Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမှ ကျောက်တော်၊ မြောက်ဦးသို့ ကားခအဆတန်ဈေးမြင့်တတ်နေပြီး၊ အသက်ကယ်အင်္ကျီများလည်း ဈေးမြင့်​တက်နေ

စစ်တွေမှ ကျောက်တော်၊ မြောက်ဦးသို့ ကားခအဆတန်ဈေးမြင့်တတ်နေပြီး၊ အသက်ကယ်အင်္ကျီများလည်း ဈေးမြင့်​တက်နေ

ABN-ရှိုင်းမိုး

စစ်တွေမှ မြောက်ဦး၊ ကျောက်တော်မြို့သို့ မုန်တိုင်းဘေးရှောင်များ သွားရာတွင် ကားသမားများမှာ ဈေးအဆမတန်တောင်းနေသည်ဟုသိရသည်။

စစ်တွေမှ ‌မြောက်ဦးသို့ မူလကားဈေးသည် ၁၅၀၀၀ ရှိပြီး၊ လက်ရှိဖြစ်ပေါ်နေသော စစ်တွေမှ မြောက်ဦးကားဈေးသည် ကျပ် ၅၀၀၀၀ ကျော်တောင်းနေသည်ဟုသိရသည်။

“ တချို့ကားသမတွေက သိပ်မတောင်းဘူး၊ ၂၀၀၀၀ သောင်းလောက်‌တောင်းတယ်၊ တချို့ကားသမားတွေက ၅၀၀၀၀ကနေ ၆၀၀၀၀ ထိတောင်းတယ်၊ ကျွန်မမနေ့က စစ်တွေကနေ့ မြောက်ဦးကိုကားခ ဘယ်လောက်လဲမေးတော့ ၅ သောင်းလို့ပြောပါတယ်၊ နောက်တစ်ကား မေးကြည်တော့ ၃ သောင်းတောင်းတယ်” ဟုမြောက်ဦးမြို့နယ် အောက်သကန်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

အသက်ကယ်အင်္ကျီများသည် ပုံမှန် ၁လုံးလျှင် ၁၅၀၀၀ ကျော် ၂၀၀၀၀ ကြားရှိပြီး၊ လက်ရှိတွင် ၁၅၀၀၀၀ နီးပါးရှိကြောင်းသိရသည်။ ၁၅၀၀၀၀နီးပါးရှိသော်လည်း လက်ရှိစစ်တွေမြို့တွင် ဝယ်မှုမရရှိနိုင်တောပေ။

“ အယင်ဈေးက ၁၅၀၀၀ကျော် ၂၀၀၀၀ ကြားရှိပါတယ်၊ မနေ့က ၁၅၀၀၀၀ခွဲကျော်ထိရှိတယ်လို့ပြောသံကြားပါတယ်၊ အခုတော့စစ်တွေမှာလည်း ဝယ်လို့မရတော့ပါဘူး၊ ဆိုင်တွေလည်းပိတ်ထားတယ်၊ ဖွင့်ထားတဲ့ဆိုင်တွေမှာလည်း ကုန်နေပြီလို သိရပါတယ်” ဟု ကိုခိုင်မင်းသျှင်ကပြောသည်။

လက်ရှိပေါက်တောမြို့တွင် အသက်ကယ်အင်္ကျီ ၁ ထည်ကိုကျပ် ၇၀၀၀၀မှ ၉၀၀၀၀ အကြားရှိသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ