်ပီကေ ၁ ယောက်က ထော်လာဂျီဖြင့်တင်သွားခဲ့ပြီး သေဆုံးသွားသည့်အလောင်းကိုမည်သူ မျှကြည့်ခွင့် မပေးလိုသည့်အတွက် စစ်သား ဦးရေ ၃၀ ခန့်ကလက်နက်အင်အားအပြည့်ဖြင့် ပြည်သူများကို နှင်ထုတ်ခဲ့ကြောင်း ပြောသည်။

“ဆိုင်ကယ်ကိုမော်တော်ပီကေ ၁ယောက်က ထော်လာဂျီနဲ့တင်သွားတယ်၊ သေတဲ့လူကိုတော့ ဘယ်သူ့ကိုမှကြည့်ခွင့်မပြုဘူး၊ စစ်သား ၃၀ လောက်က လက်နက်ခဲယမ်းအပြည့်နဲ့နေရာယူထားတယ်၊ အနားကပ်လာတဲ့သူကို နှင်ထုတ်တယ်” ဟု ဆိုသည်။

ဆိုင်ကယ်က သတ်မှတ်ထားသည့်လမ်းအတိုင်းသွားခဲ့သည်ဟု မျက်မြင်သက်သေများပြောကြားချက်အရသိရသည်။

လူနာကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကားဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ကားသံတိတ်၍ပို့ဆောင်သွားခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ABN သို့ပြောသည်။

“လူနာကိုကျတော့ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကားနဲ့တင်ပါတယ်၊ ပြီးတော့ အသံမဖွင့်ပဲ ဖြည်းဖြည်းသွားတယ်၊ အမှန်ဆိုရင် လူနာပါရင် အသံဖွင့်ပြီးဆေးရုံကိုသွားရမယ်” ဟုဆိုသည်။

၎င်းကိစ္စ နှင့်ပတ်သတ်၍ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသို့ ABN မှ ဖုန်း ၄ ကြိမ်ထိခေါ်ဆို၍ အတည်ပြုနိုင်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။

ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ စာရေးမ ရုံးတွင်မရှိဟု ပြောသောကြောင့် အဖြစ်စုံကို မေးမြန်းရန် မရနိုင်ခဲ့ပါ။

ထိုကျောင်းသား၏ မိဘများသည် စစ်တွေမြို့ ဗန္ဓုလ ခွဆုံလမ်းရှိ စကစ ခလရ တပ်ရင်း ၂၀ တွင်နေကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ