Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ တောကန်ရွာကို စစ်ကောင်စီက မီးရှိသည့်အပြင် လေဖြတ်နေသည့် သက်ကြီးပိုင်း ၂ ဦးကိုလည်း ပစ်သတ် မီးရှိ

စစ်တွေ တောကန်ရွာကို စစ်ကောင်စီက မီးရှိသည့်အပြင် လေဖြတ်နေသည့် သက်ကြီးပိုင်း ၂ ဦးကိုလည်း ပစ်သတ် မီးရှိ

ABN-ဇန်နဝါရီ ၁၆၊ ၂၀၂၄

ရက္ခိုင်ပြ ည် စစ်တွေမြိုအနီးတွင်ရှိသည့် တောကန်ရွာကို စစ်ကောင်စီအဖွဲက ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ရွာလုံးကျွတ် မီးရှိခဲ့သည့်အပြင် လေဖြတ်ထား၍ ပြေးမရောက်သည့် သက်ကြီးပိုင်း ၂ ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ် မီးရှိခဲ့ကြောင်း မျက်မြင်ရွာသားများ ပြောပြချက်အရ သိရသည်။

တောကန်ရွာကို စစ်ကောင်စီအဖွဲ အင်အား ၅၀ခန့် က ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်က ဝင်ရောက်မီးရှိခဲ့ခြင်းဖြစ်ပြီး ၊ ရွာသားများကိုလည်း ပစ္စည်းများကို မယူဘဲ နေအိမ်မှ ထွက်ကြရန် လက်နက်ဖြင့် ချိန်ရွယ် ခြိမ်းခြောက် နှင်ထုတ်ခဲ့ကြောင်း သိရသည်။

ရွာသားများအားလုံး နေအိမ်မှ ထွက်ခွာစဥ် လမ်းမလျှောက်နိုင်သည့် လေဖြတ် ထားသော သက်ကြီးပိုင်း ၂ ဦး အိမ်ထဲတွင်ကျန်နေခဲ့သည်။

ထိုကျန်ရှိနေသည့် သက်ကြီးပိုင်း ၂ ဦးမှာ ဦးကျော်စိန်မောင် အသက် ၇၀ နှစ်နှင့် ဒေါ်ရွှေသာနု အသက် ၇၄ နှစိတို ဖြစ်ကြကြောင်း ရွာသားများက ပြောသည်။

ထိုတောကန်ရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်း တစုံတရာမရှိဘဲ စစ်ကောင်စီအဖွဲက ရွာထဲညဝင်ရောက်မီးရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ