Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမှ ပေါက်တောသို့ လက်နက်ကြီးပစ်ကူသည့် ပြောင်းကွဲပြီး စစ်ကောင်စီတပ်သား နောက်ထပ် ၄ ဦး သေဆုံး

စစ်တွေမှ ပေါက်တောသို့ လက်နက်ကြီးပစ်ကူသည့် ပြောင်းကွဲပြီး စစ်ကောင်စီတပ်သား နောက်ထပ် ၄ ဦး သေဆုံး

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြို့တော်စစ်တွေမှ ပေါက်တောသို့ လက်နက်ကြီး လှမ်းကူပစ်ပေးသည့် ပြောင်းကွဲသွားပြီး အာကျိတ်တော်ကုန်းရှိ စကစ ၁၂ တပ်ရင်းမှ စစ်ကောင်စီတပ်သား နောက်ထပ် ၄ ဦးသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

၎င်းတို့သည် လက်နက်ကြီးပစ်သည့် ပြောင်းကွဲသွားပြီး ထိခိုက်ဒဏ်ရာ ရရှိကာ စစ်တွေမြို့ ရေချမ်းပြင်သွားလမ်း စကစ ( တပ်နယ်) ကုတင် ၁၀၀ ဆေးရုံတွင် အရေးပေါ်ဆေး ကုသမှုခံယူခဲ့သော်လည်း ဆေးရုံ၌သေဆုံးသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး ပြောင်း မကြာခဏ ကွဲ၍ သေဆုံးမှုရှိသည့်အတွက် လက်နက်ကြီးပစ်ရန် မဝံ့မရဲဖြစ်နေကြကြောင်း စစ်တွေ မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

” ပြောင်းကွဲသွားလို့ သူတိို့တွေက ကြောက်နေကြတယ်၊ အမိန့်ပေးတဲ့သူဆိုလည်း ပေးပြီးတာနဲ့ တန်းပြေးတာပါ ” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသည် နိုဝင်ဘာ ၂၂ ရက်နေ့ည ၉ နာရီခန့်က ရက္ခိုင့်တပ်တော်ရှိရာ ပေါက်တောမြို့သို့ လက်နက်ကြီး လှမ်းပစ်ကူပေးရာမှ ပြောင်းကွဲသွားပြီး ၂ ဦးသေဆုံးသွားခဲ့သည်။

အရေးပေါ်ဆေးရုံတင်ထားရသည့် ကျန် ၂ ဦးသည်လည်း သေဆုံးမှု ရှိ/မရှိကို AB News ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ