Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ-ပုဏ္ဏားကျွန်းကြား ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ ရိုင်းစိုင်းကြမ်းတမ်းစွာ စစ်ဆေးမှုများ လုပ်နေ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အခြေချတပ်စွဲထားသည့် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အရပ်သားပြည်သူများ ခရီးသွားလာနေခြင်းကို ရိုင်းစိုင်းစွာ စုံစမ်းရှာဖွယ်စစ်ဆေးလျက်ရှိသည်ဟုသိရသည်။

စစ်တွေ – ပုဏ္ဏားကျွန်းကြား အဝေးပြေး ကားလမ်းမပေါ်ရှိ ကျောက်တန်းစစ်ဆးရေးဂိတ်မှ စစ်ကောင်စီ တပ်သားတစ်ဦးသည် ၄ ပေခန့်အရှည် သံတုတ်ကိုင်ကာ အိန္ဒိယနိုင်ငံထုတ် ၃ ဘီးဖြင့် စီးလာသည့် အရပ်သားတစ်ဦးအား အော်ငေါက်ခြိမ်းခြောက်ပြီး စစ်ဆေးမေးမြန်းနေသည်ကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေက တွေ့ ရှိခဲ့သည် ဟု မျက်မြင်တစ်ဦးကပြောသည်။

“သူ(စစ်ကောင်စီတပ်သား)က ၄လောက်ရှိတဲ့ သံတုတ်ကိုင်လို့ထွက်လာတယ်၊ ပြီးတော့ သုံးဘီနဲ့လာတဲ့သူဆီတန်းသွားပြီး ဘာတွေပါတာလဲ၊ ဖွင့်စမ်းလို့ပြောတယ်၊ သုံးဘီးသမားက အရက်ဖာ ၂ ဖာဘဲပါတာပါလို့ ဖြေသံကြားလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်မှ အထိုင်ချ စစ်ဆေးနေသည့် ကျောက်တန်းဂိတ်တွင် ယခင်က စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို သံတုတ်ကိုင်က ခြိမ်းခြောက်စစ်ဆေးမှုများပြုလုပ်လေ့ မရှိကြောင်း နောက်ထပ် ပုဏ္ဏားကျွန်းနယ်မှ ရွာသားတစ်ဦးကပြောသည်။

“အရင်ကဆိုရင် သူတိုက စစ်တော့စစ်တယ်၊ အဲလောက်ထိ စိုးရိမ်စရာမလိုဘူး၊ ဒီလောက်ထိလည်း မကြမ်းပါဘူး၊ ဒီတိုင်း ရိုးရိုးပဲ စစ်တာပါ၊ အခုကျမှ ဘာကြောင့် အခုလို စစ်ဆေးလာတာလဲ သူတို့က ဒီလိုမျိုးတွေ လုပ်လာတော့ ခရီသည်တွေအတွက် ပိုအနှောင့်အယှက် ဖြစ်စေတာပေါ့” ဟု ဆိုသည်။

ထို့အပြင် ခရီးသည်များတွင် ပါလာသည့် ပစ္စည်းထုတ်များကိုလည်း ဖောက်ဖွင့်ကြည့်ခြင်း၊ ကြမ်းတမ်းစွာ ကိုင်တွယ်ဖောက်စစ်ခြင်းကြောင့် ပစ္စည်းများ ပျက်စီးမှုများ မကြာခဏ ကြုံတွေ့ရကြောင်း သုံးဘီးအငှားမောင်းသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို စစ်ကောင်စီတပ်ဂိတ်များက စစ်ဆေးမှုကြမ်းတမ်းလာမှုကြောင့် ဒေသခံ ခရီသွားပြည်သူများမှာ ကုန်ပစ္စည်းများ သယ်ယူရန်ကိုပင်လျှင် မဝံ့ရဲကြတော့ကြောင်း ကြားသိရသည်။

ထို့အပြင် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် သာမက ရခိုင်ပြည်အနှံ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမေးမြန်းမှုများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာနေပြီး စစ်ဆေးချိန်မှာလည်း ယခင်ကထက် အချိန်ပိုကြာမြင့်လာသည့်အပြင် မြို့နယ်အချို့တွင် စစ်ကောင်စီတပ်မှ ရေကြောင်းခရီသွားများကိုပါ စောင့်ကြည့်စစ်ဆေးမှုများ ပိုမိုလုပ်လာနေကြောင်း တွေ့ရှိရသည်။

စစ်တွေ-ပုဏ္ဏားကျွန်းကြား ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ ရိုင်းစိုင်းကြမ်းတမ်းစွာ စစ်ဆေးမှုများ လုပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ