Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ဆတ်ရိုးကျတံတား အောက်တွင် စစ်ကောင်စီနေဗီမှ ဘုတ်၊ စက်လှေများကို ငွေတောင်းရန် စစ်ဆေးမှုလုပ်

စစ်ကောင်စီတပ်နေဗီမှ စစ်သားများသည် ယနေ့မနက်က စစ်တွေ ဆတ်ရိုးကျတံတားအောက်ရှိ ဘုတ်၊ စက်လှေများကို ငွေတောင်းရန်အတွက် စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဘုတ်သမားများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ နံနက် ၈ နာရီကျော်အချိန်တွင် ဆတ်ရိုးကျတံတားအောက်၌ စစ်ကောင်စီနေဗီမှ အထွက် အဝင် စက်လှေ၊ ဘုတ် များကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဘုတ်ပိုင်ရှင်နှင့် စက်လှေသမားများထံမှ အတင်းအဓမ္မ ငွေတောင်းယူခဲ့ကြောင်း ကိုယ်တိုင် ကြုံခဲ့ရသည့် ဘုတ်ပိုင်ရှင်တစ်ဦးက ABN ကိုပြောသည်။

“စက်လှေငယ်လေးတွေကိုလည်း သူတို့ပိုက်ဆံကောက်တယ်၊ တချို့ လှေတွေပေါ်မှာ ကျောက်တွေတင်လာရင်တောင် အနည်းဆုံး ၅၀၀၀ပေးရပါတယ်၊ မပေးရင်သွားခွင့်မပြုပါဘူး။ ကျနော်တို့ဆို ၂၀၀၀၀ ပေးခဲ့ရတယ်” ဟုဘုတ်ပိုင်ရှင်တစ်ဦးမှပြောသည်။

ရခိုင်တွင် မြန်မာစစ်တပ်ပိုင်နေဗီများသည် ဒေသခံပြည်သူများ ခရီးသွားလာနေသည့် ဘုတ်နှင့် စက်တပ်လှေများကို တားဆီးပြီး ငွေအတင်းတောင်းယူခြင်း၊ စားသောက်ကုန်ပစ္စည်းများကို ယူခြင်းများ အမြဲလိုလို ပြုလုပ်လေ့ရှိကြောင်း နောက်ထပ် လိုင်းဘုတ်ပိုင်ရှင်တစ်ဦးက ပြောသည်။

” ကျနော်တို့က အမြဲ ကြုံနေကျပါ။ ကင်းစောင့်နေဗီက ကျနော်တို့ကို ခေါ်စစ်တိုင်း ငွေတောင်းရင် ငွေပေးရတယ်။ ခရီးသည်တွေမှာပါတဲ့ စားသောက်ကို ပစ္စည်းတွေဆိုလည်း သူတို့လိုချင်ရင် ပေးပေး မပေးပေး ယူတာပါပဲ။ ကျနော်တို့မှ သူတို့အနားရောက်ရင် မခေါ်ပါစေနဲ့လို့ ဆုတောင်းနေရတာပါ” ဟုပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန်ကာလအတွင်းကလည်း ဆတ်ရိုးကျတံတားအောက်တွင် ရဲနှင့် စစ်သားတို့ပူးပေါင်းပြီး စစ်ဆေးမှု နေ့စဥ်ပြုလုပ်ခဲ့ကာ ကမ်းကပ်လာသည့် ဘုတ်နှင့် စက်လှေများထံမှ ငွေတောင်းယူမှုများရှိခဲ့ကြောင်း ABN ကစုံစမ်းသိရှိထားသည်။

နှစ်ဖက်တပ်တို့အကြား အပစ်ခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီဖက်မှ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်စသည့်မြို့တို့တွင် စစ်ဆေးမှု လမ်းသွား လမ်းလာများအား နေ့တိုင်းနီပါးပြုလုပ်လျက်ရှိနေသည်။

စစ်တွေ ဆတ်ရိုးကျတံတား အောက်တွင် စစ်ကောင်စီနေဗီမှ ဘုတ်၊ စက်လှေများကို ငွေတောင်းရန် စစ်ဆေးမှုလုပ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ