
AB News-စက်တာဘာ ၁ ရက်
ရခိုင်ပြည် စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် သေဆုံးနေသည့် မွေးကင်းစ ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည်က တွေ့ရှိခဲ့ကြောင်း သိရသည်။
အလောင်းမှာ မိဘများက စွန့်ပစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြင်တွေ့သူများက ပြောသည်။
ထိုကလေးငယ်၏ ရုပ်အလောင်းကို အနောက်စံပြရပ်ကွက်၊ စစ်တွေဟိုတယ်အနီး သဲသောင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုကလေးငယ်၏ အနီးတွင် အမျိုးသမီး၏ ထမီထုတ် ၁ ထုတ်လည်းတွေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် ထိုကလေးရုပ်အလောင်းအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက သွားရောက် ယူနေကြောင်း ရွှေရောင်မေတ္တာက ပြောသည်။