(ဓာတ်ပုံသတင်း)
ABN-ရှိုင်းမိုး
ယနေ့ တပေါင်းလပြည့်နေ့ နေ့လယ် ၁နာရီအချိန်တွင် စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် သဲပုံစေတီတော်ပွဲကို ကျင်းပနေသည်။
ယခုကျင်းနေသော သဲပုံစေတီတော်ပွဲသည် နှစ်စဥ်နှစ်တိုင်းအစဥ်လာမပျက်ကျင်းပလေ့ရှိသည်ဟုသိရသည်။
ယခုနှစ်တွင် သဲပုံစေတီတော်ပွဲကို စစ်တွေမြို့အပါဝင် သံတွဲ၊ ငပလီကမ်းခြေနှင့် မောင်တောမြို့နယ်တို့တွင်လည်း ကျင်းပနေကြပြီဖြစ်သည်ဟုသိရသည်။