Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ပစ်ခတ်မှုကို ULA/AAလုပ်ကြံသည်ဟု ALP ထုတ်ပြန်ခြင်းမှာ အခြေမြစ်မရှိသည့် စွပ်စွဲချက်ဟု AA ပြောခွင့်ရ ဦးခိုင်သုခပြော

စစ်တွေ ပစ်ခတ်မှုကို ULA/AAလုပ်ကြံသည်ဟု ALP ထုတ်ပြန်ခြင်းမှာ အခြေမြစ်မရှိသည့် စွပ်စွဲချက်ဟု AA ပြောခွင့်ရ ဦးခိုင်သုခပြော

ABN-ရှိုင်းမိုး

ဇူလိုင် ၂ရက်

ရခိုင်ပြည် စစ်တွေတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ALP ဒုဥက္ကဌအပါဝင် တပ်ဖွဲ့ဝင် ၃ဦးကို AAလုပ်ကြံသည်ဟု ALPက ယနေ့ နေ့လည် ၂နာရီခန့်ကထုတ်ပြန်စွပ်စွဲခြင်းသည် အခြေမြစ်မရှိသည့် စွပ်စွဲချက်ဖြစ်ကြောင်း AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ယမန်နေ့က စစ်တွေ တက္ကသိုလ်အနီးတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုသည် ULA/AAနှင့် ပတ်သက်ခြင်းတစုံတရာမရှိကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

“ဒါဟာ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်တယ်။ အခုကိစ္စက ကျွန်နော်တို့ ULA/AAနှင့်ပတ်သတ်ခြင်း လုံးဝ ( လုံးဝ ) မရှိပါဘူး” ဟုပြောသည်။

ALP ပါတီအတွင်း အကွဲ အပြဲများ ရှိနေခြင်းများကြောင့် တစ်ဖက်နှင့် တစ်ဖက် မကျေနပ်မှုများကြောင့် ဖြစ်နိုင်ကြောင်းလည်း AA ပြောခွင့်ရက သုံးသပ်ပြောဆိုထားသည်။

“သူတို့ ALP ပါတီအတွင်းက အကွဲအပြဲတွေ၊ တစ်ဖက်နှင့် တစ်ဖက် မကျေနပ်မှုတွေကြောင့် ဒီလိုကိစ္စ ဖြစ်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်” ပြောသည်။

ထို့အပြင် ALP ပါတီဝင်များသည် စစ်တွေမြို့ထဲတွင် ပြည်သူများကိုမတရားဖမ်းဆီး နှိပ်စက် အနိုင်ကျင့်မှုများ၊ ပြန်ပေးဆွဲ ငွေညှစ်မှုများကို တောက်လျောက် ကျူးလွန်နေသည့်အတွက် စစ်တွေ ဒေသခံများကြားတွင် မကျေနပ်မှု များစွာ ကြားနေရပြီး၊ ထိုသို့လုပ်ရပ်များကြောင့် တစ်ဦးဦးက လက်တုန့်ပြန်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက သုံးသပ်ပြောဆိုထားသည်။

နောက်တစ်ခုကတော့ ALP အဖွဲ့ဝင်တွေဟာ စစ်တွေမြို့ထဲမှာ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက် အနိုင်ကျင့်မှုတွေ၊ ပြန်ပေးဆွဲ ငွေညှစ်မှုစတဲ့ ရာဇဝန်မှုတွေကို တောက်လျှောက် ကျူးလွန်နေတဲ့အတွက် စစ်တွေ ဒေသခံတွေ ကြားမှာလည်း မကျေနပ်မှုတွေ အများကြီး ရှိနေကြပါတယ်။ အဲဒါတွေကြောင့် တစ်ယောက်ယောက်က လက်တုန့်ပြန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ သုံးသပ်ပါတယ်” ဟုပြောသည်။

၂၀၂၂ ခုနှစ်က ALP ၏ စစ်ဦးစီးချုပ်နှင့်အဖွဲ့ ပစ်သတ်ခံရသည့်အမှုကို ရက္ခိုင့်တပ်တော်က လုပ်ကြံခြင်းဖြစ်ကြောင်း ALP က ထုတ်ပြန် စွပ်စွဲခဲ့ပြီး ရက္ခိုင့်တပ်တော် သူတို့၏ လက်ချက်မဟုတ်ကြောင်းနှင့် အခြေအမြစ်မရှိ စွပ်စွဲချက်သာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ