Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်သား ၂ဦးလွတ်ရက်စေ့၍ လွတ်မြောက်လာ

စစ်တွေအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်သား ၂ဦးလွတ်ရက်စေ့၍ လွတ်မြောက်လာ

ABN- ရှိုင်းမိုး

ယနေ့ စစ်တွေ အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၂ဦး လွတ်ရက်စေ့၍ လွတ်မြောက်လာသည်ဟုသိရသည်။

လွတ်မြောက်လာသော အကျဥ်သား ၂ဦးမှာ ကိုမောင်မောင်ချေနှင့် ကို‌ဝေယံစိုးတို့ဖြစ်ကြသည်။

ထို ၂ဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်း သံချောင်းရွာမှ ကိုဝေယံစိုးနှင့် ကိုမောင်မောင်ချေမှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ဖြစ်သည်။

ထို ၂ဦးသည် ၂၀၂၂ ခုနှစ် ဇွန်လ ၆ရက်နေ့က ကျောက်တော်မြို့စစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်ခုတွင် AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီးဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့်တရားစွဲ ထောင်ချ ခံခဲ့ရသူများဖြစ်ကြသည်။

“ဒီနေ့လွတ်‌လာကြပါတယ်၊ ၃နှစ်လောက်ကျဖို့ထင်ပါတယ်၊၂၀၂၂ ခုနှစ်ကဖမ်းဆီးခံခဲ့ရတာပါ၊ အခုလွတ်မြောက်လာလို့ မိသားစုတွေလိုက်သွားကြတယ်၊ အခုပြန်လာနေကြပါပြီ၊ လွတ်ရက်စေ့လိုလွတ်မြောက်လာတာပါ” ဟု သံချောင်းအုပ်ချုပ်ရေးမှူးကပြောသည်။

ကိုမောင်မောင်ချေနှင့် ကိုဝေယံစိုးတို့သည် အသက် ၂၀ကျော်အရွယ် လူငယ်များဖြစ်ကြသည်။

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဥ်းသားများအား လွတ်ပေးမှုရှိနေသော်လည်း ရခိုင်က နိုင်ကျဥ်းများကိုမူ လွတ်ပေးသည်ကိုမတွေ့ရပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ