Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ လကျယ်ခွဆုံအနီးက လက်နက်ကြီးအမြှောက်ပြောင်းကို ပွိုင့်ရေတပ်စခန်းသို့ စစ်ကောင်စီအဖွဲ့က ရွှေ့ပြောင်းထား

စစ်တွေမြို့ လကျယ်ခွဆုံအနီးက လက်နက်ကြီးအမြှောက်ပြောင်းကို ပွိုင့်ရေတပ်စခန်းသို့ စစ်ကောင်စီအဖွဲ့က ရွှေ့ပြောင်းထား

AB News – ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့လကျယ်ခွဆုံအနီးရှိ လက်နက်ကြီးအမြှောက်ပြောင်းကို ပွိုင့်ရေတပ်စခန်းသို့ စစ်ကောင်စီအဖွဲ့က ကား ၂ စီးဖြင့် ရွှေ့ပြောင်းထားကြောင်း AB News က စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ဖေဖော်ဝါရီလ ၂၆ရက်နေ့က  လကျယ်ခွဆုံအနီးရှိ တပ်ရင်းထဲဝင်သွားပြီး အမြှောက်ပြောင်းများကို ပွိုင့်ရေတပ်စခန်းသို့ ယူဆောင်သွားခဲ့ကြောင်း ​မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“လက်နက်ကြီးအမြှောက်တွေကို ​ပွိုင့်ရေတပ်စခန်းကိုရွှေ့ပြောင်းနေတယ်၊ အင်အားဖြည့်လာတာကိုလည်းတွေ့ရတယ်၊ မြို့ပတ်ပတ်လည်မှာလည်း ကင်းပုန်းဝတ်တာတွေ ရှိတယ်” ဟု ဆိုသည်။

စစ်တွေတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ညဥ့်အချိန်မတော်လက်နက်ငယ်များဖြင့် ပစ်ခတ်လျက်ရှိနေပြီး ဒေသခံများမှာ အပြင်သို့ပင် မထွက်ဝံ့ကြတော့ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား ခံတပ်အဖြစ် အခိုင်အမာ တည်ဆောက်နေပြီး၊ စစ်တွေမြို့ထဲရှိ ပြည်သူများကိုလည်း မြို့ပြင် မထွက်ရအောင် စစ်ဆေးရေးဂိတ် အတန်တန် ချထားကာ ပိတ်ဆို့ထားသည်။

ထို့အပြင် စစ်ကောင်စီသည် ရန်ကုန်မှ စစ်တွေသို့ လေကြောင်းဖြင့် ပြန်လာသည့် ပြည်သူများကိုလည်း လေဆိပ်တွင် ဖမ်းဆီးပြီး ပြန်လွှတ်ခြင်းမရှိသည့်အတွက် တိုက်ပွဲ ဖြစ်လာလျှင် ၎င်းတို့အား ဓားစာခံအဖြစ်အသုံးပြုသွားမည်ကို မိသားစုဝင်များ စိုးရိမ်လျက်ရှိသည့်အပြင် ယခင်က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားသူများကိုလည်း ဓားစာခံအဖြစ် စစ်ကောင်စီက အသုံးချမည်ကို စိုးရိမ်လျက်ရှိကြောင်းမြို့ခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့က ဘုတ်၊ စက်လေတွေမှ ဖမ်းဆီးထားတဲ့သူတွေအများကြီးရှိပါတယ်၊ အမှတ် ၁ ရဲစခန်းနဲ့ အမှတ် ၂ ရဲစခန်းထဲမှာထိန်းသိမ်းထားတယ်လို့ သိရပါတယ်၊ တကယ်လို့စစ်တွေမှာ တိုက်ပွဲဖြစ်လာရင်တော့ ဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ဓားစာခံလုပ်လာနိုင်ပါတယ်၊ ပေါက်တောလိုပေါ့နော်၊ ဒါကြောင့် သူတို့ရဲ့မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ လေယာဥ်နဲ့ လာတဲ့သူတွေကိုရော့ပဲ” ဟုဆိုသည်။

စစ်ကောင်စီသည် စစ်တွေမြို့တွင်းရှိ အမြင့်ဆုံးတိုက်ခန်းများကိုနေရာယူထားပြီး လက်ဖြောင့် စနိုက်ဘာသမားများဖြင့် အားဖြည့်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ