Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမ ယနေ့ မနက်ထိ ပိတ်နေဆဲ၊ ကားအစီးရေ ရာချီပိတ်မိနေ

စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမတွင် စစ်ရေး တင်းမာနေမှုကို အကြောင်းပြပြီး စစ်ကောင်စီတပ်မှ အဝေးပြေးလမ်းမကို ယနေ့ မနက် ၉ နာရီကျော်အချိန်ထိ ပိတ်ထားဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုလမ်းမှာ စစ်ကောင်စီတပ်မှ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ကတည်းက စပြီး စစ်တွေမြို့ အဝင် အထွက် ဂိတ်မှ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းအထိ ပိတ်ထားဆဲ ဖြစ်သည်။

ထိုသို့ ကားလမ်းကို ပိတ်ထားခြင်းကြောင့် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းတွင် ကားအစီးရေ ရာချီ ပိတ်မိလျက်ရှိနေသည်။

စစ်တွေမြို့တွင်လည်း စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်ကာ ကုန်ဈေးနှုန်း တဟုန်ထိုး ထိုးတက်လျက်ရှိကြောင်း စစ်တွေမြို့ခံ တစ်ဦးက ABN ကိုပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ