Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ စျေးကြီးတွင် လက်နက်ကြီးကျည်ထိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ ၃၁ ဦးထဲမှ ၇ ဦးကို ရန်ကုန်သို့ အရေးပေါ်ပို့ထားရ

စစ်တွေ စျေးကြီးတွင် လက်နက်ကြီးကျည်ထိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ ၃၁ ဦးထဲမှ ၇ ဦးကို ရန်ကုန်သို့ အရေးပေါ်ပို့ထားရ

AB News – ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့ မြို့မဈေးထဲတွင် လက်နက်ကြီးကျရောက်ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့သည့် ပြည်သူ ၃၁ ဦးထဲမှ ၇ ဦးကို ရန်ကုန် မင်္ဂလာဒုံဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တွေမြို့  ရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးနေရာတွင်သေဆုံးခဲ့ရကာ အပြင်းစား ဒဏ်ရာရသူ ၃၁ ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅ဝ နီးပါးအထိရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့ ညနေ ၄ နာရီ ၂ မိနစ်တွင် ထုတ်ပြန်လိုက်သည်။

​၎င်းထဲမှ ပြင်းထန်ဒဏ်ရာရရှိသူ ၇ ဦးအား ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် ဆေးကုသမှုခံယူရန်အတွက် လေကြောင်းဖြင့် အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

” ဒဏ်ရာရတဲ့သူတွေက အများကြီးပဲ၊၊ ဒဏ်ရာပြင်းထန်တဲ့ ၃၁ ယောက်ထဲက ၇ ယောက်ကို လေယာဥ်နဲ့ရန်ကုန်သို့ ပို့ပြီးဆေးကုသမှုခံထားရပါတယ် ” ဟု ဆိုသည်။

ကျန်ရှိသည့် ၂၄ ဦးမှာ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

ထို့အပြင် ဆေးရုံတွင် ဒဏ်ရာရသူများအား  မှတ်တမ်းဓာတ်ပုံရိုက်သူအချို့၏ ဖုန်းများကိုလည်း စစ်ကောင်စီက သိမ်းဆည်းထားကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ၎င်းတို့၏ စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက်  ရန်ကုန်သို့ ဆေးကုသရန်သွားသည့် ပြည်သူများကို မီဒီယာများနှင့်တွေ့လျှင် “အက်ဆီးဒင့် (မတော်တဆမှု) ဖြစ်ကြောင်း ပြောပြလေ” ဟု မှာကြားလိုက်ကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက စကစ လက်နက်ကြီးနဲ့ပစ်လို့ သေသွားတဲ့သူတွေရှိတယ်၊၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊၊ ဒါကို စကစတွေက ဖုံးဖိဖို့ကြိုးစားနေတာတွေ့ရတယ်။ ဘာလို့ဆိုတော့ ဒဏ်ရာရပြီး ရန်ကုန်ကို ဆေးကုသဖို့သွားတဲ့သူတွေကိုတောင် မီဒီယာတွေနဲ့တွေ့ရင် မပြောဖို့ပေါ့၊ အက်ဆီးဒင့်ဖြစ်သွားတယ်လို့ဖြေလို့ စကစတွေက မှာလိုက်တယ်” ဟု ဆိုသည်။

ထို့သို့ ပြည်သူလူထုကို အဓိကပစ်မှတ်ထားသော စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပေးနေသော အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမည်ဖြစ်ပြီး ရက္ခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်ကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက်နေသောသူများကို စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း AA ကဆိုထားသည်။

ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်းအား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် ဝိုင်းဝန်း ဆန့်ကျင်တားဆီးပေးကြပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ အာရက္ခပြည်သူလူထုများကိုယ်စား အလေးအနက် တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့ စစ်တွေမြို့မဈေးအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာမှုနှင့် ပတ်သက်၍ စစ်ကောင်စီက မည်သို့မျှ ထုတ်ဖော်ပြောကြားခြင်းမရှိသည်ကိုတွေ့ရသည်။

သို့သော်လည်း စစ်ကောင်စီ၏ အရာရှိကြီးများကိုယ်တိုင် ကြီးကြပ်ကွက်ကဲပြီး မဟုတ်မမှန် ဝါဒဖြန့် နေသည့် အွန်လိုင်းချန်နယ်များတွင်မူ ရက္ခိုင့်တပ်တော်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုရေးသားနေသည်ကို တွေ့ရသည်။

MassKilling #Genocide

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ