
ABN-ရှိုင်းမိုး
စစ်တွေမြို့ရွာကြီးမြောက်စျေးထဲ၌ ဆိုင်ခန်းတစ်ခန်းတွင် ယနေ့ နံနက် ၇နာရီကျော်အချိန်က လူသေအလောင်း ၁ လောင်းတွေ့ရှိကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။
သေဆုံးနေသောသူမှာ စစ်တွေအမြို့ အုန်းတစ်ပင်ရပ်ကွက်မှ အသက် ၃၈နှစ်အရွယ် ဦးအောင်မျိုးဆန်းဖြစ်ပြီး အလောင်းတွင် ဒဏ်ရာတွေ့ရှိခြင်းမရှိဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောသည်။
“ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်၊ လူသေအလောင်းတွေ့တယ်ဆိုပြီး၊ ဒီနေ့ မနက်ကသေနေတာ၊ ခန္ဓာကိုယ်မှာ ဒဏ်ရာလည်းမရှိပါဘူး၊ ဘာလို့သေသွားတာလဲမသိပါဘူး” ဟုရွှေရောင်မေတ္တာကပြောသည်။
လက်ရှိတွင် ထိုအလောင်းကို ရွှေရောင်မေတ္တာမှ ကားဖြင့်သယ်ဆောင်ကာ စစ်တွေမြို့ ရင်ခွဲရုံသို့ ပို့ထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၀နာ ရီကျော်အချိန်တွင်လည်း စစ်တွေမြို့ကန်တော်ကြီးကန်ဘောင်တွင် ဒဏ်ရာတစုံတစ်ရာမရှိဘဲ လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။
