Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေလေဆိပ်တွင် ဗုံးပေါက်ကွဲပြီး စကစ တပ်သား ၂ ဦးထက်မနည်း သေဆုံးသွား

စစ်တွေလေဆိပ်တွင် ဗုံးပေါက်ကွဲပြီး စကစ တပ်သား ၂ ဦးထက်မနည်း သေဆုံးသွား

AB News – ဇန်နဝါရီ ၁၆၊ ၂၀၂၄

ရက္ခိုင်ပြည် စစ်တွေမြိုရှိ ပြည်သူများအသုံးပြုနေသော စစ်တွေလေဆိပ်တွင် ဗုံးပေါက်ကွဲ ပြီး စကစ တပ်သား ၂ ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ဇန်နဝါရီလ ၁၅ ရက် ည ၈ နာရီကျော်တွင် အင်အား ၄၀ ကျော်ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီအဖွဲက စစ်တွေလေဆိပ်တွင် ကင်းလှည့်နေချိန် ဗုံးပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြောင်း မြိုခံတစ်ဦးက AB News သိုပြောသည်။

“သူတိုက သေနတ်တွေနဲ့ ကင်းလှည့်နေကြတယ်၊ လက်ထဲမှာကိုင်ထားတဲ့ ဗုံးတစ်လုံးက မြေကိုပြုတ်ကျသွားတော့ ပေါက်ကွဲသွားတယ်၊ ၃ ယောက်သေသွားတယ်” ဟု ဆိုသည်။

လက်ရှိမှာ ဗုံးပေါက်ကွဲသွားသည့်အတွက် အကြမ်းဖက် စစ်ကောင်စီအဖွဲက လေယာဥ်ကွင်းအနီးရှိ အိမ်များကို ဝင်ရောက်စစ်ဆေးလျက်ရှိသည့်အပြင် ဖုန်းများကိုလည်း လိုက်စစ်ဆေးနေကြောင်း သိရသည်။

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီအဖွဲသည် ရက္ခိုင့်တပ်တော်ဝင်ရောက် သိမ်းပိုက်မည်ကိုကြောက်လန့်နေသည့်အတွက် စစ်တွေလွှတ်တော်ထဲတွင် လက်နက်ကြီးများကို ရွှေ့ပြောင်းထားပြီး အင်အား ၆၀ ကျော်က ဧရိယာအတွင်း နေရာယူထားကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ အဖွဲသည် စစ်တွေမြိုပေါ်ရှိ ၃ ထပ်တိုက်မြင့်ပေါ်တွင် စနိုက်ဘာသမားများဖြင့် နေရာယူထားခြင်း၊ မြိုတွင်းအရေးပါသော အဝင်အထွက်ဂိတ်များကို ပိတ်ထားခြင်း၊ ဗဟိုလမ်းမများပေါ်တွင် အင်အားအများအပြား တပ်ဖြန့်ထားခြင်းကြောင့် စစ်တွေမြိုခံများလည်း စိုးရိမ်ထိတ်လန့်နေလျက်ရှိသည်။

စစ်တွေအခြေစိုက် တပ်ရင်းများက ရက္ခိုင်ပြည်သူများကို နေ့စဥ်ရက်ဆက်ဖမ်းဆီးခြင်းများပြုလုပ်ပြီး ငွေညှစ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ