Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေအခြေစိုက်တပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ပေါက်တောနယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင်  ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

စစ်တွေအခြေစိုက်တပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ပေါက်တောနယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင်  ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

AB News – မတ်လ ၁၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေအခြေစိုက် တပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်တောမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင်  ၃ ဦးသေဆုံး သွားခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်၊ လက်ပံပြားရွာမှ အဖ ဦးအေးခင်မောင်၏သမီး အသက် ၄၁ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် ဒေါ်မသန်းဌေး၊  အဖ ဦးသာအောင်ဖြူ၏သား အသက် ၅၃နှစ် အရွယ် ဦးရွှေဝင်း နှင့် ၎င်း၏မြစ်ဖြစ်သူ အသက် ၅ နှစ်အရွယ် မခင်မျိုးနွယ် တို့ဖြစ်သည်။

ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦးမှာ ဦးလုံးလုံးချေ၏သား အသက် ၂၇ နှစ်အရွယ် ဦးသန်းလွင် နှင့် မနော်သီရီရွာမှ အဖ ဦးရွှေမောင်၏သမီး အသက် ၁၄ နှစ်အရွယ် မချစ်စုဖြစ်သည်။

စစ်တွေမြို့ အမှတ်အ ၁၂ ရဲတပ်ရင်းနှင့် နေဗီများမှ အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ယနေ့မတ်လ ၁၇ ရက်၊ နေ့လည် ၁ နာရီ ၅၀ မိနစ်တွင် ပေါက်တောမြို့ဖက်သို့ လက်နက်ကြီး ၂၀ ထက်မနည်း လှမ်းပစ်ခဲ့ရာ ၎င်းရွာ ၂ ရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲ ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“စစ်တွေဖက်က လှမ်းပစ်တာပါ။ အသံပဲကြားလိုက်ရပါတယ်။ ကျနော်တို့ရွာမှာ ၄ လုံးပေါက်ကွဲတယ်။   ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ လူ ၂ ယောက်သေသွားပါတယ်” ဟု ဆိုသည်။

အလားတူ တစ်ချိန်တည်းတွင် အကြမ်းဖက် စစ်ကောင်စီသည် မနော်သီရီရွာသို့ လက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ ထို့သို့ပစ်ခတ်မှုကြောင့် လက်နက်ကြီး ၄ လုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတပ်ရင်းမှလည်း ပေါက်တောမြို့နယ် သဲခုံကျေးရွာသို့ လက်နက်ကြီး ၁၁ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး လယ်ကွင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် နီးစပ်ရာဆေးရုံတို့တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

စစ်တွေအခြေစိုက်တပ်ရင်းများမှ စစ်ကောင်စီအဖွဲ့ဝင်များသည် လက်နက်ကြီးများဖြင့် ရပ်ရွာများသို့  နေ့စဥ်ရက်ဆက် ပစ်ခတ်လျက်ရှိသည်။

ယနေ့ မတ်လ ၁၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီက မြောက်ဦးမြို့ကိုဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁၁ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ တပတ်အတွင်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ ကြည်း၊ရေလေ တိုက်ခိုက်မှုကြောင့် ရက္ခိုင်ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၄၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ