Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ပစ်ခတ်မှုအတွင်း ALP ဒုဥက္ကဌအပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်တွေ ပစ်ခတ်မှုအတွင်း ALP ဒုဥက္ကဌအပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ABN-ဇူလိုင် ၁ ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ နေ့လည် ၁၂ နာရီ ၂၀ ဝန်းကျင်ခန့်က စစ်တွေ တက္ကသိုလ်အနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒုဥက္ကဌအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး တပ်သားအဆင့်ရှိသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဥ်မှာ ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၂၀ ခန့်က စစ်တွေ တက္ကသိုလ်ရှေ့ မင်းဂံလမ်းဆုံတွင် အပြာရောင် အိမ်စီးကားပေါ်မှ လက်နက်ငယ်များဖြင့် ၁၅ ချက်ခန့် လက်နက်ငယ်များဖြင့် အစိမ်းရောင် အိမ်စီးကား နှင့်ဆိုင်ကယ်စီးလာသူ ၂ ALP အဖွဲ့အား ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပစ်ခတ်မှုအတွင်း ALP ပါတီမှ ပါတီဒုဥက္ကဌ ခိုင်နီအောင်၊ တပ်ရင်းမှူးအဆင့်ရှိသူ ခိုင်ကျော်မင်း နှင့် ယာဥ်မောင်း ခိုင်ကျော်နိုင်တို့ သေဆုံးခဲ့ပြီး တပ်သား အဆင့်ရှိသူ ၃ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ALPနှင့်ရင်းနှီးသူ ၁ ဦးက အတည်ပြု ပြောကြားသည်။

လက်ရှိအချိန်တွင် ပစ်ခတ်မှု ဖြစ်ခဲ့သည့် နေရာ၌ စစ်ကောင်စီတပ်က တင်းကြပ်စွာ လုံခြုံရေးများ ချထားသည့်အပြင် မင်းဂံရပ်ကွက်ရှိ ALP ပါတီ၏ ခေါင်းဆောင် စောမြရာဇာလင်း၏ နေအိမ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေး ယူထားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အလောင်းများကို စစ်တွေဆေးရုံသို့ အရေးပေါ်လူနာတင်ယာဥ်ဖြစ် တင်ယူသွားကြောင်း သိရသည်။

မည်သည့်အဖွဲ့က လုပ်ကြံ ပစ်သတ်သွားသည်ကိုမူ ABN က အတည်ပြုနိုင်ခြင်း မရှိသေးပါ။

(သတင်းဖြစ်စဥ် ဓာတ်ပုံအား မှတ်တမ်းတင် ရိုက်ကူးရန် မလွယ်ကူသည့်အတွက် ALP သင်တန်းဆင်းပွဲ ပုံဟောင်းအား အသုံးပြုထားခြင်းဖြစ်သည်။)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ