Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်တွင် အမည်မသိ လူသေအလောင်း တစ်လောင်းတွေ့ရှိ

စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်တွင် အမည်မသိ လူသေအလောင်း တစ်လောင်းတွေ့ရှိ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၁ရက်

ရခိုင်ပြည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်တွင် ယနေ့ နံနက် ၉နာရီကျော်လောက်က ရေထဲ၌ အမည်မသိသေးသော အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိသည်ဟုသိရသည်။

ထိုအလောင်းကို ရေထဲတွင်တွေ့ရှိပြီး အလောင်းမှာ ၆ရက်နီးပါးကြာမြင့်နေပုံရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးစောမောင်ဦးက ပြောသည်။

“အလောင်းက ရေထဲမှာ ၆ရက်နီးပါးကြာနေပုံပါ၊ ဘယ်သူလဲဆိုတာမသိပါဘူး၊ အခုတော့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက စစ်တွေဆေးရုံးကြီးသို့ ယူသွားကြပါတယ်” ဟု၎င်းက​​

ပြော သည်။

ထိုရေထဲ၌ တွေ့ရှိသောသူမှာ အသက် ၃၀ ကျော်အရွယ်ဟုခန့်မှန်းပြီး မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးဟု ၎င်းအုပ်ချူပ်ရေးမှူးဟောင်းကဆက်ပြောသည်။

လက်ရှိတွင် ထိုအလောင်းကို စစ်တွေရင်ခွဲရုံသို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပို့ဆောင်လိုက်ကြောင်းသိရသည်။

စစ်တွေတွင် ဇူလိုင်လ ၂ရက်နေ့က ALP မှ အဖွဲ့ဝင် ၃ဦးပစ်သတ်ခံရပြီးနောက်ပိုင်း စစ်တွေတွင် လူငယ်များပျောက်ဆုံးနေသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ