Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ပါဒလိတ် တပ်ရင်းမှ ပစ်ခတ်သောလက်နက်ကြီးကျည် ပုဏ္ဏားကျွန်းမြို့နယ် ရွာ ၂ ရွာ အနီးသို့ ကျရောက်ပေါက်ကွဲ၊ ထိခိုက်ပျက်စီးမှုမရှိဟု သိရ

AB News – ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ရက္ခိုင်ပြည် စစ်တွေမြို့အခြေစိုက် ပါဒလိတ် ၃၄၄ တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ပုဏ္ဏားကျွန်း မြို့ နယ် ဒီပါရုံရွာ၏ လယ်ကွင်းတစ်ခုနှင့် ကွမ်းတောင်ရွာပြင်အနီးတွင် ကျရောက်ပေါက်ကွဲသွားခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စကစ အဖွဲ့ သည် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၁ နာရီ ၂ မိနစ်မှ ၅၈ မိနစ်ထိ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ဒီပါရုံရွာ၏ ဦးဦးရွှေသိန်းလယ် ကွင်းထဲတွင် ၁လုံး နှင့် ကွမ်းတောင်ရွာအနီးတွင် ၁ လုံးကျရောက်ပေါက်ကွဲ သွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

လယ်ကွင်းထဲတွင် ကျရောက်ပေါက်ကွဲသွားသည့်အတွက် ရွာသူ/ရွာသားများ စိုးရိမ်ထိတ်လန့်သွားခဲ့ကြောင်း ဒီပါရုံ ရွာခံသားတစ်ဦးက AB News သို့ပြောသည်။

“လယ်ကွင်းထဲမှာ ကျပါတယ် ရွာနဲ့ သိပ်မဝေးပါဘူး၊ ရွာသားတွေလည်း ထိတ်လန့်သွားကြတယ်” ဟု ဆိုသည်။

တစ်ခြား လက်နက်ကြီး ၃ လုံးမှ ၁ လုံးသည် ရေဖြူကန်ရွာဖက် အနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲ သွားခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိတွင် အကြမ်းဖက် စကစ အဖွဲ့ သည် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများဖက်သို့ ဦးတည်ပစ်ခတ်နေ၍ ဒေသခံအချို့မှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စကစ အဖွဲ့တို့သည် ပြည်သူများအား အစုလိုက် အပြုံလိုက်သတ်ရန် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်လာရသည်။

ထို့အပြင် ရက္ခိုင်တွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသည်မှာ ရက်ပေါင်း ၃၀ ကြာမြင့်နေပြီဖြစ်ပြီး ပြည်သူများ စားနက်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သည့် ဒဏ်ကို ခံစားရကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ