Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေအခြေစိုက် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်တောနယ်သို့ ကျရောက်ပေါက်ကွဲ၊ ပြည်သူ ၆ ဦး​ပြင်းထန်ဒဏ်ရာရ

စစ်တွေအခြေစိုက် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်တောနယ်သို့ ကျရောက်ပေါက်ကွဲ၊ ပြည်သူ ၆ ဦး​ပြင်းထန်ဒဏ်ရာရ

AB News – ဧပြီ ၂ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေအခြေစိုက်တပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ပေါက်တောနယ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၆ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ဧပြီလ ၁ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ပေါက်တောမြို့ဖက်သို့ လက်နက်ကြီး ၆ လုံးလှမ်းပစ်ခဲ့ပြီး ၄ လုံးမှာ မော်ထုတ်ကြီးရွာသို့ကျရောက်ပေါက်ကွဲကာ ရွာသား ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” စစ်တွေကနေ လက်နက်ကြီး ၆ လုံးပစ်ပါတယ်။ ၄ လုံးကရွာထဲမှာကျတယ်။ ကြိမ်ခွေမော်ရွာနဲ့ မော်ထုတ်ကြီးရွာကို ကျရောက်ပေါက်ကွဲတယ်။ အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၃ ယောက်က ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်လည်း ရှိနိုင်တယ်”ဟု ဆိုသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသူများမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ထို့အပြင် လက်နက်ကြီးကျည် ၂ လုံးမှာ ဓားကိုင်ရွာနှင့် မော်ထုတ်ကြီးရွာအကြားတွင် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သူများ၏ နာမည်များကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲ ဖော်ပြသွားမည် ဖြစ်သည်။

တချိန်တည်းတွင် ရက္ခိုင့်တပ်တော်က အမ်း-ပဒါန်းလမ်းကို အကန့်အသတ်မရှိပိတ်လိုက်ပြီဟု ထုတ်ပြန်ချက်ထုတ်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လက်ကြီးများဖြင့် နီးစပ်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ၁ နာရီခန့်ကြာ ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ