Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ မင်းဂံအကွက် ၈မှ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးဠ

စစ်တွေမြို့ မင်းဂံအကွက် ၈မှ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးဠ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံအကွက် ၈တွင် ယမန်နေ့ ဩဂုတ်လ ၃၁တစ်ရက် လပြည့်နေ့က ၆တန်းကျောင်းသားတစ်ဦးရေနစ်သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသည့်၆တန်းကျောင်းသားမှာ စစ်တွေမြို့မင်းဂံအကွက် ၈မှ အဖဦးကျော်ဝင်းနိုင်၏သား အသက် ၁၃နှစ်အရွယ် မောင်နိုင်လင်းစိုးဖြစ်ကြောင်သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၃နာရီကျော်ခန့်က မောင်နိုင်လင်းစိုးမှာ အဖော်၂ဦးနှင့်အတူ စစ်တွေမြို့ မင်းဂံအကွက် ၈နှင့် ၉ကြား၌ရှိသော စိုက်ပျိုးခြံဝင်းအတွင်းရှိ ရေကန်တွင် ရေကူးရာ၌ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောသည်။

“သူတို့ ၃ယောက်က မနေ့က ကျောင်းပိတ်ရက်ဆိုတော့ရေသွားကူးကြတာပါ၊ သူရေနစ်နေတာက ၃နာရီကျော်အချိန်ကပါ။ အလောင်းကိုတွေ့တဲ့အချိန်ကတော့ ၄နာရီ အချိန်ကပါ” ဟုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀နေ့ကလည်း မင်းပြားမြို့နယ် ကြောင်းရှည်ချောင်းကျေးရွာမှ ၃တန်းသားတစ်ဦး ဘောလုံးကစားရာမှ မတော်တဆ ဘက်ဟိုးကျင်းထဲသို့ကျပြီး ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ရေနစ်သေဆုံးသူ ၁၉အထိရှိခဲ့သည်။

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ